လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇူလိုင် ၁၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကိုအသုံးပြု၍ အသင်းတော်ရပ်ကွက်တွင် ဇူလိုင် ၁၅ ကင်းမျှော်စင် နှင့် ဇူလိုင် ၂၂ နိုးလော့! [လိပ်] တို့ကို မည်သို့တင်ဆက်နိုင်ကြောင်း လက်တွေ့ကျသောသရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။
၁၅ မိ– ယေဟောဝါအားဝတ်ပြုခြင်းသည် ကျွန်ုပ်တို့၏အသက်တာကို မည်သို့တိုးတက်ကောင်းမွန်စေသနည်း။ ပရိသတ်နှင့်ဆွေးနွေးရန်။ စစ်မှန်သောဝတ်ပြုရေးသည် ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိသောအသက်တာအတွက် သော့ချက်ဖြစ်၏။ (၁) ယင်းသည် ဘဝပြဿနာများနှင့် စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီပေးသည်။ (ဖိ. ၄:၆၊ ၇) (၂) ဘုရားရေးရာအရည်အသွေးများကိုမွေးမြူရန် ကျွန်ုပ်တို့ကိုအားပေးသည်။ (၂ ပေ. ၁:၅-၈) (၃) ကျွန်ုပ်တို့၏အချိန်နှင့် ဥစ္စာအင်ခွင်များကို အကျိုးအရှိဆုံးနည်းဖြင့် အသုံးပြုရန်ကူညီပေး၏။ (၁ တိ. ၆:၁၇-၁၉) (၄) ယင်းက အနာဂတ်အတွက် သေချာသောမျှော်လင့်ချက်ပေး၏။ (၂ ပေ. ၃:၁၃) (၅) ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေး ရရှိစေနိုင်သည်။ (ယာ. ၄:၈) ယေဟောဝါအားမသိသူများ သို့မဟုတ် အမှုတော်မဆောင်သူများအလယ်တွင် ဤအရာများကင်းမဲ့နေပုံကို နှိုင်းယှဉ်ပြပါ။
၂၀ မိ– “ဘုရားသခင့်ကရုဏာတော်အတွက် ကျေးဇူးတင်ခြင်း။”a အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ အောက်တိုဘာ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ ကိုအခြေပြု၍ မဂ္ဂဇင်းလမ်းကြောင်းတစ်ခုစရန်အတွက် အကြံပြုချက်များပေးပါ။ ကျမ်းစာသင်အံမှုများစတင်ရာတွင် အဘယ်ချဉ်းကပ်နည်းသည် ထိရောက်မှုရှိသည်ကိုတွေ့ ခဲ့ရကြောင်း အရည်အချင်းရှိကြေညာသူ တစ်ဦးနှစ်ဦးအားမေးပါ။ ကျမ်းစာသင်အံမှုတစ်ခုစတင်ကျင်းပရန် ပန်းတိုင်ထားကြဖို့ အားလုံးကို တိုက်တွန်းပါ။—ဓအ စ. ၉၂။
သီချင်း ၁၇၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– “သင် အသင့်ရှိသလော။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။
၂၀ မိ– ဟောပြောရာတွင် သူတို့၏ရဲရင့်မှုကိုတုပလော့။ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်၊ စာမျက်နှာ ၈၉-၉၀ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အပိုဒ် ၇ တွင်ပါသည့် မေးခွန်းများကိုဖြေရန်နှင့် သူတို့၏မှတ်ချက်များတွင် ညွှန်းထားသောကျမ်းချက်များပါဝင်စေရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ရွေးချယ်ထားသောကျမ်းချက်များကိုဖတ်ပါ။ ဤမှတ်တမ်းများမှ ကျွန်ုပ်တို့ရရှိသောသင်ခန်းစာများနှင့် ဟောပြောခြင်းတာဝန်အပေါ် တော်မှန်သောအမြင်ထားရှိရန် ကျွန်ုပ်တို့အား ကူညီပေးပုံတို့ကို ပေါ်လွင်စေပါ။
သီချင်း ၂၀၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင်အတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကိုနှိုးဆော်ပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကိုအသုံးပြု၍ ဩဂုတ် ၁ ကင်းမျှော်စင် နှင့် ဩဂုတ် ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ တင်ဆက်မှုတစ်ခုတွင် အလွတ်သဘောသက်သေခံခြင်း၌ ကြေညာသူပါဝင်နေပုံကိုပြပါ။
၁၅ မိ–ဒေသလိုအပ်ရာများ။
၂၀ မိ– “အုပ်စုလိုက်သက်သေခံခြင်းက ရွှင်လန်းမှုရရှိစေ။”b အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ စက်တင်ဘာ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာမှ မှတ်ချက်များပါဝင်စေပါ။ အသင်းတော်စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးတစ်ဦးအား တိုတုတ်စွာလူတွေ့မေးမြန်းပါ။ သူ၏စာအုပ်ကြီးသင်တန်းအုပ်စုအတွက်ပြုလုပ်ခဲ့သည့် လယ်ကွင်းလုပ်ငန်းအစီအစဉ်များအကြောင်းနှင့် အတူတကွသက်သေခံခြင်းမှ အုပ်စုအကျိုးခံစားရပုံတို့ကို မေးပါ။
သီချင်း ၃၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဤလတွင်ဝေငှရန်စာပေကို ဖော်ပြပါ။ အသုံးပြုနိုင်သည့် တိုတုတ်သောတင်ဆက်မှု တစ်ခုနှစ်ခုကို သရုပ်ပြပါ။
၂၀ မိ– “ဘာသာစကားစုံသောရပ်ကွက်တွင် စာပေများဝေငှခြင်း။”c ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ အပိုဒ် ၃ ကိုသုံးသပ်သည့်အခါ နိုင်ငံခြားဘာသာစကားပြောအသင်းတော်မရှိသည့် ဒေသခံရပ်ကွက်တွင်ပြောသော နိုင်ငံခြားဘာသာစကားတစ်ခုဖြင့် ရိုးရှင်းသောတင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။—နဓ ၇/၀၂ စ. ၁ အပိုဒ် ၄။
၁၅ မိ– လူငယ်များ ယေဟောဝါကို ချီးမွမ်းနေကြ! ပရိသတ်နှင့်ဆွေးနွေး ဟောပြော၍ လူတွေ့မေးမြန်းခန်းများပြုလုပ်ရန်။ လူငယ်များသည် အစည်းအဝေးများတွင် ကောင်းစွာပြင်ဆင်ထားသော မှတ်ချက်များပေးနေသည်ကို ကြားရ၍ ကျွန်ုပ်တို့ဝမ်းသာကြသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သူတို့၏ဝီရိယရှိမှုနှင့် တိုးတက်မှုသည် အားရစရာကောင်းသည်။ သူတို့သည် ဓမ္မအမှုတွင် ကောင်းစွာသက်သေခံစဉ် စစ်မှန်သောယုံကြည်ခြင်းကို တင်ပြကြသည်။ သူတို့၏ဘုရားရေးရာအကျင့်အကြံသည် ယေဟောဝါအား ဂုဏ်တင်ချီးမွမ်း၏။ (နစ၈၈ စစ. ၅၃-၄ [လိပ်]) သူတို့၏ဝိညာဉ်ရေးတိုးတက်မှုသည် အနာဂတ်အခွင့်အရေးများအတွက် အုတ်မြစ်ချပေး၏။ အသင်းတော်လုပ်ငန်းများတွင် မှန်မှန်ပါဝင်သောခရစ်ယာန်လူငယ် နှစ်ဦးသုံးဦးကို တိုတုတ်စွာလူတွေ့မေးမြန်းပါ။ ယေဟောဝါကိုချီးမွမ်းရန် သူတို့၏ကောင်းမွန်သောကြိုးစားမှုများအတွက် အသင်းတော်ရှိလူငယ်များအား လှိုက်လှဲစွာချီးမွမ်းပါ။
သီချင်း ၄၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။