ကြေညာချက်များ
◼ မတ် တွင်ဝေငှရန်စာပေ– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ ပြန်လည်ပတ်မှုများ၌ စိတ်ဝင်စားမှုတွေ့လျှင် နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ အိမ်တွင်းကျမ်းစာသင်အံမှုစရန်ရည်ရွယ်ချက်ဖြင့် အသိပညာ စာအုပ် သို့မဟုတ် တောင်းဆို ဘရိုရှာကိုကမ်းလှမ်းပါ။ ဇွန်– ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစခြင်းအပေါ် အာရုံစိုက်ပါ။
◼ ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်လိုသောကြေညာသူများသည် ယခုပင်စီစဉ်၍ လျှောက်လွှာများကို စောစောတင်ထားသင့်သည်။ ဤသို့အားဖြင့် အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ကာ မဂ္ဂဇင်းနှင့် အခြားစာအုပ်စာတမ်းများ အလုံအလောက်ရှိရန် စီစဉ်ပေးနိုင်မည်။ အရန်ရှေ့ဆောင်လုပ်ရန် ခွင့်ပြုချက်ရသူအားလုံး၏အမည်ကို အသင်းတော်အား ကြေညာသင့်သည်။
◼ သတိရအောက်မေ့ပွဲကို ၂၀၀၁၊ ဧပြီ ၈ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်သည်။ ထိုနေ့ရက်တွင် လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးခြင်းမှအပ အဘယ်အစည်းအဝေးကိုမျှ ပြုလုပ်မည်မဟုတ်ပါ။ အကြီးအကဲများသည် ကင်းမျှော်စင် သင်တန်းကို အခြားအချိန်တွင်ကျင်းပရန် သင့်လျော်သလိုစီစဉ်နိုင်သည်။
◼ မြန်မာ နိုးလော့! ပြန်၍မှာယူနိုင်ပါပြီ။ ကင်းမျှော်စင် နှင့် နိုးလော့! အတွက် ကိုယ်ပိုင်နှစ်စဉ်ကြေးအပါအဝင် နှစ်စဉ်ကြေးအသစ်နှင့် အသစ်ဆက်ယူမည့် နှစ်စဉ်ကြေးတို့ကို အသင်းတော်နှင့်ပူးပေါင်းသူများသည် အသင်းတော်မှတစ်ဆင့်ပို့ပေးရမည်။
◼ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို အသင်းမက ပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာအုပ်စာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန် အသင်းတော်၏လစဉ် စာအုပ်စာတမ်းမှာယူသည့်စာရင်းကို အသင်းမသို့မပို့မီ လစဉ်ကြေညာပေးရန် ဦးစီးကြီးကြပ်မှူးသည် စီစဉ်ပေးသင့်သည်။ မည်သည့်စာအုပ်များသည် အထူးမှာယူသည့်စာအုပ်များဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။
◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–
လူငယ်များအမေး—မြန်မာ
အကြီးမြတ်ဆုံးလူသား—အင်္ဂလိပ်၊ မြန်မာ
ကျမ်းစာပုံပြင်—(အသေး)—အူရ်ဒူ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်! (ဘရိုရှာအသစ်)—မြန်မာ၊ ပစ္စည်းနံပါတ် ၆၆၄၅
ဘုရားသခင်၏လမ်းညွှန်မှု—ပရဒိသုသို့သွားရာလမ်း—တယ်မီလ်
ဘရိုရှာ (မျိုးစုံ)—အင်္ဂလိပ်၊ မြန်မာ
ဝေစာ (မျိုးစုံ)—အင်္ဂလိပ်၊ မြန်မာ
တောင်းဆို (ဘရိုရှာ)—စကောကရင်
ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း (ဘရိုရှာ)—အင်္ဂလိပ်
ယေဟောဝါ—ကိုယ်တော်ကားမည်သူနည်း (ဝေစာ)—ဟားခါး၊ လူရှိုင်း
နိုင်ငံတော်တေးသံသာ—အတွဲ ၉၊ ပစ္စည်းနံပါတ်–၁၇၀၉
ကျွန်ုပ်တို့ခေတ်အတွက် သတိပေးပုံနမူနာများ (ပြဇာတ်ခွေ)—အင်္ဂလိပ်