လုပ်ငန်းတော်စည်းဝေးအစီအစဉ်
မတ် ၁၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ကျွန်ုပ်တို့သည် သတင်း ကောင်း ကိုဟောပြောကြ။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ ဓမ္မအမှုတွင်ဝေငှသည့်အခါ အသိပညာ စာအုပ်မှ ကောက်နုတ်နိုင်သည့် အပြုသဘောဆောင်သော ကျမ်းဆိုင်ရာအချက်အလက်နမူနာများကိုဖော်ပြပါ။
၂၀ မိ– “သက္ကရာဇ် ၂၀၀၀ ဧပြီလကို အကောင်းတကာ့အကောင်းဆုံးလ ဖြစ်စေနိုင်မည်လော။” (အပိုဒ် ၁-၁၁) မေးဖြေဆွေးနွေးရန်။ အသင်းတော်၏ မကြာသေးမီကမှတ်တမ်းရှိ အများဆုံးအရန်ရှေ့ဆောင်အရေအတွက်ကို ဖော်ပြပါ။ ၎င်းတို့ထဲမှအချို့တို့အား ဓမ္မအမှုတွင် သူတို့တိုးမြှင့်ပါဝင်ခဲ့ခြင်းမှ ကိုယ်တိုင်ခံစားရသည့်အကျိုးများကို ပြောပြစေပါ။ ဧပြီလအတွင်း အရန်ရှေ့ဆောင်အမြင့်ဆုံးနှုန်းသစ်ကိုရရှိရန် လုပ်ဆောင်ကြဖို့ အသင်းတော်ကိုအားပေးပါ။ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၁၁၃-၁၄ တွင်ဖော်ပြထားသည့် အရည်အချင်းများကို သုံးသပ်ပါ။ အရန်ရှေ့ဆောင်လုပ်လိုသောကြေညာသူများသည် အစည်းအဝေးပြီးနောက် လျှောက်လွှာတစ်စောင်စီရယူနိုင်သည်။
သီချင်း ၁၈၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– “ငါဘာလုပ်နိုင်သလဲ။” စာအုပ်ကြီးသင်တန်းမှူးတစ်ဦးသည် ဆောင်းပါးကို ကြေညာသူတစ်ဦးနှစ်ဦးနှင့်ဆွေးနွေး။ အမျိုးမျိုးသောကန့်သတ်ချက်များကြောင့် မိမိတို့သည် အသင်းတော်လုပ်ငန်းတွင် အနည်းငယ်သာပါဝင်နိုင်သည်ဟူ၍ အချို့သော ကြေညာသူများခံစားရပေမည်။ အသင်းတော်ကိုခိုင်ခံ့မြဲမြံစေရန်နှင့် နိုင်ငံတော်လုပ်ငန်းကိုတိုးမြှင့်ရန် ကျွန်ုပ်တို့အားလုံး တန်ဖိုးရှိသောပါဝင်မှုတစ်ခုပြုလုပ်နိုင်သည့် နည်းများစွာအနက်မှအချို့ကို သုံးသပ်ပါ။ တစ်ဦးစီသည် မည်သို့ “အပြီးသတ်မှတ်တမ်းတွင်ပါဝင်” နိုင်ကြောင်းကို တင်ပြခြင်းဖြင့်နိဂုံးချုပ်ပါ။—ကျွန်ုပ်တို့၏ဓမ္မအမှု၊ စာမျက်နှာ ၁၀၈-၁၀ ရှု။
၂၀ မိ– “သက္ကရာဇ် ၂၀၀၀ ဧပြီလကို အကောင်းတကာ့အကောင်းဆုံးလ ဖြစ်စေနိုင်မည်လော။” (အပိုဒ် ၁၂-၁၈) မေးဖြေဆွေးနွေးရန်။ သတိရအောက်မေ့ပွဲသို့ ပုဂ္ဂိုလ်ရေးအရသိကျွမ်းသူတစ်ဦးအား ဖိတ်ခေါ်ပုံနှင့်စပ်လျဉ်း၍ တိုတုတ်သည့်သရုပ်ပြတစ်ခုကို ပါဝင်စေပါ။ “သက္ကရာဇ် ၂၀၀၀ ဧပြီလအတွက် သီအိုကရက်တစ်ပြက္ခဒိန်” ကိုသုံးသပ်ကာ ဒေသအလိုက်စီစဉ်ထားသည့် လုပ်ငန်းတော်အတွက်တွေ့ဆုံမှုများကို ဖော်ပြပါ။ အသင်းတော်မှ ၁၀၀ ရာခိုင်နှုန်းပါဝင်ဖို့ဟူသည့်ရည်ရွယ်ချက်ဖြင့် ဓမ္မအမှု၌ အတတ်နိုင်ဆုံးပါဝင်ရန်အတွက် လက်တွေ့ကျသောအချိန်ဇယားတစ်ခုကိုပြုလုပ်ကြဖို့ တစ်ဦးစီကိုနှိုးဆော်ပါ။ လုပ်ဆောင်နိုင်သူအားလုံး အရန်ရှေ့ဆောင်လုပ်ရန်နှင့် အစည်းအဝေးပြီးနောက် လျှောက်လွှာတစ်စောင်စီရယူကြရန် အားပေးပါ။
သီချင်း ၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ မတ်လလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် အားလုံးကိုနှိုးဆော်ပါ။ ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်ကြမည့်သူများ၏အမည်ကို ကြေညာပါ။ လျှောက်လွှာတင်ရန် နောက်မကျလွန်းသေးကြောင်း ရှင်းပြပါ။ လအတွက်ရေးဆွဲထားသည့် လယ်ကွင်းလုပ်ငန်းအတွက်တွေ့ဆုံမှုများ၏ဇယားတစ်ခုလုံးကို ဖော်ပြပါ။ ဧပြီလကို အစကောင်းစေရန် ဤရက်သတ္တပတ်အကုန်ပိုင်းတွင် ဓမ္မအမှု၌ပါဝင်ကြဖို့ ယောက်တိုင်းကိုအားပေးပါ။ လအတွင်း ကင်းမျှော်စင် နှင့် နိုးလော့! စာစောင်များကို ဝေငှမည်ဖြစ်သည်။ တင်ဆက်မှုများတွင် ထိရောက်စွာအသုံးပြုနိုင်သည့် နောက်ဆုံးထုတ်တစ်စောင်စီရှိ ဆောင်းပါးနှင့် သင့်လျော်သည့်အကြောင်းအရာတစ်ခုကို ပေါ်လွင်စေပါ။ ယောက်တိုင်းတွင် တောင်းဆို ဘရိုရှာတစ်စောင်စီရှိသင့်ကာ ယင်းကိုအသုံးပြု၍ စိတ်ဝင်စားသူများနှင့် ကျမ်းစာသင်အံမှုများစရန် ကြိုးစားပါ။
၁၃ မိ– “အကူအညီတောင်းခံပါ။” အကြီးအကဲတစ်ဦးဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့အားလုံးသည် အခါအားလျော်စွာ အကူအညီတစ်မျိုးမျိုးလိုအပ်ပုံကို ရှင်းပြပါ။ တစ်ဦးစီသည် မိမိဝန်ကိုထမ်းသင့်သည်မှာမှန်ပါသည်။ (ဂလ. ၆:၅) သို့ရာတွင် ကျွန်ုပ်တို့မဖြေရှင်းနိုင်သည့်အခါ ဝိညာဉ်ရေးရင့်ကျက်သော အသင်းတော်သားတစ်ဦးထံမှ အကူအညီတောင်းရန် မတွန့်ဆုတ်သင့်ပါ။ အခြားသူများက ကြင်နာစွာပေးသည့်အကူအညီသည် သူတို့ကို မည်သို့အားရှိစေခဲ့ကြောင်းတင်ပြသည့် တွေ့ကြုံမှုများကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၂ မိ– သက္ကရာဇ် ၂၀၀၀ နှစ်ချုပ်စာအုပ် ကို သုံးသပ်ပါ။ စာမျက်နှာ ၃၁ ရှိ “၁၉၉၉ စုစုပေါင်းအရေအတွက်များ” ၏ပေါ်လွင်ချက်များကို ပရိသတ်နှင့် ဆွေးနွေးသုံးသပ်ပါ။ ထို့နောက် စာမျက်နှာ ၃-၅ ရှိ “အုပ်ချုပ်ရေးအဖွဲ့မှစာ” ကိုဆွေးနွေးပါ။ အားပေးထားသည့်အတိုင်း မည်သို့လုပ်ဆောင်ကြမည်နှင့်စပ်လျဉ်း၍ အချို့သူတို့ထံမှ မှတ်ချက်များတောင်းပါ။
သီချင်း ၁၉၅ နှင့် နိဂုံးချုပ်ဆုတောင်းရန်။
ဧပြီ ၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် လယ်ကွင်းလုပ်ငန်းတွေ့ကြုံမှုများ။ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ရန် အခြားသူများကိုအားရှိစေမည့် ဒေသခံရပ်ကွက်မှ ရွေးချယ်ထားသည့် မကြာသေးမီကတွေ့ ကြုံမှုများကို အသုံးပြုပါ။
၁၇ မိ– “ဗျာဒိတ်ကျမ်း ကိုလေ့လာပါ။” မေးဖြေဆွေးနွေးရန်။ ဗျာဒိတ်ကျမ်းကိုလေ့လာခြင်းမှ အကျိုးရရှိနိုင်ပုံကို တိုတိုတုတ်တုတ်မှတ်ချက်ပေးပါ။ အသင်းတော်စာအုပ်ကြီးသင်တန်းကို မှန်မှန်တက်ရောက်ကြရန် အားလုံးကိုအားပေးပါ။
၁၈ မိ– ကြီးလေးသောအမှားပြုခြင်းကို ကျွန်ုပ်တိုင်ကြားသင့်သလော။ အကြီးအကဲတစ်ဦးသည် လူငယ်များကိုဦးတည်၍ အားတက်သရောဟောရန်။ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းတွင် ပြဿနာများစွာပေါ်ပေါက်ခဲ့ရာ လူငယ်များကို ထိခိုက်ခဲ့ပြီဖြစ်သည်– စာရိတ္တစံနှုန်းများကျဆင်းခြင်း၊ အကြမ်းဖက်မှုတိုးများလာခြင်း၊ မူးယစ်ဆေးစွဲခြင်းနှင့် အခွင့်အာဏာကို လေးစားမှုကင်းမဲ့ခြင်းတို့ဖြစ်သည်။ ဆယ်ကျော်သက်အချို့သည် နှစ်ဘဝစံပုံစံဖြင့် အသက်ရှင်ကာ သူတို့၏အကျင့်ပျက်မှုကို ဖုံးကွယ်ထားကြသည်။ ယင်းက အသင်းတော်တစ်ခုလုံး၏ ဝိညာဏကောင်းစားရေးကို အမှန်ပင်အန္တရာယ်ရှိစေသည်။ အချို့သူတို့သည် ကြီးလေးသောအမှားကိုပြုကာ ယင်းကို ဖုံးကွယ်ထားလိုကြသည်။ အသင်းတော်ရှိ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် ဘုရားသခင့်ပညတ်ကို အကြီးအကျယ်ချိုးဖောက်နေကြောင်း သင်သိလျှင် ဘာလုပ်သင့်သနည်း။ ဝတ်ပြုရာ ၅:၁ ပါမူ၏သက်ဆိုင်ပုံကို သုံးသပ်ပါ။ (က၉၇ ၈/၁၅ စ. ၂၇-၃၀) လူငယ်များအမေး စာအုပ်၊ ၆၈-၉ ကိုရည်ညွှန်း၍ ထိုသို့သောကိစ္စများတွင် လူတစ်ဦးလုပ်သင့်သည့်အရာကို ရှင်းပြပါ။
သီချင်း ၆၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။