ကြေညာချက်များ
◼ ဇူလိုင်နှင့် ဩဂုတ် တွင်ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ! သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်] ဘရိုရှာများကို သင့်လျော်သလိုဝေငှနိုင်သည်။ စက်တင်ဘာ– အသက်—ဤတွင် မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! တစ်စောင်ချင်းစီ။ ပြန်လည်ပတ်မှုများ၌ စိတ်ဝင်စားမှုတွေ့လျှင် နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။
◼ တိုက်နယ်ကြီးကြပ်မှူးများသည် စက်တင်ဘာမှစ၍ “လူ့အုပ်ချုပ်ရေး—ချိန်ခွင်တင်ခံရ” ဟုခေါင်းစဉ်ရှိသည့် လူထုဟောပြောချက်ကိုဟောပါမည်။
◼ သင်သည် သဘာဝဘေးဒဏ်ကယ်ဆယ်ရေးအတွက် ငွေကြေးအကူအညီပေးလိုလျှင် ကယ်ဆယ်ရေးရန်ပုံငွေကို ယင်းအတွက်သီးသန့်ထားသည့် အသင်းမထံသို့ သင့်အလှူငွေများကိုပို့နိုင်သည်။ လိပ်စာမှာ ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းယားလမ်း၊ ရန်ကုန်၊ ၁၁၀၄၁ ဖြစ်သည်။ (ဒီဇင်ဘာ ၁၊ ၁၉၈၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၂ [လိပ်] ရှု။) အသင်းမက သို့မဟုတ် ကယ်ဆယ်ရေးကော်မတီက သတ်သတ်မှတ်မှတ်မတောင်းခံလျှင် အသင်းမသို့ သို့မဟုတ် ဘေးဒဏ်ကျရောက်သည့်ဒေသသို့ အဝတ်အထည်များ၊ စားနပ်ရိက္ခာများ သို့မဟုတ် ပစ္စည်းများကို ကျေးဇူးပြု၍မပို့ပါနှင့်။ ဤသို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းသည် အစီအစဉ်ကျနပြီး ပစ္စည်းများကို သင့်လျော်စွာခွဲဝေပေးဖို့ သေချာစေမည်ဖြစ်သည်။
◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–
ထာဝရအသက်ရစေသောအသိပညာ— မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ဟင်ဒီ၊ တယ်မီလ်၊ ဟားခါး
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်— မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ တယ်မီလ်
ဒံယေလပရောဖက်ပြုချက်ကိုအာရုံစိုက်လော့— အင်္ဂလိပ်
ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်— အင်္ဂလိပ်၊ လူရှိုင်း
ယေဟောဝါအားချီးမွမ်းကျူးဧခြင်း— မြန်မာ
“ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”— အင်္ဂလိပ်၊ မြန်မာ၊ ဟားခါး၊ ဟင်ဒီ၊ တယ်မီလ်၊ စကောကရင်
ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ— အင်္ဂလိပ်၊ မြန်မာ၊ ဟားခါး၊ ဟင်ဒီ၊ တယ်မီလ်၊ ကချင်
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော— အင်္ဂလိပ်၊ မြန်မာ၊ ဟင်ဒီ၊ တယ်မီလ်၊ စကောကရင်၊ နပါလီ
ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း— အင်္ဂလိပ်၊ မြန်မာ၊ ဟင်ဒီ၊ တယ်မီလ်
လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်— အင်္ဂလိပ်၊ မြန်မာ၊ ဟင်ဒီ၊ တယ်မီလ်၊ နပါလီ
ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း— အင်္ဂလိပ်၊ မြန်မာ၊ ဟားခါး၊ ကချင်၊ စကောကရင်၊ လီဆူး၊ ကူကီး၊ လားဟူ၊ ဇိုတုန်း၊ ဟင်ဒီ၊ တယ်မီလ်
ယေဟောဝါသက်သေများ—ကမ္ဘာတစ်ဝန်းတွင်စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော်ထမ်းရွက်ခြင်း— မြန်မာ
မိသားစုဘဝကိုမွေ့လျော်ခြင်း (ဝေစာနံပါတ် ၂၁)— စကောကရင်
ဤလောကဆက်လက်တည်ရှိမည်လော (ဝေစာနံပါတ် ၁၉)— မြန်မာ
လောကကို အမှန်တကယ်မည်သူအုပ်ချုပ်နေသနည်း (ဝေစာနံပါတ် ၂၂)— မြန်မာ
ဆင်းရဲဒုက္ခတစ်နေ့နေ့အဆုံးတိုင်မည်လော (ဝေစာနံပါတ် ၇၅)— တရုတ်