ကြေညာချက်များ
◼ဖေဖော်ဝါရီတွင်ဝေငှရန်စာပေ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်]။ ဤစာအုပ်ကို မရရှိနိုင်ပါက ဖန်ဆင်းခြင်းစာအုပ် (အကြီး သို့မဟုတ် အသေး) [လိပ်] သို့မဟုတ် ဗျာဒိတ်ကျမ်းအထွတ်အထိပ်စာအုပ် [လိပ်] ကို ဝေငှမှုတစ်မျိုးအနေနှင့် အသုံးပြုနိုင်သည်။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ လူတို့တွင် ဤစာအုပ်ရှိထားပြီးဖြစ်ပါက ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့! [လိပ်] ကိုဝေငှနိုင်သည်။ ဧပြီနှင့်မေ– ကင်းမျှော်စင်နှင့် နိုးလော့!နှစ်မျိုးစလုံးကို ဝေငှပါ။ သတိရအောက်မေ့ပွဲ နှင့်/သို့မဟုတ် အခြား သီအိုကရက်တစ်အခါသမယများ တက်ရောက်ခဲ့သော်လည်း အဖွဲ့အစည်းနှင့် တက်ကြွစွာ ပေါင်းသင်းမနေသူများ ပါဝင်ကောင်းပါဝင်မည့် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများ ပြုလုပ်သောအခါ ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ကိုဝေငှရန် အာရုံစိုက်ပါ။ အထူးသဖြင့် အချို့သူတို့သည် အသိပညာစာအုပ်နှင့် တောင်းဆိုဘရိုရှာတို့ကို လေ့လာထားနှင့်ပြီးဖြစ်ပါက အိမ်တွင်းကျမ်းစာသင်အံမှု တစ်ခုစတင်ရန် အစွမ်းကုန်ကြိုးစားသင့်သည်။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို မတ် ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစောစစ်ဆေးသင့်သည်။ ယင်းကိုပြုလုပ်ပြီးနောက် အသင်းတော်ကိုကြေညာပါ။ အဖွဲ့အစည်းကအဆိုပြုသည့် ကမ္ဘာချီလုပ်ငန်းအတွက်နှင့် အခြားရန်ပုံငွေတစ်စုံတစ်ရာအတွက် အသင်းတော်က ပေးပို့လှူဒါန်းခဲ့သည့် အလှူငွေများနှင့်စပ်လျဉ်းသော မည်သည့်ကျေးဇူးတင်လွှာကိုမဆို ဖတ်ပြပါ။
◼ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်များအားလုံး၏လုပ်ငန်းကို ပြန်သုံးသပ်သင့်သည်။ တစ်ဦးတစ်ယောက်သည် သတ်မှတ်နာရီပြည့်မီရန် အခက်တွေ့နေပါက အကူအညီပေးရန် အကြီးအကဲများစီစဉ်သင့်သည်။ အကြံပြုချက်များအတွက် နှစ်စဉ် S-201 စာများကို ပြန်သုံးသပ်ပါ။
◼ ၂၀၀၄ သတိရအောက်မေ့ပွဲကာလအတွက် အထူးလူထုဟောပြောချက်ခေါင်းစဉ်မှာ “ရဲစွမ်းသတ္တိရှိကာ ယေဟောဝါကို ယုံကြည်ကိုးစားလော့” ဖြစ်ပါမည်။ သက်ဆိုင်သောကြေညာချက်ကို စက်တင်ဘာ ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ကြည့်ပါ။
◼ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကို ဟားခါးဘာသာစကားဖြင့်လိုအပ်သလောက်မှာယူနိုင်ပါသည်။