ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၄ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇန်နဝါရီ ၁၂ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၁၉ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၂၆ တွင်စမည့်အပတ်
  • ဖေဖော်ဝါရီ ၂ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၁/၀၄ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇန်နဝါရီ ၁၂ တွင်စမည့်အပတ်

သီချင်း ၂၂၄

၁၀ မိ–ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကိုအသုံးပြု၍ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင်နှင့် ဇန်နဝါရီ ၈ နိုးလော့!အတွက် တင်ဆက်ပုံကိုသရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ သရုပ်ပြတစ်ခုစီပြီးနောက် တင်ဆက်မှု၏ လက်တွေ့ကျသောကဏ္ဍအချို့ကို ပေါ်လွင်စေပါ။

၁၅ မိ–“ဘုရားရေးရာဉာဏ်ပညာ၏ထူးကဲသောတန်ဖိုး။”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

၂၀ မိ–စာအုပ်သစ်များရရှိခဲ့၍ ကျွန်ုပ်တို့ဝမ်းမြောက်ကြ! ပရိသတ်နှင့်ဆွေးနွေးရန်။ “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ခရိုင်စည်းဝေးကြီးတွင် စာအုပ်သစ်နှစ်အုပ်ကိုရရှိ၍ ကျွန်ုပ်တို့ဝမ်းသာခဲ့ကြသည်။ “ကောင်းမွန်သောပြည်ကို ကြည့်လော့” စာအုပ်သည် ကျွန်ုပ်တို့၏စာကြည့်တိုက်ရှိ အခြားမည်သည့်စာအုပ်နှင့်မျှမတူပေ။ စာမျက်နှာနှစ်ခုစီတိုင်းက ကတိထားရာပြည်တော်၏ အသွင်အပြင်တစ်ခုကို ထိုးထွင်းသိမြင်စေသည်။ မြေပုံအသီးသီးပေါ်တွင် ဖော်ပြထားသည့် အသေးစိတ်အချက်အချို့ကို ညွှန်ပြပါ။ ဤစာအုပ်အား အသုံးပြုနိုင်သည့် လက်တွေ့ကျနည်းလမ်းများကို အကြံပြုပါ။ ကြီးမြတ်သောဆရာထံမှသင်ယူလော့စာအုပ်က ကျွန်ုပ်တို့သားသမီးများ၏ ဝိညာဏကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါမည်။ စာအုပ်တွင်သုံးသပ်ထားသည့် အခန့်သင့်အကြောင်းအရာအချို့ကို ဖော်ပြကာ မိဘများနှင့် လူငယ်များ အကျိုးကျေးဇူးရရှိနိုင်ပုံကို ဖော်ပြပါ။ ဤစာအုပ်သစ်များအား ထိရောက်စွာအသုံးပြုနေပုံကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၈၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၉ တွင်စမည့်အပတ်

သီချင်း ၉၅

၅ မိ–ဒေသကြေညာချက်များ။

၁၀ မိ–မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။

၁၅ မိ–ဒေသလိုအပ်ရာများ။

၁၅ မိ–“သက်သေခံမဟုတ်သည့် အိမ်ထောင်ဖက်များကို မည်သို့ကူညီပေးနိုင်သနည်း။”b သမ္မာတရားကိုလက်ခံထားသည့် ၎င်းတို့၏အိမ်ထောင်ဖက်က ပုံသက်သေကောင်းပြခဲ့ခြင်းကြောင့် ယေဟောဝါ၏ကျေးကျွန်များဖြစ်လာသူ တစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းပါ။

သီချင်း ၇၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၆ တွင်စမည့်အပတ်

သီချင်း ၁၅၈

၁၂ မိ–ဒေသကြေညာချက်များ။စာရင်းအင်းမှတ်တမ်း။ ဇန်နဝါရီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်ကိုအသုံးပြု၍ ဇန်နဝါရီ ၁ ကင်းမျှော်စင်အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတွင် အိမ်နီးချင်းတစ်ဦးအား မဂ္ဂဇင်းများဝေငှနိုင်ပုံကို သရုပ်ပြပါ။

၁၅ မိ–သင်၏အသက်တာတွင်ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ကျင့်သုံးလော့။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၄ ကိုကောင်းစွာအသုံးပြုကြရန် အားလုံးကိုတိုက်တွန်းပါ။ စာမျက်နှာ ၃-၄၊ ကျမ်းဦးစကားမှ မှတ်ချက်များကိုဆွေးနွေးပါ။ နေ့စဉ်ကျမ်းချက်သုံးသပ်ရန် အဘယ်အချိန်သည် သူတို့အတွက် အကောင်းဆုံးဖြစ်သည်ကို တွေ့ရှိကြကြောင်း ပရိသတ်ကိုမေးပါ။ နေ့အတွက် ကျမ်းချက်နှင့် မှတ်ချက်များကို အသင်းတော်နှင့်ဆွေးနွေးပါ။ အချက်အလက်များကို ကျွန်ုပ်တို့ မည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်း မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။ ကျမ်းချက်ကို နေ့စဉ်ဆွေးနွေးသည့်အခါ အကြောင်းအရာကို မိမိတို့ မည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်း အချိန်အနည်းငယ်ယူ၍ စဉ်းစားသုံးသပ်ကြရန် အားလုံးကိုတိုက်တွန်းပါ။

၁၈ မိ–ယုံကြည်သူချင်းများနှင့် မိတ်ဆွေဖွဲ့ခြင်းကို ပျိုးထောင်ပါ။ (သု. ၁၈:၂၄; ၂၇:၉) ဒီဇင်ဘာ ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂-၃ ကိုအခြေပြု၍ ဟောပြောကာ ပရိသတ်နှင့်ဆွေးနွေးရန်။ စစ်မှန်သောဝတ်ပြုရေး၏ ဆုကျေးဇူးတစ်ခုမှာ မိတ်ဆွေစစ်များဖွဲ့ရသည့် အခွင့်အရေးဖြစ်သည်။ အစည်းအဝေးများတွင်၊ လယ်ကွင်းဓမ္မအမှုတွင်နှင့် အခြားအခါသမယများတွင် ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံမှုသည် အားပေးမှုများစွာဖြစ်စေ၏။ အသင်းတော်ရှိ အခြားသူများနှင့် မိတ်ဆွေဖွဲ့ခြင်းကို ကျွန်ုပ်တို့ မည်သို့ပျိုးထောင်နိုင်သနည်း။ “တည်တံ့သောမိတ်ဆွေဖြစ်ရန် အဆင့်ခြောက်ဆင့်” လေးထောင့်ကွက်ကို သုံးသပ်ကာ ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့်ဆက်ဆံရာတွင် တစ်ချက်စီကို မည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်း မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၇၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၂ တွင်စမည့်အပတ်

သီချင်း ၂၀၄

၁၀ မိ–ဒေသကြေညာချက်များ။ ဖေဖော်ဝါရီလတွင်ဝေငှမည့်စာပေကို ဖော်ပြပါ။ ဇန်နဝါရီ ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃ ပါ ယေဟောဝါထံချဉ်းကပ်လော့ဝေငှမှုအတွက် တင်ဆက်နည်းများကို သုံးသပ်ပါ။

၂၀ မိ–“သင်၏အချိန်အသုံးပြုပုံကို စေ့စေ့သတိပြုလော့။”c မလိုအပ်သောလုပ်ဆောင်မှုများကြောင့် ဝိညာဉ်ရေးရာလုပ်ဆောင်မှုများ မထိခိုက်စေရန် မိမိတို့လုပ်ဆောင်ကြသောအရာများကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

၁၅ မိ–ခရစ်တော်ကိုတုပခဲ့သော ပေါလုအား တုပကြလော့။ (၁ ကော. ၁၁:၁) ပရိသတ်နှင့်ဆွေးနွေးရန်။ ယေရှုနည်းတူ ပေါလုသည် “တွေ့ကြုံသောသူတို့” ကိုသက်သေခံရန် အခွင့်အရေးများရှာယူခဲ့၏။ (တ. ၁၇:၁၇) ကျွန်ုပ်တို့၏ရပ်ကွက်တွင် ယင်းကိုလုပ်ဆောင်ရန် အဘယ်အခွင့်အရေးများရှိသနည်း။ ဈေးသွားသည့်အခါ၊ အလုပ်ခွင်တွင် သို့မဟုတ် ကျောင်းတွင်ရှိသည့်အခါ၊ ပို့ဆောင်ရေးယာဉ်များစီးသည့်အခါ မည်သူများနှင့် ကျွန်ုပ်တို့ “တွေ့ကြုံ” ကြသနည်း။ အိမ်တွင် ကျွန်ုပ်တို့ရှိနေစဉ် မည်သူတို့နှင့်တွေ့ဆုံနိုင်သနည်း။ နေ့စဉ်လှုပ်ရှားသွားလာချိန်တွင် တွေ့ဆုံသူများအား သက်သေခံရာ၌ ရရှိခဲ့သည့်တွေ့ကြုံမှုများကို ပြန်ပြောပြကြရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ