ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၀ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇူလိုင် ၁၀ တွင်စမည့်အပတ်
  • ဇူလိုင် ၁၇ တွင်စမည့်အပတ်
  • ဇူလိုင် ၂၄ တွင်စမည့်အပတ်
  • ဇူလိုင် ၃၁ တွင်စမည့်အပတ်
  • ဩဂုတ် ၇ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၇/၀၀ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇူလိုင် ၁၀ တွင်စမည့်အပတ်

သီချင်း ၇

၁၂ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏ မတ်လလယ်ကွင်းလုပ်ငန်းမှတ်တမ်းကို မှတ်ချက်ပေးပါ။ “နောက်ကျောစာမျက်နှာကိုကြည့်ပါ” ဟူသည့်လေးထောင့်ကွက်ကို ညွှန်ပြကာ ဒေသခံရပ်ကွက်တွင်ထိရောက်မှုရှိမည့် အကြံပြုတင်ဆက်မှုများမှ တစ်ခုကိုသရုပ်ပြပါ။

၁၅ မိ– ‘ငါတို့သည် မဟောမပြောဘဲမနေနိုင်။’ အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်ကို အလွန်အလေးထားရသည့် အကြောင်းရင်းများကို အလေးပေးတင်ပြပါ။ ဇန်နဝါရီ ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၃-၄ မှသက်ဆိုင်သောအချက်များကို ပါဝင်စေပါ။

၁၈ မိ– “ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှာ စီရင်ကြလော့။” ဆောင်းပါးကို အကြီးအကဲနှစ်ဦးဆွေးနွေးပါ။ တစ်ပိုဒ်စီနှင့် ညွှန်းထားသည့်ကျမ်းချက်များကို ဖတ်ပါ။ ပါဝင်ပတ်သက်သည့်မူများကို ပေါ်လွင်စေပါ။ စီးပွားရေးကိစ္စများကိုင်တွယ်သည့်အခါ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများပြုသည့်အခါ ပိုင်းခြားသိမြင်မှုလိုအပ်ကြောင်းကို အလေးပေးတင်ပြပါ။ မတ် ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၁၉၊ ၂၂ ပါအကြံပြုချက်ကို သုံးသပ်ပါ။

သီချင်း ၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၁၇ တွင်စမည့်အပတ်

သီချင်း ၂၃

၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ စိတ်ဝင်စားသူများအား ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို သိရန်နှင့်သုံးရန်လိုကြောင်းကို နားလည်ဖို့ကူညီပေးရန် မြင့်မြတ်သောနာမတော် ဘရိုရှာအသုံးပြုပုံကို အကျဉ်းချုံးရှင်းပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၂၅၀-၁ ရှု။

၁၀ မိ– “တိုက်နယ်စည်းဝေးအစီအစဉ်သစ်။” မေးဖြေဆွေးနွေးရန်။ လာမည့်တိုက်နယ်စည်းဝေး၏နေ့စွဲကို ကြေညာကာ နှစ်ရက်စလုံးတက်ရန် အားလုံးကိုတိုက်တွန်းပါ။ ကျမ်းစာသင်သားများကိုဖိတ်ခေါ်ရန် အထူးကြိုးစားကြဖို့ အားလုံးကိုအားပေးပါ။ အစည်းအဝေးတက်ခြင်းက အသင်းတော်နှင့် မှန်မှန်ပေါင်းသင်းလိုသောသူတို့၏ဆန္ဒကို လှုံ့ဆော်ပေးနိုင်သည်။

၂၀ မိ– မည်သူသည် သင့်စံနမူနာရှင်ဖြစ်သင့်သနည်း။ ဖခင်တစ်ဦးသည် ဆယ်ကျော်သက် ကလေးတစ်ဦးနှစ်ဦးနှင့် မိသားစုသင်အံမှုကိုကျင်းပသည်။ သူတို့သည် များသောအားဖြင့် အားကစားအကျော်အမော်များ၊ နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ တီဗွီအကျော်အမော်များနှင့် ဂီတပညာရှင်များအကြောင်းကို ပြောဆိုလေ့ရှိကြကြောင်း မကြာသေးမီက သူသတိပြုမိခဲ့သည်။ ဤနှစ်သက်စွဲလမ်းမှုမျိုးသည် လောကီစိတ်ဓာတ်တင်ပြမှုတစ်ခုဖြစ်သောကြောင့် စိုးရိမ်မကင်းဖြစ်ကြောင်း သူဖွင့်ဟပြောဆိုသည်။ သူတို့သည် မေ ၈၊ ၁၉၉၉၊ နိုးလော့!၊ စာမျက်နှာ ၁၂-၁၄ ကိုဆွေးနွေးကြသည်။ လူငယ်များသည် လောကီအကျော်အမော်များကို အကြည်ညိုပိုလွန်းခြင်းသည် အန္တရာယ်ရှိကြောင်းသိကာ လောကီထင်ပေါ်ကျော်ကြားမှုသည် ခရစ်ယာန်များအတွက် အချည်းနှီးဖြစ်ကြောင်း သဘောတူကြသည်။ သူတို့သည် မိဘများ၊ အကြီးအကဲများ၊ အသင်းတော်ရှိ အခြားစံထားအပ်သူများ—နှင့်အထူးသဖြင့် ယေရှုခရစ်—တို့ကို မိမိတို့၏စံနမူနာရှင်များအဖြစ် ရှုမြင်ခြင်း၏အကျိုးကျေးဇူးများကို သုံးသပ်ကြသည်။

သီချင်း ၃၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၂၄ တွင်စမည့်အပတ်

သီချင်း ၄၅

၅ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဘုရားသခင့်အမှုတော်ဆောင်များမှန်ကြောင်း ကိုယ်ကိုကိုယ်ထင်ရှားစွာပြခြင်း။ ဓမ္မအမှုထမ်းနှစ်ဦးသည် ဒီဇင်ဘာ ၁၅၊ ၁၉၉၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၀ တွင်ဖော်ပြထားသည့် ကျမ်းဆိုင်ရာသြဝါဒကို ဆွေးနွေးကြသည်။ သူတို့သည် ဓမ္မအမှုထမ်းများအနေနှင့် အရည်အချင်းကောင်းစွာပြည့်မီဖို့လိုကြောင်းနားလည်ကာ မိမိတို့၏တာဝန်များကို ကျေပွန်နေကြောင်းပြရန် သူတို့ကိုယ်တိုင်လုပ်နိုင်သည့်အရာများကို သုံးသပ်ကြသည်။ သူတို့သည် လယ်ကွင်းဓမ္မအမှုတွင် ပုံသက်သေကောင်းခြင်း၏အရေးကြီးမှုကို သဘောပေါက်ကာ အခြားသူတစ်ဦးစီကိုအကူအညီပေးရာတွင် အကြီးအကဲများအား အထောက်အကူပြုနိုင်သည့်နည်းများကို ဆွေးနွေးကြသည်။ အသင်းတော်အား အချိန်ကာလ၏အရေးကြီးမှုကိုနားလည်ကာ ဝိညာဉ်ရေးတိုးတက်ကြီးပွားလာရန် ကူညီပေးဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်လိုကြောင်း သူတို့သဘောတူကြသည်။

၁၀ မိ– ကျွန်ုပ်တို့မတွေ့ဆုံနိုင်သူများထံစာရေးခြင်း။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အိမ်တွင် လူတို့ကိုတွေ့ဖို့ ပိုခက်လာသောကြောင့် ကြေညာသူအချို့သည် စာရေးခြင်းဖြင့် ရလဒ်ကောင်းများရရှိကြသည်။ ဤလမ်းညွှန်ချက်များကို သုံးသပ်ပါ။ စာများသည် တိုတိုတုတ်တုတ်ဖြစ်ပြီး ကျမ်းစာကိုအခြေခံကာ လေးစားမှုရှိသင့်သည်။ အမည်မပါသည့်စာများကို မပို့ပါနှင့်။ သပ်သပ်ရပ်ရပ်နှင့် ရှင်းလင်းပီသစွာရေးပါ သို့မဟုတ် လက်နှိပ်စက်ဖြင့်ရိုက်ပါ။ တက်ရောက်ရန်ဖိတ်ခေါ်ချက်တစ်ခုနှင့်အတူ နိုင်ငံတော်ခန်းမလိပ်စာနှင့် အသင်းတော်စည်းဝေးအချိန်များကို ဖော်ပြပါ။ ကျေးဇူးပြု၍ အသင်းမ၏လိပ်စာကို မသုံးပါနှင့်။ ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၈၃-၄ နှင့် နိုဝင်ဘာ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာတွင် ပေးထားသည့်အကြံပြုချက်များကို သုံးသပ်ပါ။

၁၅ မိ– ထိရောက်သောနိဒါန်းများကိုသုံးပါ။ ကျိုးကြောင်းဆင်ခြင် စာအုပ် စာမျက်နှာ ၉-၁၅ မှနိဒါန်းနှစ်ခုသုံးခုကိုရွေးကာ ဒေသခံရပ်ကွက်တွင် ယင်းတို့ကို ထိရောက်စွာအသုံးပြုနိုင်ပုံကို ဆွေးနွေးပါ။ “လမ်းပေါ်၊ အလွတ်သဘော သို့မဟုတ် အခြားနည်းဖြင့်တွေ့ရသူတစ်စုံတစ်ဦးအား ချဉ်းကပ်သည့်အခါ အဘယ်နိဒါန်းများကို သင်အသုံးပြုသနည်း” ဟူ၍ပရိသတ်ကိုမေးပါ။ အချိန်ရသရွေ့ နိဒါန်းတစ်ခုနှစ်ခုကို သရုပ်ပြပါ။

သီချင်း ၅၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၃၁ တွင်စမည့်အပတ်

သီချင်း ၆၆

၁၅ မိ– ဒေသကြေညာချက်များ။ ဇူလိုင်အတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးရန် အားလုံးကို သတိပေးပါ။ ဤလတွင် ဘရိုရှာများဝေငှရာမှရရှိခဲ့သည့် ကိုယ်ပိုင်တွေ့ ကြုံမှုများကို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

၁၂ မိ– ဒေသလိုအပ်ရာများ။

၁၈ မိ– “ယေဟောဝါ၏သည်းခံစိတ်ရှည်မှုကို သင်လေးမြတ်သလော။” မေးဖြေဆွေးနွေးရန်။ ယေဟောဝါ၏သည်းညည်းခံမှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်သောမှတ်ချက်များကို ပါဝင်စေပါ။—ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၂၆၃-၄ [လိပ်] ရှု။

သီချင်း ၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၇ တွင်စမည့်အပတ်

သီချင်း ၈၈

၁၀ မိ– ဒေသကြေညာချက်များ။

၁၇ မိ– “သင်သည် ရှက်တတ်သူတစ်ဦးလော။” မေးဖြေဆွေးနွေးရန်။ ၁၉၉၇ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၃-၄ [လိပ်] မှအားရှိစရာတွေ့ ကြုံမှုတစ်ခုကို ပြောပြပါ။

၁၈ မိ– သင့်အနာဂတ်ရေးအတွက် ပညာရှိဖြစ်ပါ။ အကြီးအကဲတစ်ဦးဟောရန်။ လူငယ်တို့သည် မိမိတို့ချစ်မြတ်နိုးသူများနှင့်အတူ ပျော်ရွှင်သောအနာဂတ်ကို ရလိုကြသည်။ ယင်းသည် သဘာဝဖြစ်သော်လည်း အောင်မြင်မှုရလိုပါက ဘုရားရေးရာဆုံးမစကားကို သူတို့ကျင့်သုံးကြရမည်ဖြစ်သည်။ (သု. ၁၉:၂၀) လိင်ခြားသူအပေါ်ဆွဲဆောင်မှုသည် ငယ်ရွယ်စဉ်၌ပြင်းထန်၏။ ခံစားချက်များကို မထိန်းချုပ်ပါက ဒုက္ခရောက်နိုင်သည်။ လိင်ခြားသူနှင့် စိတ်ပိုင်းဆိုင်ရာ ပတ်သက်ငြိစွန်းမှုရှိပြီး ချိန်းတွေ့ ခြင်းသို့ဦးတည်ပေးသော စိတ်ကူးယဉ်ဆန်ဆန်ချစ်ကြိုက်မှုဆက်ဆံရေးကို ပျိုးထောင်ပေးနေသည့် ဆယ်ကျော်သက်များ၏ဉာဏ်အမြော်အမြင်နှင့်ပတ်သက်၍ မေးခွန်းများစွာပေါ်ပေါက်သည်။ လူငယ်များအမေး စာအုပ်၊ စာမျက်နှာ ၂၃၁-၅ တွင်ဖော်ပြထားသည့်ဆုံးမစကားကို သုံးသပ်ပါ။ ဘုရားသခင်အပေါ် မိမိတို့၏တာဝန်ရှိသမျှကို လူငယ်တို့ကျေပွန်နေခြင်း၏ အရေးကြီးမှုကိုဖော်ပြသည့် နိုဝင်ဘာ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၃ ပါအဓိကအချက်များကို ပေါ်လွင်စေပါ။ ယင်းဆုံးမစကားကိုသုံးသပ်ရန်နှင့် သူတို့တွင်မေးစရာမေးခွန်းများရှိလျှင် ယင်းတို့ကိုမိဘတို့နှင့်ဆွေးနွေးရန် ဆယ်ကျော်သက်တို့ကို အားပေးပါ။

သီချင်း ၁၀၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ