သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ မှ ဖေဖော်ဝါရီ ၂၃ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေး
၁။ တင်ဆက်နေသောအကြောင်းအရာ၏ လက်တွေ့ကျတန်ဖိုးသည် ကျွန်ုပ်တို့၏ပရိသတ်အတွက် ပေါ်လွင်ကာ သူတို့ကို အမှန်တကယ်အကျိုးပြုကြောင်း သေချာစေရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ [ပက စ. ၁၅၈ အပိုဒ် ၂-၄]
၂။ ကျွန်ုပ်တို့၏စကားလုံးများကို အဘယ်ကြောင့် ဂရုတစိုက်ရွေးချယ်သင့်သနည်း။ [ပက စ. ၁၆၀ အပိုဒ် ၁ နှင့် ဒုတိယလေးထောင့်ကွက်]
၃။ ၁ ကောရိန္သု ၁၄:၉ ၌ ကောင်းသောစကားအပြောအဆို၏ အဘယ်အခြေခံလိုအပ်ချက်ကို ပေါ်လွင်စေသနည်း၊ ကျွန်ုပ်တို့သွန်သင်ရာတွင် ဤမူကို မည်သို့ လက်တွေ့ကျင့်သုံးနိုင်သနည်း။ [ပက စ. ၁၆၁ အပိုဒ် ၁-၄]
၄။ မဿဲ ၅:၃-၁၂ နှင့် မာကု ၁၀:၁၇-၂၁ တွင်တွေ့ရသည့်အတိုင်း ကျွန်ုပ်တို့တုပနိုင်သည့် ယေရှုသွန်သင်ချက်၏ ထင်ရှားပေါ်လွင်သော လက္ခဏာတစ်ခုကား အဘယ်နည်း။ [ပက စ. ၁၆၂ အပိုဒ် ၄]
၅။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် သို့မဟုတ် အသင်းတော်အစည်းအဝေးများ၌ မှတ်ချက်ပေးသည့်အခါတွင် အားမာန်ပါပါ၊ ခံစားချက်နှင့် ကွက်ကွက်ကွင်းကွင်းပေါ်လွင်စေသော စကားလုံးများကိုအသုံးပြုရန် အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ (မ. ၂၃:၃၇၊ ၃၈) [ပက စ. ၁၆၃ အပိုဒ် ၃–စ. ၁၆၄ အပိုဒ် ၁]
တာဝန်နံပါတ် ၁
၆။ ဟောပြောချက်တစ်ခု၏ အဓိကအကြောင်းဟူသည် အဘယ်နည်း၊ ဟောပြောချက်တစ်ခုအတွက် အကြောင်းအရာကို ရွေးချယ်ဖွဲ့စည်းသည့်အခါ ယင်းကို စိတ်တွင်စွဲမှတ်ထားခြင်းက မည်သို့ထိရောက်မှုရှိနိုင်သနည်း။ [ပက စ. ၃၉ အပိုဒ် ၆–စ. ၄၀ အပိုဒ် ၁]
၇။ (က) ဝိညာဉ်ရေး သန့်ရှင်းစင်ကြယ်မှုရှိခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း၊ ဝိညာဉ်ရေး သန့်ရှင်းစင်ကြယ်မှုကို အရေးအပါဆုံး သန့်ရှင်းစင်ကြယ်မှုကဏ္ဍအဖြစ် အဘယ်ကြောင့် ယူမှတ်နိုင်သနည်း။ (ခ) ခရစ်ယာန်များသည် လောကတွင် သာမန်ကိစ္စအဖြစ် လက်ခံကြသည့် ကျင့်ဝတ်ဆိုင်ရာမစင်ကြယ်မှုကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။ [က၀၂ ၂/၁ စစ. ၅-၆]
၈။ သမ္မာကျမ်းစာပါ မူရှိသမျှတွင် မည်သည့်မူများက ပို၍အရေးပါသနည်း။ [က၀၂ ၂/၁၅ စ. ၅ အပိုဒ် ၁၊ ၄၊ ၆]
၉။ ကိုယ်ချင်းစာနာစိတ်ဟူသည် အဘယ်နည်း၊ ယေရှုသည် ဤအရည်အသွေးကို မည်သို့တင်ပြခဲ့သနည်း။ [က၀၂ ၄/၁၅ စ. ၂၅ အပိုဒ် ၄-၅]
၁၀။ သုတ္တံ ၁၁:၁၁ သည် ယေဟောဝါလူမျိုးတော်၏ အသင်းတော်များနှင့် မည်သို့သက်ဆိုင်သနည်း။ [က၀၂ ၅/၁၅ စ. ၂၇ အပိုဒ် ၁-၃]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ကမ္ဘာဦး ၂:၉ တွင်ဖော်ပြထားသည့် “အသက်ပင်” က အဘယ်အရာကိုပုံဆောင်သနည်း။
၁၂။ လောတ၏ဇနီးသည် အဘယ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသနည်း။ (က. ၁၉:၂၆) [သတစ အပိုင်း ၁ စ. ၉၆ အပိုဒ် ၁၀]
၁၃။ ကမ္ဘာဦး အခန်းကြီး ၂၄ပါ ပရောဖက်ပြုချက်ဖြစ်ရပ်တွင် (က) အာဗြဟံ၊ (ခ) ဣဇာက်၊ (ဂ) အာဗြဟံ၏ကျွန် ဧလျာဇာ၊ (ဃ) ကုလားအုတ်ဆယ်ကောင်နှင့် (င) ရေဗက္ကတို့သည် မည်သူတို့ကို ပုံဆောင်သနည်း။
၁၄။ ယာကုပ်နှင့် ဧသောတို့၏ကံကြမ္မာကို ဘုရားသခင်ကြိုတင်ဖန်တီးခဲ့သလော။ (က. ၂၅:၂၃)
၁၅။ ရာခေလသည် ယေဟောဝါ၏ကောင်းချီးခံစားရရန် ဇွဲရှိရှိ ကြိုးစားအားထုတ်ရာတွင် အဘယ်နည်းဖြင့် ပုံသက်သေကောင်းတစ်ခုဖြစ်ခဲ့သနည်း။ (က. ၃၀:၁-၈) [က၀၂ ၈/၁ စစ. ၂၉-၃၀]