ကြေညာချက်များ
◼ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ တွင်ဝေငှရန်စာပေ– ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှပါ။ သို့မဟုတ် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော [လိပ်]၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်နှင့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် အပါအဝင် အခြားဝေငှစရာများကို အသုံးပြုပါ။
◼ ၂၀၀၅ ခုနှစ် သတိရအောက်မေ့ပွဲကာလအတွက် အထူးလူထုဟောပြောချက်ကို ဧပြီ ၁၀ ရက်၊ တနင်္ဂနွေနေ့တွင်ပေးပါမည်။ ဟောပြောချက်၏အကြောင်းအရာကို နောက်ပိုင်းတွင် ကြေညာပေးပါမည်။ ထိုရက်သတ္တပတ်ကုန်ပိုင်းတွင် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှု သို့မဟုတ် စည်းဝေးပွဲတစ်ခုရှိနေသည့် အသင်းတော်များသည် နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မဆို အထူးဟောပြောချက်ကို ၂၀၀၅ ခုနှစ်၊ ဧပြီ ၁၀ ရက်၊ တနင်္ဂနွေနေ့ မတိုင်မီမပေးသင့်ပါ။
◼ လည်ပတ်သင့်သည့် နှင်ထုတ်ခံရသူ သို့မဟုတ် ပေါင်းသင်းမှုရပ်စဲခံခဲ့ရသူများနှင့်ပတ်သက်၍ ဧပြီ ၁၅၊ ၁၉၉၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၂ ပါညွှန်ကြားချက်များကို လိုက်လျှောက်ကြရန် အကြီးအကဲများကို နှိုးဆော်ပါသည်။
◼ အသင်းတော်များသည် နောက်ဆုံးထုတ် ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများကို ရလျှင်ရချင်း ဖြန့်ဝေပေးသင့်သည်။ ထိုသို့ပြုခြင်းက မဂ္ဂဇင်းများကို လယ်ကွင်းလုပ်ငန်းတွင် မဝေငှမီ ကြေညာသူများအား ၎င်း၌ ပါရှိသည့်အကြောင်းအရာများနှင့် အကျွမ်းတဝင်ရှိနေစေမည်ဖြစ်သည်။
◼ အောက်တိုဘာတွင် စနေတနင်္ဂနွေငါးကြိမ်ရှိမည်ဖြစ်ရာ အရန်ရှေ့ဆောင်ရန် အလွန်ကောင်းသောလတစ်လဖြစ်ပါမည်။