သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ
ဤနှစ်သတိရအောက်မေ့ရာအထိမ်းအမှတ်ပွဲသည် ဧပြီ ၈ ရက်၊ တနင်္ဂနွေနေ့တွင် ကျရောက်သည်။ အကြီးအကဲများသည် အောက်ပါကိစ္စရပ်များကို အာရုံစိုက်သင့်သည်–
◼ အစည်းအဝေးအတွက် အချိန်သတ်မှတ်ရာတွင် မုန့်နှင့်စပျစ်ရည်ကို နေမဝင်မချင်း ကမ်းပေးမည်မဟုတ်ကြောင်း သေချာစေပါ။
◼ ဟောပြောချက်ပေးသူအပါအဝင် လူတိုင်းကို အထိမ်းအမှတ်ပွဲ၏ အချိန်နှင့်နေရာအတိအကျကို အသိပေးထားသင့်သည်။
◼ သင့်လျော်သော မုန့်နှင့်စပျစ်ရည်အမျိုးအစားကို ရရှိထားသင့်ပြီး အသင့်ပြင်ထားသင့်သည်။—၁၉၈၅၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၁၉ ရှု။
◼ ပန်းကန်၊ ဖန်ခွက်၊ သင့်လျော်သောစားပွဲနှင့် စားပွဲခင်းကို ခန်းမသို့ကြိုတင်ယူထားပြီး နေရာချထားသင့်သည်။
◼ နိုင်ငံတော်ခန်းမ သို့မဟုတ် အစည်းအဝေးလုပ်မည့် အခြားနေရာကို ကြိုတင်၍သေချာစွာ သန့်ရှင်းရေးလုပ်ထားသင့်သည်။
◼ ဧည့်ကြိုများနှင့် မုန့်၊ စပျစ်ရည်ဝေမည့်သူများကို ရွေးချယ်ထားသင့်ပြီး သူတို့၏တာဝန်များနှင့် သင့်လျော်သည့်အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ကြိုတင်ညွှန်ကြားထားသင့်သည်။
◼ အိုမင်းမစွမ်းဖြစ်၍ လာမတက်ရောက်နိုင်သော ဘိသိက်ခံတစ်ဦးဦးကို မုန့်၊ စပျစ်ရည်ဝေပေးရန် အစီအစဉ်များဆွဲသင့်သည်။
◼ နိုင်ငံတော်ခန်းမတစ်ခုတည်းကို အသင်းတော်တစ်ခုထက်မက သုံးရန်စီစဉ်သောအခါ ဧည့်ခန်း၊ တံခါးဝ၊ လူသွားလမ်းစင်္ကြံနှင့် ကားရပ်သည့်နေရာတွင်မလိုအပ်ဘဲ ပြွတ်သိပ်နေခြင်းကို ရှောင်ကြဉ်ရန် အသင်းတော်အချင်းချင်း ကောင်းစွာညှိနှိုင်းဆောင်ရွက်သင့်သည်။