ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၂ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၉/၀၂ စာ. ၇

ကြေညာချက်များ

◼ စက်တင်ဘာ တွင်ဝေငှရန်စာပေ–အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်]။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ စိတ်ဝင်စားမှုပြလျှင် တောင်းဆို ဘရိုရှာကိုဝေငှကာ ကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားပါ။ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ လူတို့တွင် ၎င်းတို့ရှိထားပြီးဖြစ်ပါက စာအုပ်ဟောင်းတစ်ခုကို ဝေငှနိုင်သည်။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား။ နောက်တစ်မျိုးဝေငှမှုအနေနှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ သမ္မာကျမ်းစာ—ဘုရားသခင်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော [လိပ်] သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ကို အသုံးပြုနိုင်သည်။

◼ ပြန်ဝင်ချင်စိတ်ရှိသည့် နှင်ထုတ်ခံရသူ သို့မဟုတ် ပေါင်းသင်းမှုရပ်စဲခံခဲ့ရသူများနှင့်ပတ်သက်၍ ဧပြီ ၁၅၊ ၁၉၉၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၂ ပါညွှန်ကြားချက်များကို လိုက်လျှောက်ကြရန် အကြီးအကဲများကို နှိုးဆော်ပါသည်။

◼ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို ဌာနခွဲရုံးက ပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်စာအုပ်စာတမ်းယူလိုသူအားလုံးသည် စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန်၊ အသင်းတော်လစဉ်စာအုပ်စာတမ်းတောင်းခံလွှာကို ဌာနခွဲသို့မပို့မီ ဦးစီးကြီးကြပ်မှူးသည် လစဉ် ကြေညာပေးရန် စီစဉ်သင့်သည်။ မည်သည့်စာအုပ်များသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။

◼ ၂၀၀၃ ခုနှစ်သတိရအောက်မေ့ပွဲအချိန်အခါအတွက် အထူးလူထုဟောပြောချက်ကို ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့တွင်ပေးပါမည်။ ဟောပြောချက်၏အကြောင်းအရာနှင့် အောက်လိုင်းကို နောင်တွင်ကြေညာပေးပါမည်။ ထိုရက်သတ္တပတ်ကုန်ပိုင်းတွင် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှု သို့မဟုတ် စည်းဝေးပွဲတစ်ခုရှိနေသည့် အသင်းတော်များသည် နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မဆို အထူးဟောပြောချက်ကို ဧပြီ ၂၇ ရက်၊ ၂၀၀၃ မတိုင်မီမပေးရပါ။

◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–

ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်—မြန်မာ၊ ဟားခါး၊ တီးတိန်၊ ကချင်၊ တရုတ် (အသေး)

လူငယ်များ အမေး—တာသွားသည့် အဖြေ—အင်္ဂလိပ်၊ မြန်မာ၊ နပါလီ၊ တရုတ်

အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (အသေး)—အင်္ဂလိပ်၊ တယ်မီလ်

ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း—အင်္ဂလိပ် (အသေး)၊ မြန်မာ

ဒံယေလ၏ပရောဖက်ပြုချက်ကိုဂရုပြုလော့!—အင်္ဂလိပ်၊ တယ်မီလ်၊ မြန်မာ

ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁—အင်္ဂလိပ်

ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁—အင်္ဂလိပ် (ပုံနှိပ်စာလုံးအကြီး)

ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၂—အင်္ဂလိပ်

ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!—မြန်မာ

ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်

ထာဝရအသက်ရစေသောအသိပညာ—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်၊ ဟားခါး၊ အူရ်ဒူ၊ ဟင်ဒီ၊ တရုတ်

မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်

အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား—မြန်မာ၊ တရုတ်၊ အူရ်ဒူ၊ ဟင်ဒီ

သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော—အင်္ဂလိပ်၊ တရုတ်

ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန် ဖွဲ့စည်းထားခြင်း—မြန်မာ

သီအိုကရက်တစ်ဓမ္မအမှုကျောင်း လမ်းညွှန်စာအုပ်—မြန်မာ

သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ—အင်္ဂလိပ်

ကမ္ဘာသားဘဝထာဝရစံစားကြ!—ပိုးကရင်၊ ရှမ်း၊ ကချင်၊ ဟားခါး၊ တီးတိန်၊ ဇိုတုန်း၊ ကယန်း

ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း—ကူကီး၊ ကချင်၊ စကောကရင်၊ လားဟူ၊ လီဆူး၊ အင်္ဂလိပ်

ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော—စကောကရင်၊ ဟင်ဒီ

ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း—အင်္ဂလိပ်

ကျေနပ်ရောင့်ရဲသောဘဝ—ယင်းကိုမည်သို့ရရှိနိုင်—အင်္ဂလိပ်

ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်—လားဟူ၊ စကောကရင်၊ အူရ်ဒူ

ဘရိုရှာမျိုးစုံ—မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီ၊ တယ်မီလ်၊ တရုတ်

ဝေစာမျိုးစုံ—အင်္ဂလိပ်၊ မြန်မာ

ဝေစာနံပါတ် ၁၄၊ ၁၅—လားဟူ

ဝေစာနံပါတ် ၂၅—အင်္ဂလိပ်၊ တယ်မီလ်၊ လူရှိုင်း

ဝေစာနံပါတ် ၂၆—လူရှိုင်း၊ တယ်မီလ်၊ အင်္ဂလိပ်

◼ ရရှိနိုင်သောစီဒီဓာတ်ပြား–

အသင်းတော်သုံးရန်အတွက် တစ်စုံပါဓာတ်ပြား ၈ ခု (၂၂၅ ပုဒ်) (cdsb)—အင်္ဂလိပ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ