လုပ်ငန်းတော်စည်းဝေးအစီအစဉ်
နိုဝင်ဘာ ၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– လုပ်ငန်းတော်စည်းဝေးမှ အကျိုးအပြည့်အဝရယူပါ။ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၇၁-၂ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ လုပ်ငန်းတော်စည်းဝေးသည် ခရစ်ယာန်ဓမ္မအမှုဆောင်များအဖြစ် တိုးတက်ရန် မည်သည့်နည်းငါးနည်းဖြင့် ကျွန်ုပ်တို့ကို ကူညီပေးသနည်း။ လက်ရှိလအစီအစဉ်မှ နမူနာများကို ဖော်ပြပါ။ ကြိုတင်ပြင်ဆင်ခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။ လုပ်ငန်းတော်စည်းဝေးကို အဘယ်ကြောင့် မှန်မှန်တက်ရောက်ကြသနည်း။ ဤအစည်းအဝေးအတွက် အဘယ်ကျမ်းစာ အစဉ်အလာ ရှိသနည်း။
၂၀ မိ– “အရေးတကြီးသဘောထား ဆက်ရှိစေပါ!”a ဇန်နဝါရီ ၁၅၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၃ မှမှတ်ချက်များ ပါဝင်စေပါ။
သီချင်း ၁၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၆ ပါအကြံပြုချက်များသည် သင့်အသင်းတော်ရပ်ကွက်အတွက် လက်တွေ့ကျလျှင် အောက်တိုဘာ ၁၅ ကင်းမျှော်စင် နှင့် နိုဝင်ဘာ ၈ နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြရန် ယင်းတို့ကို အသုံးပြုပါ။ လက်တွေ့ကျသည့် အခြားတင်ဆက်နည်းများကို အသုံးပြုနိုင်သည်။
၁၅ မိ– ပေးကမ်းခြင်းမှရသည့် ပျော်ရွှင်မှုကို သင်သိပါသလော။ နိုဝင်ဘာ ၁၊ ၂၀၀၄၊ ကင်းမျှော်စင် ၁၉-၂၃ ကိုအခြေခံ၍ ဟောပြောရန်။
၂၀ မိ– “သခင်ဘုရား၌သာ ထိမ်းမြားပါ။”b
သီချင်း ၆၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၂၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်း မှတ်တမ်း။
၃၅ မိ– ဧပြီ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၉ ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုအခြေခံ၍ မေးဖြေရန်။
သီချင်း ၅၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၂၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ နိုဝင်ဘာ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။
၁၀ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။
၂၅ မိ– “တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၃။”c ဖော်ပြထားသည့်မေးခွန်းများကို အသုံးပြုပါ။ အပိုဒ် ၃ ကိုဆွေးနွေးပြီးနောက် တောင်းဆို ဘရိုရှာ၊ သင်ခန်းစာ ၅၊ အပိုဒ် ၁ ကို အသုံးပြုသည့် တိုတုတ်သော ကျမ်းစာသင်အံမှုသရုပ်ပြတစ်ခု ပါဝင်စေပါ။ အပိုဒ်ကို ဖတ်ပြီးပြီဖြစ်ကာ မေးခွန်းကို ဖြေဆိုရန်ဖြစ်သည်။ ကျင်းပသူနှင့် သင်သားတို့သည် ဟေရှာယ ၄၅:၁၈ နှင့် ဒေသနာ ၁:၄ ကိုဖတ်၍ ဆွေးနွေးကြသည်။ ကျမ်းချက်တစ်ချက်စီသည် သုံးသပ်နေသောအချက်နှင့် မည်သို့သက်ဆိုင်ကြောင်းကို သင်သားအား ရှင်းပြစေရန် ကျင်းပသူက ရိုးရှင်းသောမေးခွန်းများမေးသည်။
သီချင်း ၁၇၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာတွင်ဝေငှမည့်စာပေကို ဖော်ပြပါ။ အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှသည့်အခါ အသုံးပြုနိုင်သည့် တင်ဆက်နည်းတစ်ခုနှစ်ခုကို သရုပ်ပြပါ။
၂၀ မိ– “သင်ကူညီနိုင်မည်လော။”d အခြားသူများပေးသည့် အကူအညီနှင့် အားပေးမှုအတွက် ကျေးဇူးတင်ခဲ့ကြသည့် ကြေညာသူတစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
သီချင်း ၁၀၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။