ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၃ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၂/၀၃ စာ. ၇

ကြေညာချက်များ

◼ ဖေဖော်ဝါရီ တွင် ဝေငှရန်စာပေ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်] စာအုပ်သစ်ကို ဝေငှမည်။ ဤစာအုပ်မရှိသေးသောဌာနခွဲများသည် နောက်တစ်မျိုးဝေငှမှုအနေနှင့် ဖန်ဆင်းခြင်း စာအုပ် သို့မဟုတ် ဗျာဒိတ်ကျမ်းအထွတ်အထိပ် စာအုပ်ကို အသုံးပြုနိုင်သည်။ မတ်– အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားလျက် အသိပညာ စာအုပ်ကို ဝေငှပါ။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ သတိရအောက်မေ့ပွဲ သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများ တက်ရောက်ခဲ့သော်လည်း အသင်းတော်နှင့် တက်ကြွစွာ ပေါင်းသင်းမနေသူများ ပါဝင်ကောင်းပါဝင်မည့် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများ ပြုလုပ်သောအခါ စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ကိုဝေငှရန် အာရုံစိုက်ပါ။ အထူးသဖြင့် အချို့သူတို့သည် အသိပညာ စာအုပ်နှင့် တောင်းဆို ဘရိုရှာတို့ကို လေ့လာထားနှင့်ပြီးဖြစ်ပါက အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစတင်ရန် အစွမ်းကုန်ကြိုးစားသင့်သည်။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို မတ် ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစောစစ်ဆေးသင့်သည်။ ယင်းကိုပြုလုပ်ပြီးနောက် အသင်းတော်ကိုကြေညာပါ။ အဖွဲ့အစည်းကအဆိုပြုသည့် ကမ္ဘာချီလုပ်ငန်းအတွက်နှင့် အခြားရန်ပုံငွေတစ်စုံတစ်ရာအတွက် အသင်းတော်က ပေးပို့လှူဒါန်းခဲ့သည့် အလှူငွေများနှင့်စပ်လျဉ်းသော မည်သည့်ကျေးဇူးတင်လွှာကိုမဆို ဖတ်ပြပါ။

◼ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်များအားလုံး၏လုပ်ငန်းကို ပြန်သုံးသပ်သင့်သည်။ တစ်ဦးတစ်ယောက်သည် သတ်မှတ်နာရီပြည့်မီရန် အခက်တွေ့နေပါက အကူအညီပေးရန် အကြီးအကဲများစီစဉ်သင့်သည်။ အကြံပြုချက်များအတွက် အသင်းမ၏နှစ်စဉ် S-201 စာများကို ပြန်သုံးသပ်ပါ။ ဩဂုတ် ၁၉၈၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ် အပိုဒ် ၁၂-၂၀ [လိပ်] ကိုလည်းကြည့်ပါ။

◼ ၂၀၀၃ သတိရအောက်မေ့ပွဲကာလအတွက် အထူးလူထုဟောပြောချက်၏ အကြောင်းအရာမှာ “ဗာဗုလုန်ကိုတရားစီရင်ချိန် ရောက်ပြီလော” ဖြစ်ပါမည်။ စက်တင်ဘာ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် သက်ဆိုင်သောကြေညာချက်ကို ကြည့်ပါ။

◼ စာတိုက်မှတစ်ဆင့် ကိုယ်ပိုင်နှစ်စဉ်ကြေးများပေးပို့သည့်အစီအစဉ်ကို ရပ်ဆိုင်းထားသောကြောင့် အသင်းတော်များသည် ကင်းမျှော်စင် နှင့် နိုးလော့! နောက်ဆုံးထုတ်များကို ရရှိလျှင်ရရှိချင်း ဖြန့်ဝေပေးရန် အရေးကြီးသည်။ ယင်းက ကြေညာသူများအား ကိုယ်ပိုင်မဂ္ဂဇင်းများ ရရှိစေကာ လယ်ကွင်းလုပ်ငန်းတွင် မဂ္ဂဇင်းများမဝေငှမီ ပါရှိသည့်အကြောင်းအရာများနှင့် အကျွမ်းတဝင်ရှိစေမည်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ