ကြေညာချက်များ
◼ ဇန်နဝါရီတွင်ဝေငှရန်စာပေ– မည်သည့်စာအုပ်ဟောင်းကိုမဆို ဝေငှနိုင်သည်။ စာအုပ်ဟောင်းများမရှိသောအသင်းတော်များသည် ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။ ဖေဖော်ဝါရီ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်]။ ဤစာအုပ်ကိုမရရှိနိုင်ပါက ဖန်ဆင်းခြင်းစာအုပ် [လိပ်] (အကြီး သို့မဟုတ် အသေး) သို့မဟုတ် ဗျာဒိတ်ကျမ်းအထွတ်အထိပ်စာအုပ် [လိပ်] ကိုဝေငှမှုတစ်မျိုးအနေနှင့် အသုံးပြုနိုင်သည်။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ လူတို့တွင် ဤစာအုပ်ရှိထားပြီဆိုလျှင် ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့! [လိပ်] ကိုဝေငှနိုင်သည်။ ဧပြီ– ကင်းမျှော်စင်နှင့် နိုးလော့!နှစ်မျိုးစလုံးကို ဝေငှပါ။ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သည့်အခါ သတိရအောက်မေ့ပွဲ သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အဖွဲ့အစည်းနှင့် တက်ကြွစွာမပေါင်းသင်းသူများကို ပါဝင်စေသင့်သည်။ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစတင်ရန် အစွမ်းကုန်ကြိုးစားသင့်သည်။
◼ ၂၀၀၄၊ မတ်လ ၁၅ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ယေဟောဝါထံချဉ်းကပ်လော့စာအုပ်ကို သုံးသပ်ကြမည်ဖြစ်သည်။
◼ ဖေဖော်ဝါရီလမှစ၍မတ်လ ၇ရက်ထက်နောက်မကျဘဲ တိုက်နယ်ကြီးကြပ်မှူးများအတွက် လူထုဟောပြောချက်အသစ်မှာ “မည်သူ၏ စံနှုန်းများကို သင်မြတ်နိုးသနည်း” ဖြစ်ပါမည်။
◼ အသင်းတော်များသည် သတိရအောက်မေ့ပွဲကို ဤနှစ်ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့ နေဝင်ပြီးချိန်တွင်ကျင်းပရန် သင့်လျော်သည့်အစီအစဉ်များ ပြုလုပ်သင့်သည်။ ဟောပြောချက်ကို စောစောစနိုင်သော်လည်း အောက်မေ့ရာအထိမ်းအမှတ်များ လက်ဆင့်ကမ်းခြင်းကိုမူ နေဝင်ပြီးနောက်ပိုင်းတွင်သာစတင်သင့်သည်။ သင့်အရပ်ဒေသ၌ အဘယ်အချိန်နေဝင်သည်ကို ဒေသခံအာဏာပိုင်များထံတွင် စုံစမ်းပါ။ ထိုနေ့ရက်တွင် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများမှအပ မည်သည့်အစည်းအဝေးကိုမျှ ကျင်းပမည်မဟုတ်သောကြောင့် ကင်းမျှော်စင်သင်တန်းကို အခြားအချိန်တွင်ကျင်းပရန် သင့်လျော်သလိုပြောင်းလဲသင့်သည်။ တိုက်နယ်ကြီးကြပ်မှူးများသည် ထိုအပတ်အတွက် မိမိတို့၏စည်းဝေးအချိန်ဇယားကို ဒေသအခြေအနေများနှင့်အညီ ပြုပြင်ပြောင်းလဲဖို့ လိုပါလိမ့်မည်။