သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၄ ခုနှစ် ဧပြီ ၂၆ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည် ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၄ ခုနှစ် မတ် ၁ မှ ဧပြီ ၂၆ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များ မပါလျှင် အဖြေများ ရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့ လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ဟောပြောချက် ပေးသည့်အခါ စာမူမှ ဖတ်ပြခြင်းထက် အောက်လိုင်းသုံး၍ ဟောပြောခြင်းသည် အဘယ်ကြောင့် သာ၍ ကောင်းသနည်း။ [ပက စ. ၁၆၆ အပိုဒ် ၃]
၂။ လယ်ကွင်းလုပ်ငန်းအတွက် ပြင်ဆင်ရာတွင် ကျွန်ုပ်တို့ တွေးဆထားရာများကို စိတ်အောက်လိုင်းအဖြစ် မည်သို့ စနစ်တကျ စုစည်းနိုင်သနည်း။ [ပက စ. ၁၆၇ အပိုဒ် ၃]
၃။ တမန်တော် ၁၃:၁၆-၄၁ နှင့် တမန်တော် ၁၇:၂၊ ၃ ကို အသုံးပြု၍ ပေါလုက ‘ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း ကျိုးကြောင်းဆီလျော်စွာ တင်ပြ’ ပုံကို ရှင်းပြပါ။ (တ. ၉:၂၂၊ ကဘ) [ပက စ. ၁၇၀ အပိုဒ် ၂]
၄။ လက်တန်းဟောပြောခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။ [ပက စ. ၁၇၅ အပိုဒ် ၂-၅]
၅။ လက်တန်းဟောပြောခြင်းတွင် အဘယ်အန္တရာယ်များ ရှိနိုင်သနည်း၊ ၎င်းတို့ကို ရှောင်ကြဉ်ရန် အဘယ်အရာက သင့်အား ကူညီပေးနိုင်သနည်း။ [ပက စ. ၁၇၅ အပိုဒ် ၆–စ. ၁၇၆ အပိုဒ် ၃]
တာဝန်နံပါတ် ၁
၆။ ကမ္ဘာဦး ၃၂:၂၄-၃၂ ပါမှတ်တမ်းအရ အသက် ၉၇ နှစ်ရှိသည့် ယာကုပ်သည် ယေဟောဝါ၏ ကောင်းချီးရရန် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း၊ ၎င်းက ကျွန်ုပ်တို့အား မည်သည့်အရာ သွန်သင်ပေးသနည်း။ [က၀၂ ၈/၁ စစ. ၂၉-၃၁]
၇။ “စဉ်းစားတွေးခေါ်နိုင်စွမ်း” ဟူသည် အဘယ်နည်း၊ ၎င်းသည် ဟန်ချက်ပျက်သွားခြင်းနှင့် မလိုအပ်ဘဲ ထိခိုက်နာကျင်ခြင်း မဖြစ်စေရန် မည်သို့ တားဆီးပေးနိုင်သနည်း။ (သု. ၁:၄၊ ကဘ) [က၀၂ ၈/၁၅ စစ. ၂၁-၂]
၈။ လူထုဟောပြောချက်ပေးသူများသည် ကျမ်းစာကို ဟောပြောချက်အတွက် အခြေခံ မည်သို့ ဖြစ်စေနိုင်သနည်း။ [ပက စ. ၅၂ အပိုဒ် ၆–စ.၅၃ အပိုဒ် ၅]
၉။ ဟောပြောချက် အောက်လိုင်းတစ်ခုကို အဆီအနှစ်ပြည့်နေသော ကျမ်းစာရှင်းပြချက်တစ်ခုအဖြစ် အသွင်ပြောင်းရာတွင် ဟောပြောသူသည် အဘယ်ဆုံးဖြတ်ချက်များကို ချရမည်နည်း။ [ပက စ. ၅၄ အပိုဒ် ၂-၄]
၁၀။ ယေဟောဝါသည် ဣသရေလလူမျိုးအား တောကန္တာရတွင် အဘယ်ကြောင့် တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီးတစ်လ မန္နမုန့် ကျွေးမွေးခဲ့သနည်း၊ ၎င်းမှ အဘယ်အရာကို သင်ယူနိုင်သနည်း။ (တရား. ၈:၁၆) [က၀၂ ၉/၁ စ. ၃၀ အပိုဒ် ၃-၄]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ကမ္ဘာဦး ၃၇:၁၂-၁၇ ပါ ဖော်ပြချက်အရ ယောသပ်၏လမ်းစဉ်နှင့် ယေရှု၏လမ်းစဉ်တွင် အဘယ်ဆင်တူချက်ကို တွေ့ရှိရသနည်း။ [က၈၈ ၅/၁ စ. ၁၅ အပိုဒ် ၁၂]
၁၂။ ကမ္ဘာဦး ၄၂:၂၅-၃၅ ပါ မှတ်တမ်းတွင် တွေ့နိုင်သည့်အတိုင်း ယောသပ်သည် ယေရှုပြတော်မူသည့် သနားကြင်နာမှုမျိုးကို မည်သို့ပြသခဲ့သနည်း။ [က၈၈ ၅/၁ စ. ၂၀ အပိုဒ် ၁၀; စ. ၂၂ အပိုဒ် ၁၇]
၁၃။ ယနေ့ ကျေးကျွန်အတန်းအစားပြုလုပ်ပေးသည့် ပြင်ဆင်ပေးချက်များသည် ယောသပ်ခေတ်က စပါးဝေငှပေးခြင်းနှင့် မည်သို့တူညီသနည်း။ (က. ၄၇:၂၁-၂၅)
၁၄။ “ငါဖြစ်သည်အတိုင်း ငါဖြစ်” မည်ဟုဆိုရာ၌ ယေဟောဝါသည် မိမိ၏နာမတော်နှင့်ပတ်သက်၍ အဘယ်အရာကို ဖော်ပြနေခြင်းဖြစ်သနည်း။ (ထွ. ၃:၁၄၊ ၁၅)
၁၅။ ထွက်မြောက်ရာ ၁၆:၂၊ ၃ တွင် ညည်းညူခြင်းနှင့်ဆိုင်သည့် မွေးရာပါ အဘယ်အန္တရာယ်နှစ်ခုကိုသတိပြုစေသနည်း။ [က၉၃ ၃/၁၅ စစ. ၂၀-၁]