မေးခွန်းသေတ္တာ
● အသင်းတော်အလိုက်သီဆိုရာတွင် အသင်းမ၏တိတ်ခွေများကို အသုံးပြုသည့်အပြင် တေးဂီတတွဲဖက်တီးမှုတ်ရန် အကြီးအကဲအဖွဲ့က စီစဉ်ခြင်းသည် သင့်လျော်သလော။
ယင်းသည် အကြီးအကဲအဖွဲ့က ဆုံးဖြတ်ရမည့်ကိစ္စဖြစ်၏။ သီဆိုရာတွင် ဂီတာကဲ့သို့သောတူရိယာဖြင့် တွဲဖက်တီးခတ်ခြင်းသည် ကောင်းစွာသီဆိုရန် အသင်းတော်ကို အကူအညီဖြစ်စေ၏။ အသင်းတော်အချို့တွင် အသင်းမ၏တိတ်ခွေများကို ဖွင့်နားထောင်ရန် ကက်ဆက်/စီဒီစက်တစ်လုံး မရှိဘဲဖြစ်နေမည်။ အခြားအချိန်အခါများတွင်မူ လျှပ်စစ်ဓာတ်အား သို့မဟုတ် ဘက်ထရီအား အကန့်အသတ်ရှိ နိုင်သည်။ သို့သော် တွဲဖက်တီးမှုတ်ပေးနိုင်သော ဂီတစွမ်းရည်ရှိသည့် အရည်အချင်းရှိညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး ရှိနိုင်သည်။ ခရစ်ယာန်အသက်တာတွင် ပုံသက်သေကောင်းကာ တူရိယာကို ကောင်းစွာတီးမှုတ်တတ်သော မည်သည့်ကြေညာသူကိုမဆို အသင်းတော်အတွက် နိုင်ငံတော်သီချင်းများတီးမှုတ်ပေးရန် အသုံးပြုနိုင်သည်။ တီးမှုတ်နိုင်သောကြေညာသူ အနည်းငယ်ရှိမည်ဆိုလျှင် သံစုံတီးဝိုင်းတစ်ခုအဖြစ် အတူတကွတီးမှုတ်နိုင်ပေမည် သို့မဟုတ် သူတို့သည် ဇယားအတိုင်း အလှည့်ကျတီးမှုတ်ပေးနိုင်သည်။ တူရိယာတစ်ခုကို မည်သို့ကောင်းစွာတီးမှုတ်ရမည်ကို အမှန်တကယ်မသိသူတစ်ဦးဦးအား အသုံးပြုဖို့ကြိုးစားခြင်းသည် ကောင်းမည်မဟုတ်ပေ။
တိတ်ခွေများကို အသုံးပြုသည့်အခါ သုံးဖန်များ၍ ဟောင်းနွမ်းပျက်စီးနေသော ကက်ဆက်ခွေ သို့မဟုတ် စီဒီပြားများကို အသစ်လဲရန် သတိပြုသင့်သည်၊ ဤသို့ဖြင့် ယေဟောဝါသက်သေများ၏ အသင်းတော်များတွင် တွေ့ရှိသင့်သည့် မြင့်မားသောအစည်းအဝေးစံနှုန်းကို ထိန်းသိမ်းထားရန်ဖြစ်သည်။ စက်ကိုင်တာဝန်ရရှိထားသောညီအစ်ကိုသည် အစည်းအဝေးပြီးတိုင်း ကက်ဆက်ခွေများနှင့် စီဒီပြားများကို ကောင်းစွာသိမ်းဆည်းသင့်သည်၊ အကြောင်းမှာ ထိုသို့သောပစ္စည်းများသည် ထုတ်လုပ်ရန် အကုန်အကျများသောကြောင့်ဖြစ်၏။