ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၅ စာ. ၉
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၁/၀၅ စာ. ၉

ကြေညာချက်များ

◼ ဇန်နဝါရီ တွင်ဝေငှရန်စာပေ– ၁၉၉၀ ပြည့်နှစ်မတိုင်မီက ထုတ်ဝေခဲ့သော မည်သည့်စာအုပ်ကိုမဆို ဝေငှနိုင်သည်။ ထိုသို့သောစာအုပ်ဟောင်းတစ်ခုမျှမရှိသည့် အသင်းတော်များသည် ဘုရားသခင်ကို လူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။ ဖေဖော်ဝါရီ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်] စာအုပ်ကို ဝေငှကြမည်။ ဤစာအုပ်မရှိသောအသင်းတော်များသည် နောက်ဝေငှမှုတစ်မျိုးအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) သို့မဟုတ် ဗျာဒိတ်ကျမ်းအထွတ်အထိပ် [လိပ်] စာအုပ်ကို အသုံးပြုနိုင်သည်။ မတ်– စောင့်နေကြလော့ ဘရိုရှာကို ဝေငှပါ။ လူတို့သည် အမှန်တကယ်စိတ်ဝင်စားမှုပြလျှင် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ကြိုးစားလျက် အသိပညာ စာအုပ်ကို မိတ်ဆက်ပေးပါ။ ဧပြီ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ သတိရအောက်မေ့ပွဲနှင့်/သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းမနေသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်သောအခါ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်ကိုဝေငှရန် အာရုံစိုက်ပါ။ အထူးသဖြင့် အသိပညာ စာအုပ်နှင့် တောင်းဆို ဘရိုရှာတို့ကို လေ့လာထားနှင့်ပြီးသူများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ဦးတည်ချက်ထားသင့်သည်။

◼ ဖေဖော်ဝါရီလမှစ၍ မတ်လ ၆ ရက်ထက်နောက်မကျဘဲ တိုက်နယ်ကြီးကြပ်မှူးများအတွက် လူထုဟောပြောချက်အသစ်မှာ “အသိတရားကင်းမဲ့သောလောကတွင် ပညာရှိစွာပြုမူလော့” ဖြစ်ပါမည်။

◼ အသင်းတော်များသည် သတိရအောက်မေ့ပွဲကို ဤနှစ် မတ်လ ၂၄ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးနောက်တွင်ကျင်းပရန် သင့်လျော်သောအစီအစဉ်များပြုလုပ်သင့်သည်။ ဟောပြောချက်ကို စောစောစနိုင်သော်လည်း အောက်မေ့ရာအထိမ်းအမှတ်များ လက်ဆင့်ကမ်းခြင်းကိုမူ နေဝင်ပြီးနောက်ပိုင်းတွင်သာစတင်သင့်သည်။ သင့်အရပ်ဒေသ၌ အဘယ်အချိန်နေဝင်သည်ကို ဒေသခံများထံတွင် စုံစမ်းကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ