ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၅ စာ. ၉
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၉/၀၅ စာ. ၉

ကြေညာချက်များ

◼ စက်တင်ဘာ– တွင်ဝေငှရန်စာပေ– ဖန်ဆင်းရှင် [လိပ်] စာအုပ်ကို အသုံးပြုမည်။ ဝေငှမှုနောက်တစ်မျိုးအနေနှင့် ဖန်ဆင်းခြင်း [လိပ်] စာအုပ် (အကြီး သို့မဟုတ် အသေး) ကိုဝေငှနိုင်သည်။ စာအုပ်အဟောင်းများပိုလျှံနေသည့် အသင်းတော်များသည် ၎င်းတို့ထဲမှ မည်သည့်စာအုပ်ကိုမဆို ဝေငှမှုနောက်တစ်မျိုးအနေနှင့် အသုံးပြုနိုင်သည်။ အိမ်ရှင်များသည် ဝေငှသည့်စာအုပ်ကို လက်မခံလျှင် စောင့်နေကြလော့! ဘရိုရှာကိုပြပါ။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ စိတ်ဝင်စားမှုပြလျှင် ကျေးဇူးပြု၍ တောင်းဆို ဘရိုရှာကိုပြပါ။ နိုဝင်ဘာ– ကြီးမြတ်သောဆရာထံမှသင်ယူပါ [လိပ်] စာအုပ်ကို ဝေငှပါ။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် အသိပညာ စာအုပ် သို့မဟုတ် သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာကို ဝေငှပါ။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှပါ။ သို့မဟုတ် အသင်းတော်တွင်ရှိမည်ဆိုလျှင် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော [လိပ်] သို့မဟုတ် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် အပါအဝင် အခြားဝေငှစရာများကို အသုံးပြုပါ။

◼ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို ဌာနခွဲရုံးက ပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာအုပ်စာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန် အသင်းတော်၏ လစဉ်စာအုပ်စာတမ်းတောင်းခံလွှာကို ဌာနခွဲသို့မပို့မီ လစဉ် ကြေညာပေးရန် ဦးစီးကြီးကြပ်မှူးက စီစဉ်ပေးသင့်သည်။ မည်သည့်စာအုပ်များသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။

◼ ပြန်ဝင်ချင်စိတ်ရှိသည့် နှင်ထုတ်ခံရသူ သို့မဟုတ် ပေါင်းသင်းမှုရပ်စဲခံခဲ့ရသူများနှင့်ပတ်သက်၍ ဧပြီ ၁၅၊ ၁၉၉၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၂ ပါညွှန်ကြားချက်များကို လိုက်လျှောက်ကြရန် အကြီးအကဲများကို နှိုးဆော်ပါသည်။

◼ ၂၀၀၆ ခုနှစ် သတိရအောက်မေ့ပွဲကာလအတွက် အထူးလူထုဟောပြောချက်ကို ဧပြီ ၃၀ ရက်၊ တနင်္ဂနွေနေ့တွင်ပေးပါမည်။ ဟောပြောချက်၏အကြောင်းအရာကို နောက်ပိုင်းတွင် ကြေညာပေးပါမည်။ ထိုရက်သတ္တပတ်ကုန်ပိုင်းတွင် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှု သို့မဟုတ် စည်းဝေးပွဲတစ်ခုရှိနေသည့် အသင်းတော်များသည် နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မဆို အထူးဟောပြောချက်ကို ၂၀၀၆ ခုနှစ်၊ ဧပြီ ၃၀ ရက်၊ တနင်္ဂနွေနေ့ မတိုင်မီမပေးသင့်ပါ။

◼ အောက်တိုဘာတွင် စနေတနင်္ဂနွေငါးကြိမ်ရှိရာ အရန်ရှေ့ဆောင်ရန် အလွန်ကောင်းသောလတစ်လဖြစ်ပါမည်။

◼ အသင်းတော်များသည် ၂၀၀၅ ခုနှစ်အတွက် ကင်းမျှော်စင် နှင့် နိုးလော့! နှစ်ချုပ်စာအုပ်တွဲများ၊ စီဒီချပ်ဖြင့် ကင်းမျှော်စင်စာကြည့်တိုက်—၂၀၀၅ တို့ကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူသင့်သည်။ ၎င်းပစ္စည်းများအား ရရှိနိုင်သည့် ဘာသာစကားစာရင်းတစ်ခုကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက် ကြေညာချက်” တွင်ဖော်ပြပေးပါမည်။ ကင်းမျှော်စင်စာကြည့်တိုက်—၂၀၀၅ သည် နှစ်ခြင်းခံပြီးသော အသင်းတော်သားများအတွက် ပြင်ဆင်ပေးမှုတစ်ခုဖြစ်ပြီး အသင်းတော်မှတစ်ဆင့်သာ ရရှိနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

◼ ၂၀၀၆ လုပ်ငန်းတော်နှစ်အတွင်းတွင် အသင်းတော်သို့ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်သည့်လ၌ အရန်ရှေ့ဆောင်လုပ်နေသူအားလုံးသည် လည်ပတ်သည့်အပတ်အတွင်းကျင်းပသည့် ရှေ့ဆောင်အစည်းအဝေး၏ ပထမတစ်ဝက်ကို တက်ရောက်ခွင့်ရကြမည်ဖြစ်သည်။ ထိုသို့လုပ်နိုင်သူအားလုံး ဤအထူးအစီအစဉ်မှ အကျိုးကျေးဇူးရယူကြရန် အားပေးပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ