ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၄ စာ. ၃
  • သခင်ဘုရား၌သာ ထိမ်းမြားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သခင်ဘုရား၌သာ ထိမ်းမြားပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၁၁/၀၄ စာ. ၃

သခင်ဘုရား၌သာ ထိမ်းမြားပါ

ခင်ပွန်းသည် သေဆုံးသွားသောအမျိုးသမီးနှင့်ပတ်သက်၍ “မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏” ဟုတမန်တော်ပေါလု အကြံပြုခဲ့သည်။ (၁ ကော. ၇:၃၉) ၎င်းသည် လူသားတစ်ဦးထံမှ ပုဂ္ဂိုလ်ရေးအကြံပြုချက်တစ်ခုမျှသာ မဟုတ်ချေ။ မှုတ်သွင်းခံရစဉ် ယင်းကို ပေါလုရေးသားခဲ့ခြင်းဖြစ်ရာ ၎င်းသည် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာနှင့် မေတ္တာပါသော သွန်သင်ချက်ဖြစ်၏။ ထို့ကြောင့် ခရစ်ယာန်များသည် ၎င်းကို ဘေးချိတ်ထားရမည့်အရာ သို့မဟုတ် ပေါ့ပေါ့တန်တန်ထားရမည့်အရာအဖြစ် သဘောမထားဘဲ လေးလေးနက်နက်သဘောထားသင့်၏။ သမ္မာကျမ်းစာတွင်ပါသော သမိုင်းဝင်မှတ်တမ်းများက ယင်းကို အလေးပေးဖော်ပြသည်။

အာဗြဟံသည် ဣဇာက်အတွက် မိန်းမရွေးချယ်သည့်အခါ မှောက်မှားသော ဝတ်ပြုကိုးကွယ်မှုလိုက်စားသည့် ပတ်ဝန်းကျင်ရှိ ခါနာန်လူမျိုးများထဲမှ အမျိုးသမီးတစ်ဦးကို မရွေးချယ်ခဲ့ပါ။ ထိုသို့ပြုမည့်အစား စစ်မှန်သောဘုရားသခင်ကို အသိအမှတ်ပြုသည့် ဆွေမျိုးသားချင်းများထဲမှ အမျိုးသမီးတစ်ဦးကိုရွေးရန် ဒုက္ခခံပြီး ခရီးဝေးနှင်ခဲ့သည်။ အလားတူ ဣဇာက်ကလည်း ယာကုပ်ကို “သင်သည် ခါနာန်အမျိုးသမီးနှင့်အိမ်ထောင်ဖက်မပြုရ” ဟုပြောခဲ့သည်။ (က. ၂၈:၁; ၂၄:၁-၆၇) အိမ်ထောင်ပြုခြင်းသည် ချစ်ကြိုက်တွယ်တာမှုကိစ္စမျှသာ မဟုတ်ကြောင်း အာဗြဟံနှင့် ဣဇာက်တို့ သဘောပေါက်ခဲ့ကြသည်။ ယေဟောဝါအား ဆည်းကပ်ဝတ်ပြုခြင်းနှင့်ပတ်သက်နေသည်၊ အကြောင်းမှာ မယုံကြည်သူတစ်ဦးကို အိမ်ထောင်ပြုခြင်းဖြင့် ကြီးမားသောပြဿနာများ ပေါ်ပေါက်နိုင်ကာ စင်ကြယ်သောဝတ်ပြုရေးမှပင် သွေဖည်သွားစေနိုင်သောကြောင့်ဖြစ်၏။

သို့သော် ဟေဗြဲလူမျိုးတိုင်းသည် ယေဟောဝါအား ဝတ်မပြုသူတို့နှင့် ခိုင်မာပြတ်သားစွာ သီးခြားနေခဲ့ကြသည်မဟုတ်ချေ။ ဥပမာ၊ ဒိနသည် စစ်မှန်သောဘုရားသခင်ကို ဝတ်မပြုကြသည့် မိမိပတ်ဝန်းကျင်ရှိ လူငယ်တို့နှင့်ပေါင်းသင်းခဲ့သည်။ အဘယ်ရလဒ် ရရှိခဲ့သနည်း။ လူငယ်တစ်ဦးသည် ရာဂစိတ်ပြင်းပြလာကာ သူ့အား ဖျက်ဆီးလိုက်လေသည်။ ယုဒသည် သူ့မိသားစုမှ ထွက်ခွာသွားကာ ခါနာန်အမျိုးသမီးတစ်ဦးနှင့် အတန်ကြာပေါင်းသင်းခဲ့ပုံရသည်။ ယင်းကြောင့် မည်သို့ဖြစ်လာခဲ့သနည်း။ ထိုဘက်မညီသောပေါင်းဖက်မှုမှ သားသုံးယောက်မွေးလာ၏။ သို့သော် ၎င်းတို့ထဲမှ နှစ်ဦးသည် ဆိုးသွမ်းသောကြောင့် ယေဟောဝါဖျက်ဆီးခဲ့ရသည်။ ရှိမောင်သည်လည်း ခါနာန်အမျိုးသမီးတစ်ဦးနှင့် သားတစ်ဦးရခဲ့သည်။ ၎င်းကို လွန်စွာပင်ဖြစ်ရိုးဖြစ်စဉ်မဟုတ်သောအရာ သို့မဟုတ် အလွန်မနှစ်မြို့ဖွယ်ရာအဖြစ် ယူမှတ်ခဲ့ကာ ဂရုပြုရန် ယာကုပ်၏ဆွေစဉ်မျိုးဆက်စာရင်းတွင် ဖော်ပြထားသည်။—က. ၃၄:၁၊ ၂; ၃၈:၁-၁၀; ၄၆:၈-၁၀။

ဘုရားသခင်သည် ဣသရေလလူမျိုးအား လမ်းညွှန်ရန် ပညတ်ဥပဒေပေးခဲ့သောအခါ ယေဟောဝါအား ဝတ်မပြုသူတစ်ဦးနှင့် ထိမ်းမြားစုံဖက်ခြင်းမပြုရန် သတိပေးခဲ့သည်။ (တရား. ၇:၂-၄) ရှောလမုန်ကြုံခဲ့ရသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်က ဤအချက်၏ ဉာဏ်ပညာရှိမှုကို ထင်ရှားစေသည်။ မိမိသည် သူမတူအောင် ဉာဏ်ပညာရှိသောကြောင့် ယေဟောဝါအား ဝတ်မပြုသူအမျိုးသမီးများနှင့် ထိမ်းမြားခြင်းမှ ပေါ်ပေါက်လာမည့် မည်သည့်ပြဿနာ သို့မဟုတ် စမ်းသပ်မှုကိုမဆို ဖြေရှင်းနိုင်သည်ဟု ထင်ခဲ့ကောင်းထင်ခဲ့ပေမည်။ သို့သော် ရှောလမုန်သည် ဘုရားသခင်၏သွန်သင်ချက်ကို လျစ်လျူရှုသောအခါ သူကိုယ်တိုင်ပင် ပူဆွေးသောကရောက်ခဲ့ရသည်။—၃ ရာ. ၁၁:၁-၆။

နောက်ဆုံးတွင် ခရစ်ယာန်ဂရိကျမ်းစာ၌ ဤသွန်သင်ချက်ကို ဘုရားသခင် ထပ်ဆင့်ပေးခဲ့သည်– အရှင်သခင်၏အမှုတော် မထမ်းဆောင်သူတစ်စုံတစ်ဦးကို မထိမ်းမြားနှင့်။ ‘လူရည်သန့်တစ်ဦးကို တွေ့မည်ဆိုလျှင် ခရစ်ယာန်တစ်ဦးဖြစ်လာနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုသူအား ပိုးပန်း၊ ထိမ်းမြားခြင်းကို ခွင့်ပြုနိုင်စရာရှိသည်’ ဟုမှုတ်သွင်းခံသွန်သင်ချက်က မဆိုထားပါ။ ထိုသို့ဆိုမည့်အစား ဘုရားသခင့် နှုတ်ကပါဌ်တော်က “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်” ဟု ရှင်းလင်းစွာဆိုထားသည်။ (၂ ကော. ၆:၁၄) နှစ်ခြင်းခံပြီးသောခရစ်ယာန် မဟုတ်သေးသူတစ်ဦးကို ထိမ်းမြားခြင်းသည် ထိုအရေးကြီးသောသွန်သင်ချက်ကို ပမာမခန့်ပြုခြင်းဖြစ်ပါမည်။

လူမျိုးတစ်မျိုးအနေဖြင့် ယေဟောဝါသက်သေများသည် ဤသွန်သင်ချက်ကို ဉာဏ်ပညာရှိပြီး အရေးကြီးသည့်သွန်သင်ချက်အဖြစ် ရှုမြင်ကြသောကြောင့် သူတို့သည် မည်သူ့ကိုမျှ ၎င်းသွန်သင်ချက်ကို မဆန့်ကျင်စေလိုကြပါ။ ဥပမာ၊ အားနည်းမှုကြောင့် ဝိညာဏညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက ယေဟောဝါသက်သေမဟုတ်သူတစ်ဦးကို စတင်ပိုးပန်းမည် သို့မဟုတ် ချိန်းတွေ့မည်ဆိုလျှင် အသင်းတော်ရှိ အခြားသူများသည် ထိုမယုံကြည်သူနှင့် ရင်းရင်းနှီးနှီးပေါင်းသင်းခြင်းဖြင့် ၎င်းကိစ္စကို အားပေးလိုကြမည်မဟုတ်ပေ။ ခရစ်ယာန်မဟုတ်သူတစ်ဦးသည် အပေါင်းအသင်းကောင်းတစ်ဦးမဟုတ်ဟူသော ကျမ်းစာအဆိုကို သူတို့သဘောတူကြသည်။ (၁ ကော. ၁၅:၃၃) သို့သော် သူတို့သည် မိမိတို့၏ညီအစ်ကို သို့မဟုတ် ညီအစ်မကိုမူ စိတ်ဝင်စားမှု ဆက်ပြသွားသင့်သည်။ သူတို့သည် ရှောလမုန်လိုက်ခဲ့သော ဝမ်းနည်းဖွယ်လမ်းသို့ မလိုက်မိစေရန် လမ်းလွဲနေသောခရစ်ယာန်အား ကူညီပေးဖို့ အကင်းပါးပြီး အားရှိစေသောစကားများဖြင့် သတိပေး ဆုံးမနိုင်ပေမည်။—၂ သက်သာလောနိတ် ၃:၁၄၊ ၁၅ နှင့် နှိုင်းယှဉ်ပါ။

သို့သော် သက်သေခံတစ်ဦးက ဘုရားသခင်၏သြဝါဒကို ပမာမခန့်ပြုကာ နှစ်ခြင်းခံပြီးသောသက်သေခံ မဟုတ်သူတစ်ဦးကို ထိမ်းမြားရန်စီစဉ်မည်ဆိုလျှင် အသို့နည်း။ ခြွင်းချက်ထားစရာအကြောင်း တစ်စုံတစ်ရာမရှိလျှင် အသင်းတော်ရှိ ညီအစ်ကိုများသည် ထိုသို့ထမ်းပိုးမညီသည့်အတွဲကို ထိမ်းမြားပေးလိုမည်မဟုတ်ပေ။ နိုင်ငံတော်ခန်းမကို ထိုမင်္ဂလာပွဲအတွက် အသုံးပြုခွင့် ပေးနိုင်မည်မဟုတ်ပေ။ “သခင်ဘုရား၌သာ” ထိမ်းမြားကြသော နှစ်ခြင်းခံပြီးသည့် ခရစ်ယာန်နှစ်ဦး၏မင်္ဂလာပွဲအတွက်မူ အသုံးပြုနိုင်သည်။ သို့မဟုတ် အသင်းတော်၏အစိတ်အပိုင်းအဖြစ် ဘုရားသခင်၏အမှုတော်ကို မှန်မှန်ထမ်းဆောင်ကာ မကြာမီအချိန်တွင် နှစ်ခြင်းခံကြမည့်သူနှစ်ဦးအတွက် နိုင်ငံတော်ခန်းမကို တစ်ခါတစ်ရံ အသုံးပြုကောင်းပြုမည်။ ‘မယုံကြည်သူနှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ထမ်းပိုးထမ်း’ ရန်စီစဉ်နေသည့် သက်သေခံတစ်ဦးအား နိုင်ငံတော်ခန်းမကို အသုံးပြုခွင့်မပေးခြင်းအားဖြင့် အသင်းတော်အကြီးအကဲများသည် “သခင်ဘုရား၌သာ” ထိမ်းမြားလော့ဟူသော ဘုရားသခင့်သွန်သင်ချက်၏အရေးကြီးမှုကို အလေးပေးဖော်ပြနိုင်ကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ