ကြေညာချက်များ
◼ မတ် တွင်ဝေငှရန်စာပေ– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! တစ်စောင်ချင်းစီ။ စိတ်ဝင်စားသူများအတွက် တောင်းဆို ဘရိုရှာကိုရရှိစေကာ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားပါ။ ဇွန်– ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း။ အိမ်တွင်းကျမ်းစာသင်အံမှုများစခြင်းအပေါ် အာရုံစိုက်ပါ။
◼ ဧပြီနှင့်မေလတွင် အရန်ရှေ့ဆောင်လုပ်လိုသောကြေညာသူများသည် ယခုပင်စီစဉ်ပြီး လျှောက်လွှာများကို စောစောတင်ထားသင့်သည်။ ဤသို့အားဖြင့် အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ကာ မဂ္ဂဇင်းနှင့် အခြားစာအုပ်စာတမ်းများ အလုံအလောက်ရှိရန် စီစဉ်ပေးနိုင်ပါမည်။ အရန်ရှေ့ဆောင်လုပ်ရန် ခွင့်ပြုချက်ရသူအားလုံး၏အမည်ကို အသင်းတော်အားကြေညာသင့်သည်။
◼ ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်အတွက် သင်တန်းအစီအစဉ်ပါရှိပါသည်။ သင်သည် ယင်းကို မိတ္တူကူးပြီး အလွယ်တကူကိုးကားကြည့်ရှုရန် သင့်ကိုယ်ပိုင်စာအုပ်တွင် ညှပ်ထားနိုင်သည်။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသောသူသည် အသင်းတော်စာရင်းအင်းများကို မတ်လ ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစောစာရင်းစစ်သင့်သည်။ ယင်းကိုပြုလုပ်ပြီးလျှင် အသင်းတော်အား ကြေညာပါ။
◼ သတိရအောက်မေ့ပွဲကို သက္ကရာဇ် ၂၀၀၀၊ ဧပြီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဖြစ်သည်။ သင့်အသင်းတော်သည် ပုံမှန်အားဖြင့် ဗုဒ္ဓဟူးနေ့တွင် အစည်းအဝေးများရှိမည်ဆိုလျှင် ယင်းတို့ကို နိုင်ငံတော်ခန်းမအားမည့် ထိုအပတ်၏အခြားနေ့တစ်နေ့သို့ ပြောင်းရန်ဖြစ်သည်။ ထိုသို့မဖြစ်နိုင်ဘဲ သင့်လုပ်ငန်းတော်စည်းဝေးကို ထိခိုက်မည်ဆိုလျှင် သင့်အသင်းတော်နှင့်အထူးသက်ဆိုင်သည့် အပိုင်းများကို နောက်လုပ်ငန်းတော်စည်းဝေးတွင် ပေါင်း၍လုပ်နိုင်သည်။