ဥရောပနိုင်ငံအချို့ရှိ အပြည်ပြည်ဆိုင်ရာ နိုင်ငံတော်ခန်းမဆောက်လုပ်ရေး
၁ မကြာသေးမီဆယ်စုနှစ်များက အရှေ့ဥရောပအပါအဝင် ဥရောပနိုင်ငံအတော်များများရှိ ယေဟောဝါသက်သေတို့၏လုပ်ငန်းသည် ချုပ်ချယ်ခံခဲ့ရသည်။ အများအားဖြင့် ချုပ်ချယ်မှုများမှာ အတော်အတန်ပြင်းထန်သည်။ အစည်းအဝေးများကို ထင်ထင်ပေါ်ပေါ်ကျင်းပရန်ခက်ခဲပြီး နိုင်ငံတော်ခန်းမများကိုအသုံးပြုရန် မဖြစ်နိုင်သလောက်ပင်။ သို့သော် မကြာသေးမီနှစ်များတွင် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် [ကျွန်ုပ်]တို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီ။ [ကျွန်ုပ်]တို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏။”—ဆာ. ၁၂၆:၃။
၂ ၁၉၈၃ ခုနှစ်မှစ၍ ယေဟောဝါသက်သေများအပေါ် ဖိနှိပ်ချုပ်ချယ်မှုသည် လျော့နည်းလာသည်။ ၁၉၈၉ ခုနှစ်တွင် ပိုလန်နှင့် ဟန်ဂေရီသည် ယေဟောဝါသက်သေများအား တရားဝင်အသိအမှတ်ပြုခဲ့သည်။ ၁၉၉၁ ခုနှစ်တိုင်သော် ရုရှားနိုင်ငံတွင် ယေဟောဝါသက်သေများသည် တရားဝင်မှတ်ပုံတင်ခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ ရုရှားနှင့် ယခင်ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံများတွင် လုပ်ငန်းတိုးတက်အောင်မြင်လာသည်။ မတ် ၁၉၉၆ နှင့် အောက်တိုဘာ ၁၉၉၈ အတွင်း အုပ်ချုပ်ရေးအဖွဲ့သည် ဥရောပ ၁၁ နိုင်ငံကိုကြီးကြပ်သောဌာနခွဲရုံးများမှ နိုင်ငံတော်ခန်းမ ၃၅၉ လုံးအတွက် ချေးငွေတောင်းခံမှုများကို သဘောတူခဲ့သည်။
၃ ဤကြားညှပ်ပါရုပ်ပုံများကို သင်ကြည့်ရှုစဉ် မိမိ၏လူမျိုးတော်အတွက် ယေဟောဝါလုပ်ဆောင်ခဲ့သည့် ကြီးမားပြီး အံ့ဖွယ်ကောင်းသောအရာများကို ဆင်ခြင်သုံးသပ်ပါ။ (ဆာ. ၁၃၆:၄) ယောဟန် ၁၃:၃၅ တွင် “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟူ၍မှတ်တမ်းတင်ထားသည့်အတိုင်း ယေရှုမိန့်မှာခဲ့သောမေတ္တာကိုပြသလျက် ကမ္ဘာချီညီအစ်ကိုအသင်းအပင်း၏ ငွေကြေးအကူအညီကို အကောင်းဆုံးနည်းဖြင့် အသုံးပြုနေကြောင်းသိရ၍ ဝမ်းသာကြပါလိမ့်မည်။
၄ ဥစ္စာအင်ခွင်အကန့်အသတ်ရှိသောနိုင်ငံများတွင် နိုင်ငံတော်ခန်းမများဆောက်လုပ်ရန် ကူညီပေးသည့်အစီအစဉ်မှ အကျိုးခံစားရသောဥရောပနိုင်ငံများတွင် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လကတည်းက နိုင်ငံတော်ခန်းမ ၃၆ လုံးဆောက်ပြီးသွားပြီဖြစ်သည့် ရိုမေးနီးယားနိုင်ငံပါဝင်သည်။ ၂၀၀၁ ခုနှစ်တွင် ယူကရိန်း၌ နိုင်ငံတော်ခန်းမအားလုံးနီးပါးအတွက် စံအဖြစ်သတ်မှတ်ထားသောပုံစံတစ်ခုကို အသုံးပြု၍ ခန်းမ ၆၁ လုံးနှင့် ၂၀၀၂ ခုနှစ်တွင် နောက်ထပ် ၇၆ လုံးဆောက်လုပ်ခဲ့သည်။ နိုင်ငံတော်ခန်းမရန်ပုံငွေအတွက် ထည့်ဝင်သောငွေကြေးအကူအညီဖြင့် ခရိုအေးရှား၊ ဆားဗီးယားနှင့် မွန်တီနီဂရို၊ ဘူလ်ဂေးရီးယား၊ မော်လ်ဒိုဗာ၊ မက်စီဒိုးနီးယားနှင့် ရုရှားတို့တွင် နိုင်ငံတော်ခန်းမရာနှင့်ချီ၍ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။
၅ နိုင်ငံအချို့တွင် နိုင်ငံတော်ခန်းမများဆောက်လုပ်ရန် မလွယ်ကူဘဲဖြစ်နေရာ တကယ့်ဆောက်လုပ်ရေးမစတင်နိုင်မီ များစွာလုံ့လစိုက်ထုတ်ရမည်ဖြစ်သည်။ အများအားဖြင့် ဆောက်လုပ်ရေးအတွက်ပြင်ဆင်ရန် အချိန်များစွာပေးရသည်။ ထို့အပြင် ဥရောပ၏ထိုနေရာတွင် နိုင်ငံတော်ခန်းမတစ်လုံးဆောက်ရန် ကုန်ကျစရိတ်သည် အာဖရိက သို့မဟုတ် တောင်အမေရိကနေရာများစွာတွင်ထက် ပိုများသည်။ သို့သော် ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူ များစွာတိုးများလာခြင်းကြောင့် ဥစ္စာအင်ခွင်အကန့်အသတ်ရှိသော ဥရောပနိုင်ငံများတွင် နိုင်ငံတော်ခန်းမရာနှင့်ချီ၍ လိုအပ်နေဆဲဖြစ်သည်!
၆ ဤနိုင်ငံတော်ခန်းမများဆောက်လုပ်ရေးတွင် ထိုကဲ့သို့တစ်မုဟုတ်ချင်းတိုးတက်မှုကို တွေ့မြင်ရခြင်းသည် မည်မျှအံ့ချီးဖွယ်ရာပါတကား! တွေ့ကြုံမှုများစွာကဖော်ပြသကဲ့သို့ ယင်းတို့ကိုဆောက်လုပ်သည့် ဝန်းကျင်ဒေသများတွင် သက်သေခံချက်ကောင်းတစ်ရပ်ဖြစ်စေခဲ့ပြီ။ အချို့ဒေသများ၌ ဆောက်လုပ်ရေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရာတွင် တလိုတလားစိတ်ဓာတ်ရှိခြင်းက ဒေသခံအာဏာပိုင်များကို စွဲမှတ်သွားစေသည်။
၇ ဟေရှာယက ဤအချိန်တွင် စစ်မှန်သောဝတ်ပြုရေးတိုးတက်လာမှုအကြောင်း ဆီလျော်စွာပရောဖက်ပြုခဲ့သည်။ ဘုရားသခင်သည် ပရောဖက်မှတစ်ဆင့် ဤသို့ကြိုဟောခဲ့သည်– “ငါထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” (ဟေရှာ. ၆၀:၂၂) မှန်ပါသည်၊ အရှေ့ဥရောပတွင် တိုးတက်မှုအတွက် ယေဟောဝါ၏အချိန်ရောက်ပြီဖြစ်ကြောင်း လွန်ခဲ့သောဆယ်စုနှစ်က သက်သေထူခဲ့ပြီဖြစ်သည်။ နိုင်ငံတော်ခန်းမရန်ပုံငွေအတွက် ထပ်မံထောက်ပံ့ကြသည်နှင့်အမျှ နိုင်ငံများစွာရှိ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို အရှိန်အဟုန်မြှင့်တင်ရန် ကျွန်ုပ်တို့၏လုံ့လစိုက်ထုတ်မှုများအပေါ် ယေဟောဝါ ကြွယ်ဝသောကောင်းချီးများ ဆက်၍သွန်းလောင်းပါစေ! ယင်းက ဥစ္စာအင်ခွင်အကန့်အသတ်ရှိသောနိုင်ငံများတွင် နောက်ထပ်နိုင်ငံတော်ခန်းမများစွာ ရရှိစေမည်။ ယင်းက ဥရောပ၏ ဒေသများစွာတွင် စင်ကြယ်သောဝတ်ပြုရေးတိုးတက်လာစေကာ “မြေကြီးစွန်းတိုင်အောင်” သာ၍ကြီးမားသော သက်သေခံချက်ဖြစ်စေပါမည်။—တ. ၁၃:၄၇။
[စာမျက်နှာ ၃ ပါ ပုံစာ]
နိုင်ငံတော်ခန်းမအဆောက်အအုံ ရုရှားနိုင်ငံ၊ မော်စကို
[စာမျက်နှာ ၄_၆ ပါ ပုံစာ]
မက်စီဒိုးနီးယား၊ စတရူးမက်တ်စာ
ခရိုအေးရှား၊ ဒါရူးဗာ
မက်စီဒိုးနီးယား၊ ဘိုင်တိုလာ
ယူကရိန်းနိုင်ငံ၊ လဗီးဗ်ခရိုင်၊ စောကာမြို့
ဘူလ်ဂေးရီးယား၊ မလားဒက်စ်တ်
ရုရှားနိုင်ငံ၊ မိုက်ကော့ပ်ဒေသ၊ ကူရ်ဒ်ဇက်ပ်စကိုယာ
ဆားဗီးယားနှင့် မွန်တီနီဂရို၊ ဘာချ်ကာ ပီထရိုးဗာတ်ဇ်
ဘူလ်ဂေးရီးယား၊ ပလော့ဗ်ဒက်ဖ်
ယူကရိန်းနိုင်ငံ၊ အီဗာနို–ဖရန်ကီးဗ်စ်ခ် ခရိုင်၊ တလူးမာ့ခ်
ယူကရိန်းနိုင်ငံ၊ လဗီးဗ်ခရိုင်၊ ရာဗာ–ရူစကာ
ဆားဗီးယားနှင့် မွန်တီနီဂရို၊ စတာရာ ပါဇိုဗာ
ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနား၊ ဇယ်နတ်စာ
ယူကရိန်းနိုင်ငံ၊ လဗီးဗ်ခရိုင်၊ စောကာလ်
ယူကရိန်းနိုင်ငံ၊ လဗီးဗ်ခရိုင်၊ ဇစ်ဒါချီဗ်