လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဒီဇင်ဘာ ၁၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဒီဇင်ဘာ ၂၅ နှင့် ဇန်နဝါရီ ၁ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်း အစီအစဉ်များကို ဖော်ပြပါ။ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် နှင့် ဒီဇင်ဘာ ၈ နိုးလော့!အတွက် တင်ဆက်ပုံကို သရုပ်ပြရန် စာမျက်နှာ ၁၀ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။ အခြားလက်တွေ့ကျသည့် တင်ဆက်မှုများကို အသုံးပြုနိုင်သည်။ တစ်ခုစီတွင် “ခင်ဗျားတို့အလုပ်ကို ကျုပ်ကောင်းကောင်းသိပြီးသား” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူကိုကိုင်တွယ်ရန် တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စ. ၂၀ ရှု။
၁၅ မိ– “သင့်အကူအညီလိုအပ်။”a အကြီးအကဲတစ်ဦးကို တိုတိုတုတ်တုတ်လူတွေ့မေးမြန်းပါ။ အသင်းတော်တွင် တက်လှမ်းရန် သူ့အား အဘယ်အရာက အားပေးမှုဖြစ်စေခဲ့ကြောင်းနှင့် အရည်အချင်းပြည့်မီရန် အဘယ်အရာက သူ့အား ကူညီပေးခဲ့ကြောင်း ပြောပြစေပါ။
၂၀ မိ– “ဆွေမျိုးများအား သက်သေခံခြင်း—မည်သို့နည်း။”b ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ ဆွေမျိုးများအား မည်သို့ စိတ်ဝင်စားမှုကို နှိုးဆွပေးကာ သက်သေခံခဲ့ကြောင်း တိုတုတ်သည့်မှတ်ချက်များပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၀ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “သီအိုကရက်တစ်ဓမ္မအမှုကျောင်း ကျွန်ုပ်တို့ကို မည်သို့အကျိုးပြု။” ကျောင်းကြီးကြပ်မှူးဟောရန်။ အောက်တိုဘာ ၂၀၀၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှ မှတ်ချက်များပါဝင်စေပါ။ ကျောင်းမှ သူတို့ မည်သို့အကျိုးခံစားနေရကြောင်း မှတ်ချက်ပေးရန် တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။
၂၅ မိ– “ယေဟောဝါသက်သေများသည် သွေးအပိုင်းအစငယ်တစ်ခုခုကို လက်ခံပါသလော။” အကြီးအကဲတစ်ဦး ဟော၍ဆွေးနွေးရန်။
သီချင်း ၅၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်အင်းမှတ်တမ်း။ ဒီဇင်ဘာအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၁၀ ပါအကြံပြုချက်ကို(သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြု၍ ဒီဇင်ဘာ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။
၂၅ မိ– “စာရှုသူများထံမှမေးခွန်းလွှာ။” အကြီးအကဲတစ်ဦး ဟော၍ဆွေးနွေးရန်။
၁၀ မိ– သင့်သိစိတ်၏အခန်းကဏ္ဍ။ ဇွန် ၁၅၊ ၂၀၀၄၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၃-၄၊ အပိုဒ် ၁၆-၁၉ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။ သိစိတ်နှင့်ဆိုင်သောကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များတွင် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ပါဝင်ပတ်သက်နေသောကြောင့် ၎င်းတို့သည် အရေးကြီးကြောင်း အလေးပေးဖော်ပြပါ။
သီချင်း ၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၃ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီလတွင်ဝေငှမည့်စာပေကို ဖော်ပြပါ။
၁၅ မိ– “တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၄။” အပိုဒ် ၁ ကိုအခြေခံ၍ တစ်မိနစ်ထက်မပိုစေဘဲ နိဒါန်းပျိုးပြီးနောက် အပိုဒ် ၂-၃ ကိုအခြေခံ၍ ကျမ်းစာသင်အံမှုကျင်းပသူတစ်ဦးက သင်သားတစ်ဦးအား သင်အံမှုအတွက် မည်သို့ပြင်ဆင်ကြောင်း ပြသပေးနေပုံကို ငါးမိနစ်သရုပ်ပြပါ။ သရုပ်ပြခန်းတွင် အသိပညာ စာအုပ်မှဖြစ်စေ၊ တောင်းဆို ဘရိုရှာမှဖြစ်စေ အပိုဒ်တစ်ပိုဒ်ကိုအသုံးပြုပါ။ သရုပ်ပြခန်းမှ အဓိကအချက်များကို ပေါ်လွင်စေကာ အပိုဒ် ၂-၅ ကို ဆက်၍မေးဖြေဆွေးနွေးပါ။
၂၅ မိ– သွေးကိုရှောင်ကြဉ်လော့ဟူသော ဘုရားသခင့်အမိန့်တော်ကို နာခံခြင်း။ ဌာနခွဲရုံးကပို့ပေးသော စာမူအောက်လိုင်းကိုအသုံးပြု၍ အကြီးအကဲတစ်ဦးဟောရန်။ အစပြုသည်နှင့် ကကစ ကတ်များကို ယနေ့ဖြည့်ရန်မဟုတ်ကြောင်း ဖော်ပြပါ။ စာမူအောက်လိုင်းကို ဖတ်နေစဉ် ဟောပြောသူသည် အဓိကအချက်များကို လေးနက်စေရန် တိုတုတ်သည့်မှတ်ချက်များ ထပ်ထည့်နိုင်သော်လည်း အကြောင်းအရာတွင် ဥပမာများ သို့မဟုတ် ကျမ်းချက်များ ထပ်၍မထည့်ပါနှင့်။ အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို ဖတ်နိုင်သည် သို့မဟုတ် ကိုးကားနိုင်သည်။ သင့်တော်သောနေရာများ၌ “သွေးကိုရှောင်ကြဉ်ရန် အထောက်အကူပြုသည့် အစီအစဉ်သစ်” ဟူသောလေးထောင့်ကွက်ပါ ဖော်ပြချက်များကို အာရုံစိုက်စေပါ။ အတွင်းရေးမှူးသည် ဟောပြောနေချိန်တွင် လိုက်ကြည့်နိုင်ရန် ကကစ ကတ်နှင့် “ကကစ ကတ်ကို ဖြည့်ရန် ညွှန်ကြားချက်များ” ကို နှစ်ခြင်းခံပြီးသောကြေညာသူအားလုံးအား ပေးထားသင့်သည်။ အတွင်းရေးမှူးသည် စိစစ်ရေးကတ် များအလုံအလောက်ရှိရန်လည်း သေချာစေသင့်သည်။
သီချင်း ၇၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။