ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၁ စာ. ၃-၅
  • အမှန်တရား ရှာပုံတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တရား ရှာပုံတော်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှန်တရားကို ရှာတွေ့နိုင်သလား
  • အမှန်တရားကို ရှာဖွေခြင်း
  • အမှန်တရား ဖော်ပြတဲ့ ထူးခြားတဲ့စာအုပ်
  • အမှန်တရား၏ဘုရားသခင်ကို တုပခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ‘အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • တိတ်တဆိတ်ချိန်းတွေ့ခြင်းသည် အဘယ်ကြောင့်မှားသနည်း
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၁ စာ. ၃-၅
စာအုပ်တွေ အပြည့်ရှိတဲ့ စာအုပ်စင်ကို အမျိုးသားတစ်ယောက် ကြည့်နေစဉ်

အမှန်တရား ရှာပုံတော်

အမှန်တရားကို သိတာက သေရေးရှင်ရေးကိစ္စ ဖြစ်တယ်။ ဥပမာ၊ ကူးစက်ရောဂါတွေ ဘယ်လို ပျံ့နှံ့သလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိတာက သင့်ဘဝအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။

အဲဒီမေးခွန်းရဲ့အဖြေကို မသိခဲ့ချိန်တုန်းက ကူးစက်မြန် ကပ်ရောဂါတွေကြောင့် သန်းနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ကြရတယ်။ နောက်ဆုံးတော့ သိပ္ပံပညာရှင်တွေ အဖြေ ရှာတွေ့သွားတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရတ် စတဲ့ ရောဂါပိုးတွေကြောင့် ဆိုတာ သူတို့ တွေ့ရှိခဲ့တယ်။ အဲဒီအမှန်တရားတစ်ခုကို ရှာတွေ့ခဲ့လို့ ရောဂါအမြောက်အမြားကို ကြိုတင်ကာကွယ်ဖို့၊ ကုသဖို့ အကူအညီ ဖြစ်စေခဲ့တယ်။ သန်းနဲ့ချီတဲ့လူတွေကို အသက်ပိုရှည်စေ၊ ပိုကျန်းမာစေတယ်။

အရေးကြီးတဲ့ တခြား မေးခွန်းတွေကော။ အောက်ပါမေးခွန်းတွေနဲ့ ပတ်သက်တဲ့ အမှန်တရားကို ရှာတွေ့တာက သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်မယ်လို့ ထင်သလဲ။

  • ဘုရားက ဘယ်သူလဲ။

  • ယေရှုခရစ်က ဘယ်သူလဲ။

  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

  • အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ။

သန်းနဲ့ချီတဲ့လူတွေဟာ အဲဒီမေးခွန်းတွေရဲ့ အဖြေကို ရှာတွေ့ခဲ့လို့ သူတို့ရဲ့ဘဝတွေ တိုးတက်ပြောင်းလဲလာတယ်။ သင်လည်း အဲဒီအဖြေတွေကနေ အကျိုးရနိုင်ပါတယ်။

အမှန်တရားကို ရှာတွေ့နိုင်သလား

‘အကြောင်းအရာတိုင်းရဲ့ အမှန်တရားကို ရှာတွေ့ဖို့ ဖြစ်နိုင်ပါ့မလား’ လို့ သင် တွေးမိပါလိမ့်မယ်။ အကြောင်းအရာများစွာနဲ့ ပတ်သက်တဲ့ အမှန်တရားကို ရှာတွေ့ဖို့ ပိုခက်ခဲလာပုံ ပေါက်နေတယ်။ ဘာကြောင့်လဲ။

လူများစွာဟာ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ မီဒီယာတွေ ပြောတာကို အယုံအကြည် မရှိကြတော့ဘူး။ ထင်မြင်ယူဆချက်လား၊ မှန်တစ်ဝက် မမှန်တစ်ဝက်လား၊ အလိမ်အညာတွေလားဆိုတာကို ခွဲခြားဖို့ ပိုခက်လာတယ်။ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် အယုံအကြည် မရှိကြတော့လို့၊ သတင်းအချက်အလက် အများစုကလည်း မမှန်တော့လို့ တကယ့်အမှန်တရားနဲ့ ပတ်သက်လို့လည်း သဘောထား ကွဲလွဲနေကြတယ်။

အဲဒီလို အခြေအနေတွေ ရှိပေမဲ့ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးဆုံး မေးခွန်းတွေရဲ့ အဖြေမှန်ကို ရှာတွေ့နိုင်ပါတယ်။ ဘယ်လို နည်းနဲ့လဲ။ နေ့စဉ်လုပ်နေတဲ့အတိုင်း လုပ်ခြင်းအားဖြင့်ပါပဲ။

အမှန်တရားကို ရှာဖွေခြင်း

ကျွန်တော်တို့ဟာ နေ့တိုင်း တစ်နည်းနည်းနဲ့ အမှန်တရားကို ရှာဖွေကြတယ်။ ဂျက်စီကာရဲ့ အခြေအနေကို သုံးသပ်ကြည့်ပါ။ “ကျွန်မသမီး မြေပဲနဲ့ ဓာတ်မတည့်ဘူး။ မြေပဲမှာပါတဲ့ဓာတ် နည်းနည်းလေးကတောင် သူ့အတွက် အသက်အန္တရာယ်ရှိတယ်” လို့ သူပြောပြတယ်။ ဂျက်စီကာဟာ သူ ဝယ်မယ့်အစားအစာက သမီးနဲ့ တည့်သလားဆိုတာ အရင်ကြည့်ရတယ်။ “ပထမအဆင့်က အစားအစာမှာ ပါဝင်တဲ့ပစ္စည်းတွေကို သေချာဖတ်တယ်။ ပြီးရင် ထပ်ဆင့် ရှာဖွေလေ့လာတယ်၊ မြေပဲဓာတ် မပါဘူးဆိုတာ သေချာအောင် စက်ရုံကို ဆက်သွယ်မေးမြန်းတယ်။ အဲဒီ အစားအသောက် ထုတ်လုပ်တဲ့ကုမ္ပဏီက စိတ်ချလို့ ရမရဆိုတာကိုလည်း လေ့လာတယ်။”

အဲဒီအမျိုးသားကပဲ စာအုပ်စင်ကနေ စာအုပ်တစ်အုပ် ရွေးလိုက်ပြီး အီလက်ထရောနစ် ကိရိယာမှာ ရှာတွေ့ထားတဲ့အချက်နဲ့ စာအုပ်ကို နှိုင်းယှဉ်ကြည့်နေစဉ်

နေ့စဉ် သင် ရှာဖွေနေတဲ့ မေးခွန်းတွေရဲ့ အဖြေဟာ ဂျက်စီကာရဲ့ အခြေအနေလောက် အရေးကြီးချင်မှ အရေးကြီးမယ်။ ဒါပေမဲ့ ဂျက်စီကာလိုပဲ သင်လည်း မေးခွန်းတွေရဲ့ အဖြေတွေကို ရှာတဲ့အခါ အောက်ပါနည်းတွေကို သုံးနိုင်ပါတယ်–

  • အချက်အလက်တွေ ရယူပါ။

  • ထပ်ဆင့် ရှာဖွေလေ့လာပါ။

  • ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ကနေ ရှာဖွေပါ။

ဒီနည်းတွေက ဘဝအတွက် အရေးကြီးတဲ့ မေးခွန်းတွေရဲ့ အဖြေမှန် ရှာတွေ့ဖို့ ကူညီပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

အမှန်တရား ဖော်ပြတဲ့ ထူးခြားတဲ့စာအုပ်

ဂျက်စီကာဟာ ကျမ်းစာအမှန်တရားကို ရှာတဲ့အခါမှာလည်း မြေပဲနဲ့ ဓာတ်မတည့်တဲ့ သမီးအတွက် ရှာဖွေလေ့လာတဲ့ နည်းကိုပဲ သုံးတယ်။ “ကျမ်းစာမှာပါတဲ့ အမှန်တရားကို ရှာတွေ့ဖို့ သေချာဖတ်ရှု၊ ဝီရိယရှိရှိ လေ့လာတာက အကူအညီဖြစ်ခဲ့တယ်” လို့ သူပြောတယ်။ ဂျက်စီကာလိုပဲ သန်းနဲ့ချီတဲ့ သူတွေဟာ အောက်ပါမေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားသလဲဆိုတာ သိရှိခဲ့ကြတယ်–

  • ကျွန်တော်တို့ ဘာကြောင့် ဒီကမ္ဘာပေါ်မှာ အသက်ရှင်နေကြသလဲ။

  • လူသေရင် ဘာဖြစ်သွားသလဲ။

  • ဘာကြောင့် ဆင်းရဲဒုက္ခတွေ ခံစားကြရသလဲ။

  • ဆင်းရဲဒုက္ခအားလုံး အဆုံးတိုင်ဖို့ ဘုရား ဘာလုပ်ပေးမလဲ။

  • ပျော်ရွှင်တဲ့မိသားစုဘဝ ဘယ်လို ရရှိနိုင်သလဲ။

အဲဒီအမျိုးသားကပဲ လက်ဆွဲကွန်ပျူတာ ဖွင့်လျက်သားနဲ့ ကျမ်းစာ ဖတ်နေစဉ်

ကျမ်းစာဖတ်ရှုခြင်း၊ အွန်လိုင်းက www.pr418.com မှာ ထပ်ဆင့်ရှာဖွေခြင်းအားဖြင့် အထက်ပါမေးခွန်းတွေနဲ့ တခြားမေးခွန်းတွေရဲ့ အဖြေမှန်ကို ရှာတွေ့နိုင်ပါတယ်။

ဒီ ကင်းမျှော်စင်မှာ အောက်ပါမေးခွန်းတွေကို လေ့လာဆန်းစစ်သွားပါမယ်–

  • ဘုရားက ဘယ်သူလဲ။

  • ယေရှုခရစ်က ဘယ်သူလဲ။

  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

  • အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ။

အမှန်တရားဖော်ပြတဲ့ ရင်းမြစ်အဖြစ် ကျမ်းစာကို ဘာကြောင့် ယုံကြည်စိတ်ချ နိုင်သလဲဆိုတာ အရင်ဆုံး လေ့လာကြည့် ရအောင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ