ကြေညာချက်များ
◼ ဒီဇင်ဘာ တွင်ဝေငှရန်စာပေ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှပါ။ သို့မဟုတ် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော [လိပ်]၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် နှင့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် အပါအဝင် အခြားဝေငှစရာများကို အသုံးပြုပါ။ ဇန်နဝါရီ– ၁၉၉၀ ပြည့်နှစ်မတိုင်မီက ထုတ်ဝေခဲ့သော မည်သည့်စာအုပ်ကိုမဆို ဝေငှနိုင်သည်။ ထိုသို့သောစာအုပ်ဟောင်းတစ်ခုမျှမရှိသည့် အသင်းတော်များသည် ဘုရားသခင်ကို လူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။ ဖေဖော်ဝါရီ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်] စာအုပ်ကို ဝေငှကြမည်။ ဤစာအုပ်မရှိသောအသင်းတော်များသည် နောက်ဝေငှမှုတစ်မျိုးအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) သို့မဟုတ် ဗျာဒိတ်ကျမ်းအထွတ်အထိပ် [လိပ်] စာအုပ်ကို အသုံးပြုနိုင်သည်။
◼ ၂၀၀၅၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! တွင်ဖော်ပြထားသည့် “သင့်ဆရာဝန်အား နားလည်ပေးခြင်း” ဟူသော မျက်နှာဖုံးပါ ဆောင်းပါးတွဲများသည် မိမိတို့၏ဆရာဝန်များနှင့် ပိုမိုနားလည်မှုရှိစွာ ဆက်ဆံတတ်ရန် လူတို့ကို ကူညီပေးဖို့ဖြစ်သည်။ သို့သော် ဆောင်းပါးတွဲများက ကျမ်းစာပါ မျှော်လင့်ချက်သတင်းတရားကို ဆရာဝန်အချို့ အဘယ်ကြောင့် ကြိုက်နှစ်သက်ခဲ့ကြကြောင်း ဖော်ပြထားရာ ၎င်းဆောင်းပါးများကို ဆရာဝန်များကိုယ်တိုင် စိတ်ဝင်စားကြမည်မှာသေချာသည်။ သင်သည် အပိုစောင်ရေများမှာယူကာ သင်၏ဆရာဝန်ကိုသာမက အခြားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာရှင်များကိုလည်း တစ်စောင်စီပေးရန် အထူးကြိုးစားလိုပေမည်။ ယင်းလထုတ်အတွက် တိုး၍မှာယူမှုတစ်စုံတစ်ရာကို ဌာနခွဲသို့ ချက်ချင်းအကြောင်းကြားသင့်သည်။
◼ ၂၀၀၅ ခုနှစ်အတွက် သတိရအောက်မေ့ပွဲဖိတ်စာများကို အသင်းတော်တစ်ခုစီ၏ အဓိကဘာသာစကားဖြင့် အသင်းတော်သို့ မကြာမီပို့ပေးပါမည်။ သင့်ရပ်ကွက်တွင် အခြားဘာသာစကားများပြောဆိုကြ၍ ထိုဘာသာစကားများဖြင့် ဖိတ်စာများရလိုပါက စာအုပ်စာတမ်းတောင်းခံလွှာပုံစံ (S-14) ဖြင့် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း တောင်းခံသင့်သည်။ သတိရအောက်မေ့ပွဲဖိတ်စာများအား ရရှိနိုင်သောဘာသာစကားစာရင်းကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ပို့သည့် “အသင်းတော်အားလုံးအတွက်ကြေညာချက်” တွင်ဖော်ပြပေးပါမည်။ ကျေးဇူးပြု၍ သင့်ရပ်ကွက်အတွက် လိုအပ်သည့် ဘာသာစကားများကိုသာ တောင်းခံပါ။
◼ ၂၀၀၆ ခုနှစ်အတွက် သတိရအောက်မေ့ပွဲသည် ဧပြီ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ နေဝင်ပြီးနောက်တွင်ဖြစ်ကြောင်း ကျေးဇူးပြု၍သတိပြုပါ။
◼ အရေးကြီးသည့်အခါသမယဖြစ်သောကြောင့် သတိရအောက်မေ့ပွဲဟောပြောချက်ပေးရန် တာဝန်ပေးရာတွင် အကြီးအကဲအဖွဲ့သည် အလှည့်ကျဟောခြင်း သို့မဟုတ် နှစ်စဉ် ညီအစ်ကိုတစ်ဦးတည်းကိုသာသုံးခြင်းအစား ပိုအရည်အချင်းရှိသည့် အကြီးအကဲများထဲမှတစ်ဦးကို ရွေးသင့်သည်။ ဟောပြောချက်ပေးနိုင်သည့် အရည်အချင်းရှိ ဘိသိက်ခံအကြီးအကဲတစ်ဦးရှိမည်ဆိုလျှင် သူ့ကိုရွေးသင့်သည်။
◼ ၂၀၀၅၊ ဇွန်လ ၂၇ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့ စာအုပ်ကို လေ့လာကြမည်ဖြစ်သည်။