ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၅ စာ. ၄
  • မိသားစုဇယား—အသင်းတော်အစည်းအဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုဇယား—အသင်းတော်အစည်းအဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝတ်ပြုစည်းဝေးရတဲ့ အကြောင်းရင်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခရစ်ယာန်အစည်းအဝေးများကို တန်ဖိုးထားလေးမြတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သင့်ထုံးစံကားအဘယ်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၅/၀၅ စာ. ၄

မိသားစုဇယား—အသင်းတော်အစည်းအဝေးများ

၁ သင်သည် ခရစ်ယာန်မိဘတစ်ဦးဖြစ်လျှင် သင့်သားသမီးများအား ယေဟောဝါကိုချစ်မြတ်နိုးပြီး ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်သူများအဖြစ် ကြီးပြင်းလာကာ အဆုံးတွင် ဘုရားသခင်ကတိထားရာကမ္ဘာသစ်၌ ထာဝရအသက်ရရှိစေလိုပေမည်။ ယေဟောဝါအား ဝတ်ပြုခြင်းကို သူတို့၏အသက်တာတွင် ရှေးဦးထားရန် သင် မည်သို့ကူညီနိုင်သနည်း။ အဓိကနည်းမှာ သင်၏ပုံသက်သေအားဖြင့်ဖြစ်၏။ (သု. ၂၀:၇) မိမိ၏ယုံကြည်သူမိခင်၏ပုံသက်သေကို ညီအစ်မတစ်ဦး ပြန်သတိရကာ ဤသို့ပြောခဲ့သည်– “ကျွန်မတို့ အစည်းအဝေးသွားမလား၊ မသွားဘူးလားဆိုတာကို တစ်ခါမှ သို့လောသို့လောမဖြစ်ခဲ့ဘူး။” ယင်းက သူ့အတွက် အစဉ်စွဲမှတ်စရာဖြစ်ခဲ့သည်။

၂ သင့်မိသားစုသည် အသင်းတော်အစည်းအဝေးများ၏ ရည်ရွယ်ချက်ကို နားလည်သလော။ ဤစုဝေးမှုများတွင် ကျွန်ုပ်တို့ရရှိသောသွန်သင်ချက်သည် ဘုရားသခင့်အလိုတော်ကို ဆက်လက်ဆောင်ရွက်ရန် ကျွန်ုပ်တို့ကို ခွန်အားရှိစေပြီး ညီအစ်ကိုများနှင့် ပေါင်းသင်းရခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အားပေးမှုရင်းမြစ်တစ်ခုဖြစ်သည်။ (ဟေရှာ. ၅၄:၁၃; ရော. ၁:၁၁၊ ၁၂) သို့သော် ထိုသို့သော အစည်းအဝေးများ၏ အဓိကရည်ရွယ်ချက်မှာ “ပရိသတ်အလယ်” တွင် ယေဟောဝါအား ချီးမွမ်းရန်ဖြစ်သည်။ (ဆာ. ၂၆:၁၂) ခရစ်ယာန်အစည်းအဝေးများသည် ယေဟောဝါအား ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း တင်ပြရန်နှင့် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ရန် အခွင့်အရေးများရရှိစေသည်။

၃ “သတိပြုကြလော့”– အစည်းအဝေးများ၏ မြင့်မြတ်သောရည်ရွယ်ချက်ကို လေးမြတ်ခြင်းက သိပ်အရေးမကြီးသောကိစ္စများကြောင့် တဖြည်းဖြည်းနှင့် အစည်းအဝေးများပျက်သည့်ထုံးစံ ရှိမလာစေရန် “သတိပြုကြ” ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါမည်။ (ဧ. ၅:၁၅၊ ၁၆; ဟေဗြဲ ၁၀:၂၄၊ ၂၅) အသင်းတော်အစည်းအဝေးများအတွက် အချိန်ဇယားများဆွဲခြင်းဖြင့် သင်၏မိသားစုဇယားကို စတင်ရေးဆွဲနိုင်သည်။ ထို့နောက် အခြားလုပ်ဆောင်မှုများက ၎င်းတို့ကို မထိခိုက်စေရန် ဂရုစိုက်ပါ။ အစည်းအဝေးတက်ရောက်ခြင်းသည် သင့်မိသားစုအတွက် ဦးစားပေးကိစ္စတစ်ခုဖြစ်ကြောင်း သေချာစေပါ။

၄ အစည်းအဝေးများနှင့် စည်းဝေးပွဲများကို တက်ရောက်ရန် အတားအဆီးများကို အောင်မြင်စွာကျော်လွှားနေသည့် ကျွန်ုပ်တို့၏ညီအစ်ကိုများအကြောင်း ဖတ်ရသည့်အခါ ကျွန်ုပ်တို့ စေ့ဆော်ခံရသည်မဟုတ်ပေလော။ သင့်အခြေအနေသည် ထူးခြားမှုရှိချင်မှရှိမည်ဖြစ်သော်လည်း သင်သည်လည်း စိန်ခေါ်ချက်များကို ရင်ဆိုင်ရပေမည်။ စာတန်ကြောင့် ဘုရားသခင့်လူမျိုးတော်သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ပို၍ပို၍ခက်ခဲလာသည်။ သို့တိုင် သင့်သားသမီးများသည် အသင်းတော်အစည်းအဝေးများတက်ရောက်ရန် သင့်မိသားစု၏ သန္နိဋ္ဌာန်ချ ကြိုးစားမှုများကို သတိမပြုမိဘဲနေမည်မဟုတ်ကြောင်း စိတ်ချပါ။ မှန်ပါသည်၊ ထိုသို့ပြုခြင်းဖြင့် သင်သည် ဘယ်တော့မျှ မေ့လျော့ခံရမည်မဟုတ်သည့် ဝိညာဉ်ဆုကျေးဇူးတစ်ခုကို သူတို့အား ဝေမျှပေးနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ