ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၅ စာ. ၃-၆
  • လက်တွေ့ကျသည့် မိသားစုဇယားတစ်ခုရေးဆွဲပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်တွေ့ကျသည့် မိသားစုဇယားတစ်ခုရေးဆွဲပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုဇယားနမူနာ
  • မိသားစုဇယား—နေ့စဉ်ကျမ်းချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ သင့်အသက်တာကို တည်ဆောက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ကျမ်းစာသင်အံမှုတွင်—မိသားစုဝင်များ အပြည့်အဝပါဝင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • မလုပ်နိုင်ဘူးလို့ မယူဆပါနဲ့—အလုပ်များပေမဲ့ လုပ်ဆောင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၅/၀၅ စာ. ၃-၆

လက်တွေ့ကျသည့် မိသားစုဇယားတစ်ခုရေးဆွဲပါ

၁ တောင်ပေါ်ဒေသနာတွင် ယေရှုက မိမိ၏ပရိသတ်အား “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့” ဟုတိုက်တွန်းခဲ့သည်။ (မ. ၆:၃၃) ဝိညာဉ်ရေးရာများကို ဦးစားပေးနိုင်ရန် မိသားစု၏လုပ်ဆောင်မှုများကိုစီစဉ်ဖို့ လက်တွေ့ကျသောနည်းတစ်နည်းမှာ ရေးဆွဲထားသည့်ဇယားတစ်ခုရှိခြင်းဖြစ်၏။ ဤကြားညှပ်၏ စာမျက်နှာ ၆ ပါ ဇယားအလွတ်ကို အသုံးပြုပြီး သင့်ကိုယ်ပိုင် ပတ်စဉ်မိသားစုဇယားကိုရေးဆွဲရန် အချိန်အနည်းငယ်ယူပါ။ မိသားစု စီမံကိန်းတစ်ခုအနေနှင့် အချို့သူတို့သည် ယင်းတို့ကိုဖြတ်ယူပြီး ဇယားနှင့် ပူးတွဲထားလိုကြပေမည်။ အခြားသူများမူ လုပ်ဆောင်မှုများကို ရေးထားလိုပေမည်။

၂ အောက်ဖော်ပြပါ နမူနာဇယားသည် သင့်ဇယားရေးဆွဲသည့်အခါ အကူအညီဖြစ်ပေမည်။ ၎င်းတွင် အခြေခံလုပ်ဆောင်မှုလေးခုသာဖြစ်သော (၁) အသင်းတော်အစည်းအဝေးများတက်ရောက်မှု၊ (၂) မိသားစုလယ်ကွင်းလုပ်ငန်း၊ (၃) မိသားစုသင်အံမှုနှင့် (၄) နေ့စဉ်ကျမ်းချက်သုံးသပ်မှုတို့ ပါဝင်ကြောင်း သင် သတိပြုမိပေမည်။ သင်၏ဇယားတွင် ယင်းတို့ကိုပါဝင်စေခြင်းက “သာ၍အရေးကြီးသောအရာများကိုသေချာ” စေရန် သင့်အား ကူညီပေးနိုင်သည်။ (ဖိ. ၁:၁၀၊ ကဘ) ဤကဏ္ဍလေးခုအတွက် ထပ်ဆင့်အကြံပြုချက်များကို စာမျက်နှာ ၄-၅ တွင်ဖော်ပြထားသည်။

၃ သင်၏မိသားစုဇယားကို ထိုလုပ်ဆောင်မှုလေးခုဖြင့်သာ ကန့်သတ်ထားဖို့မလိုပေ။ အစည်းအဝေးအချို့အတွက် မိသားစုလိုက် ပြင်ဆင်မည်ဆိုလျှင် ယင်းကို သင်၏ဇယားတွင် မှတ်သားထားပါ။ သင်သည် နေ့စဉ်ကျမ်းချက်သုံးသပ်ပြီးနောက် ကျမ်းစာမှ အပိုင်းတစ်ခုကို အတူတကွဖတ်ရှုလျှင် သို့မဟုတ် အခြားအချိန်တစ်ချိန်တွင် ထိုသို့ပြုလုပ်လျှင် ယင်းကို မှတ်သားထားပါ။ မိသားစုအပန်းဖြေမှုတစ်မျိုးမျိုးတွင် သင်ပါဝင်လေ့ရှိလျှင် သင်၏ဇယားတွင် ယင်းကိုထည့်သွင်းလိုပေမည်။

၄ သင်၏မိသားစုဇယားကို အိမ်သားအားလုံး၏ လိုအပ်ရာများ၊ အခြေအနေများနှင့် လိုက်လျောညီထွေမှုရှိရန် ချိန်ညှိပါ။ ယင်းသည် မည်မျှထိရောက်မှုရှိကြောင်း အခါအားလျော်စွာ အကဲဖြတ်ကာ လိုအပ်သလို ပြုပြင်ချိန်ညှိပါ။

[စာမျက်နှာ ၃ ပါ ဇယား]

မိသားစုဇယားနမူနာ

နံနက် မွန်းလွဲ ညနေ

နွေ နေ့စဉ်ကျမ်းချက်

လူထုဟောပြောချက် နှင့်

ကင်းမျှော်စင် သင်တန်း

လာ နေ့စဉ်ကျမ်းချက် မိသားစုသင်အံမှု

ဂါ နေ့စဉ်ကျမ်းချက် အသင်းတော်

စာအုပ်ကြီးသင်တန်း

ဟူး နေ့စဉ်ကျမ်းချက်

ကြာ နေ့စဉ်ကျမ်းချက် သီအိုကရက်တစ်

ဓမ္မအမှုကျောင်းနှင့်

လုပ်ငန်းတော်

အစည်းအဝေး

သော နေ့စဉ်ကျမ်းချက်

နေ နေ့စဉ်ကျမ်းချက်

မိသားစု လယ်ကွင်းလုပ်ငန်း

(မဂ္ဂဇင်းနေ့)

[စာမျက်နှာ ၆ ပါ ဇယား]

မိသားစုဇယား

နံနက် မွန်းလွဲ ညနေ

နွေ

လာ

ဂါ

ဟူး

ကြာ

သော

နေ

..................................................................နေ့စဉ်ကျမ်းချက် နေ့စဉ်ကျမ်းချက် နေ့စဉ်ကျမ်းချက် နေ့စဉ်ကျမ်းချက် နေ့စဉ်ကျမ်းချက် နေ့စဉ်ကျမ်းချက် နေ့စဉ်ကျမ်းချက်

လူထုဟောပြောချက် နှင့် ကင်းမျှော်စင် သင်တန်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော် အစည်းအဝေး အသင်းတော် စာအုပ်ကြီးသင်တန်း မိသားစုသင်အံမှု မိသားစု လယ်ကွင်းလုပ်ငန်း မိသားစု ကျမ်းစာ ဖတ်ရှုစခြင်း မိသားစုအပန်းဖြေမှု

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ