ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၆ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၅/၀၆ စာ. ၃

ကြေညာချက်များ

◼ မေ တွင်ဝေငှရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ ဇွန်– ကြီးမြတ်သောဆရာထံမှ သင်ယူလော့ [လိပ်] စာအုပ်ကိုဝေငှပါ။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် မိသားစုပျော်ရွှင်မှု စာအုပ်ကို ဝေငှပါ။ ဇူလိုင်နှင့်သြဂုတ်– ကမ္ဘာသားဘဝထာဝရစံစားကြ! ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း၊ သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ စောင့်နေကြလော့!၊ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ စစ်မဲ့ကမ္ဘာ တစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်]၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် ကျေနပ်ရောင့်ရဲသောဘဝ—ယင်းကိုမည်သို့ရရှိနိုင် [လိပ်]။

◼ ဇူလိုင်လတွင် စနေတနင်္ဂနွေငါးကြိမ်ရှိရာ အရန်ရှေ့ဆောင်ရန် အလွန်ကောင်းသောလတစ်လဖြစ်ပါမည်။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးထားသူသည် အသင်းတော်စာရင်းအင်းများကို ဇွန် ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စာရင်းစစ်ဆေးသင့်သည်။ ပြုပြင်ထိန်းသိမ်းရေး သို့မဟုတ် ဆောက်လုပ်ရေးအတွက်ကဲ့သို့သော သီးခြားဘဏ်စာရင်းရှင်တစ်ခုဖွင့်ထားလျှင် ၎င်းစာရင်းကို စစ်ဆေးရန်လည်း အစီအစဉ်များပြုလုပ်သင့်သည်။ စာရင်းစစ်ဆေးမှု(များ) ပြုလုပ်ပြီးသောအခါ နောက်စာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်။

◼ မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာများကို စတင်လုပ်ရန်တောင်းဆိုထားသည့် ရက်စွဲမတိုင်မီ အနည်းဆုံး ရက် ၃၀ ကြို၍ ဌာနခွဲရုံးသို့ပို့ရန် အကြံပြုပါသည်။ အသင်းတော်အတွင်းရေးမှူးသည် ပုံစံစာရွက်များကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်မှုရှိမရှိ ပြန်စစ်ဆေးသင့်သည်။ လျှောက်ထားသူများသည် သူတို့ နှစ်ခြင်းခံသည့် ရက်စွဲအတိအကျကို မမှတ်မိပါက ခန့်မှန်းခြေကိုထည့်ကာ ယင်းကို သူ၏နှစ်ခြင်းခံရက်စွဲအဖြစ် မှတ်သားထားသင့်သည်။ အတွင်းရေးမှူးသည် ၎င်းရက်စွဲကို အသင်းတော်ကြေညာသူမှတ်တမ်း (S-21) ကတ်တွင် ရေးမှတ်ထားသင့်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ