ကြေညာချက်များ
◼ ဖေဖော်ဝါရီ တွင်ဝေငှရန်စာပေ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်]။ ဤစာအုပ်မရှိသော အသင်းတော်များသည် ဗျာဒိတ်ကျမ်းအထွတ်အထိပ် [လိပ်] သို့မဟုတ် ပိုလျှံနေသော တခြားစာအုပ်ဟောင်းကို အသုံးပြုနိုင်သည်။ မတ်– သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း [လိပ်] စာအုပ်အသစ်ကိုဝေငှပါ။ ကျမ်းစာသင်အံမှုများစတင်ရန် အထူးကြိုးစားပါ။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။
◼ ဧပြီလတွင် စနေတနင်္ဂနွေငါးကြိမ်ရှိမည်ဖြစ်ရာ အရန်ရှေ့ဆောင်ရန် အလွန်ကောင်းသောလတစ်လဖြစ်ပါမည်။
◼ ၂၀၀၆ အောက်မေ့ရာပွဲတော်ရာသီအတွက် အထူးလူထုဟောပြောချက်ခေါင်းစဉ်မှာ “ဘုရားသခင် ထိန်းချုပ်ထားဆဲလော” ဖြစ်ပါမည်။ သက်ဆိုင်သောကြေညာချက်ကို စက်တင်ဘာ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ကြည့်ပါ။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို မတ် ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစောစစ်ဆေးသင့်သည်။ ပြုပြင်ထိန်းသိမ်းရေး သို့မဟုတ် ဆောက်လုပ်ရေးအတွက်ကဲ့သို့သော သီးခြားဘဏ်စာရင်းရှင်တစ်ခုဖွင့်ထားလျှင် ၎င်းစာရင်းကိုလည်း စစ်ဆေးရန် အစီအစဉ်များပြုလုပ်သင့်သည်။ စာရင်းစစ်ဆေးမှု(များ) ပြုလုပ်ပြီးသောအခါ နောက်စာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်။
◼ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်အားလုံး၏လုပ်ငန်းကို ပြန်သုံးသပ်သင့်သည်။ တစ်ဦးတစ်ယောက်သည် သတ်မှတ်နာရီပြည့်မီဖို့ အခက်တွေ့နေပါက အကူအညီပေးရန် အကြီးအကဲများစီစဉ်သင့်သည်။ အကြံပြုချက်များအတွက် နှစ်စဉ် S-201 စာများကို ပြန်သုံးသပ်ပါ။
◼ ၂၀၀၆၊ ဧပြီ ၁၇ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို လေ့လာကြမည်ဖြစ်သည်။ ထိုအချိန်၌ အသင်းတော်များတွင် ဤစာအုပ်အလုံအလောက်ရှိထားသင့်သည်။