သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၅ ခုနှစ် စက်တင်ဘာ ၆ မှ အောက်တိုဘာ ၂၅ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ခရစ်ယာန်လှုပ်ရှားမှု အသွင်အပြင်အချို့နှင့်ပတ်သက်၍ ဟောပြောချက်ပေးသည့်အခါ အပြုသဘောလေသံကို မည်သို့ဆက်ထိန်းထားနိုင်သနည်း။ [ပက စ. ၂၀၃ အပိုဒ် ၃-၄]
၂။ ထပ်မံပြောဆိုခြင်းကား အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ [ပက စ. ၂၀၆ အပိုဒ် ၁-၄]
၃။ ကျွန်ုပ်တို့ဟောပြောချက်များ၏ အဓိကအကြောင်းကို မည်သို့လေးနက်စေနိုင်သနည်း။ [ပက စ. ၂၁၀ အပိုဒ် ၁-၅၊ လေးထောင့်ကွက်]
၄။ ကျွန်ုပ်တို့တာဝန်ရထားသည့် ဟောပြောချက်ပါ အဓိကအချက်များကို မည်သို့ဆုံးဖြတ်နိုင်သနည်း။ [ပက စ. ၂၁၂ အပိုဒ် ၁-၄]
၅။ အဓိကအချက်မများလွန်းစေရန် ကျွန်ုပ်တို့ အဘယ်ကြောင့်ဂရုပြုသင့်သနည်း။ [ပက စ. ၂၁၃ အပိုဒ် ၂-၄]
တာဝန်နံပါတ် ၁
၆။ ရေလွှမ်းမိုးဘေးမတိုင်မီ အဘယ်ဖွံ့ဖြိုးတိုးတက်မှုများက မိမိတို့ပတ်ပတ်လည်ရှိ အရာခပ်သိမ်း ဆုံးခန်းတိုင်မည်ဖြစ်ကြောင်း ယုံကြည်ရန် လူတို့ကို အခက်တွေ့စေခဲ့မည်နည်း။ [က၀၂ ၃/၁ စစ. ၅-၆]
၇။ ယေရှု၏တစ်ခေတ်တည်းသားများက ကိုယ်တော်အား “ကုသပေးသူ” ဟုမခေါ်ကြဘဲ “ဆရာ” ဟုခေါ်ခဲ့ကြခြင်းသည် အဘယ်ကြောင့် မှတ်သားထိုက်သနည်း။ (လု. ၃:၁၂; ၇:၄၀) [က၀၂ ၅/၁ စ. ၄ အပိုဒ် ၃; စ. ၆ အပိုဒ် ၅]
၈။ သုတ္တံ ၁၁:၂၄၊ ၂၅ က လယ်ကွင်းဓမ္မအမှုတွင် အပြည့်အဝပါဝင်ခြင်း၏တန်ဖိုးကို မည်သို့ပေါ်လွင်စေသနည်း။ [က၀၂ ၇/၁၅ စ. ၃၀ အပိုဒ် ၂-၄]
၉။ ဧဒင်အရပ်တွင် ပုန်ကန်မှုကြောင့် အဘယ်ကိုယ်ကျင့်တရားကိစ္စ ပေါ်ပေါက်ခဲ့သနည်း၊ ထိုပုန်ကန်မှု၏ရလဒ်များကား အဘယ်နည်း။ (က. ၃:၁-၆) [က၀၂ ၁၀/၁ စ. ၆ အပိုဒ် ၁၊ ၃၊ ၄]
၁၀။ ယေရုရှလင်မြို့တွင် စစ်မှန်သောဝတ်ပြုရေး ပြန်လည်တည်ထောင်သည့်ရက်စွဲကို မည်သို့သတ်မှတ်သနည်း။ [ဘကမ-၀၄ စ. ၃ အပိုဒ် ၅]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ဗာလက်၏လူတို့နှင့်အတူ လိုက်သွားဖို့ ဗာလမ်အား ယေဟောဝါပြောခဲ့ပါလျက် ထိုပရောဖက်လိုက်သွားသောအခါ ကိုယ်တော် အဘယ်ကြောင့် အမျက်ထွက်သနည်း။ (တော. ၂၂:၂၀-၂၂)
၁၂။ ခရစ်ယာန်အမျိုးသမီးတစ်ဦး၏ လင်ယောက်ျားသည် သူမ၏ကတိသစ္စာများကို ချေဖျက်နိုင်သလော။ (တော. ၃၀:၆-၈)
၁၃။ “ခိုလှုံရာမြို့များ” သည် ယနေ့ အဘယ်အရာကို ကိုယ်စားပြုသနည်း။ (တော. ၃၅:၆၊ ကဘ) [က၉၅ ၁၁/၁၅ စ. ၁၇ အပိုဒ် ၈]
၁၄။ ‘ဘုရားသခင်၏ပညတ်စကားများကို လက်၌လည်းကောင်း၊ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရမည်’ ဟူသော တရားဟောရာ ၆:၆-၉ ပါအမိန့်တော်ကို စာသားအတိုင်းနားလည်ဖို့လော။
၁၅။ “သင်ဝတ်သောအဝတ် မဟောင်းမနွမ်း” ဟူသောအသုံးအနှုန်းက ဣသရေလလူမျိုးတို့၏ အဝတ်အစားကို အသစ်ပြန်လဲပေးသည်ဟုသာ ဆိုလိုပါသလော။ (တရား. ၈:၄)