ကြေညာချက်များ
◼ ဩဂုတ်–စက်တင်ဘာ တွင်ဝေငှရန်စာပေ– “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဘရိုရှာကိုဝေငှပါ။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ စိတ်ဝင်စားမှုပြလျှင် တောင်းဆို ဘရိုရှာကိုဝေငှကာ ကျမ်းစာသင်အံမှုများစတင်ရန် အထူးကြိုးစားပါ။ နိုဝင်ဘာ– အသိပညာ စာအုပ် သို့မဟုတ် တောင်းဆို ဘရိုရှာကို ဝေငှပါ။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် စက်တင်ဘာ ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း အသင်းတော်စာရင်းအင်းများကို စောစောစစ်ဆေးသင့်သည်။ ယင်းသို့စစ်ဆေးပြီးနောက် စာရင်းအင်းအစီရင်ခံစာ ဖတ်ပြသောအခါ အသင်းတော်အား ကြေညာပေးပါ။
◼ ၂၀၀၃ ခုနှစ်၊ ဩဂုတ် ၃၁ တွင် သို့မဟုတ် ဖြစ်နိုင်သရွေ့ ၎င်းနှင့်အနီးဆုံးရက်တွင် လက်ရှိစာအုပ်စာတမ်းနှင့် မဂ္ဂဇင်းအားလုံး၏နှစ်ချုပ်စာရင်းကို ပြုစုသင့်သည်။ ဤလက်ရှိပစ္စည်းစာရင်းသည် စာအုပ်စာတမ်းအမှုထမ်း လစဉ်ပြုစုထားသည့် အရေအတွက်မှန်နှင့်အလားတူကာ စုစုပေါင်းများကို စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်းပုံစံ (S-18) တွင်ရေးသွင်းသင့်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်း(များ)ထံမှ ရယူနိုင်သည်။ အသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်းပုံစံ (S-18) စာရွက်သုံးရွက် ရရှိပါမည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်ထက်နောက်မကျစေဘဲ ဌာနခွဲရုံးသို့ပေးပို့ပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင် သိမ်းဆည်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။
◼ ၂၀၀၃ ခုနှစ်၊ ဩဂုတ် ၂၉ နှင့် ၃၀ ၌ ဗေသလတွင် လက်ရှိစာအုပ်စာတမ်းအားလုံးကို စာရင်းယူမည်ဖြစ်သည်။ ဤစာရင်းယူလုပ်ဆောင်မှုကြောင့် မည်သည့်အသင်းတော်၏စာအုပ်စာတမ်းမှာယူခြင်းကိုမျှ ထိုနေ့များအတွင်း ထုပ်ပိုးသယ်ပို့ပေးခြင်းကို စီမံဆောင်ရွက်ပေးမည်မဟုတ်ချေ။
◼ အသင်းတော်များသည် ယေဟောဝါသက်သေများ၏ ၂၀၀၄ ခုနှစ်ပြက္ခဒိန်၊ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၄ နှင့် ယေဟောဝါသက်သေတို့၏ ၂၀၀၄ နှစ်ချုပ်စာအုပ် ကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူနိုင်သည်။ ၎င်းပစ္စည်းများအား ရရှိနိုင်သည့် ဘာသာစကားစာရင်းတစ်ခုကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက် ကြေညာချက်” တွင်ဖော်ပြပေးပါမည်။