အသက်အရွယ်မရွေး လူတိုင်းအတွက် ပုံသက်သေတစ်ခု
သူသည် ဘုရားသခင်နှင့် ခင်မင်ရင်းနှီးသောဆက်ဆံရေး ရရှိထားသည်။ သူ၏အသက်တာကို ယေဟောဝါအလိုတော်ဆောင်ရာ၌ မြှုပ်နှံထားသည်။ သူသည် “စစ်မှန်သောဘုရားသခင်နှင့်အတူ လျှောက်လှမ်း” ကာ ထိုသို့လျှောက်လှမ်းခဲ့သည့်အတွက် ကောင်းချီးခံစားခဲ့ရသည်။ သူသည် နောဧဖြစ်ကာ လူငယ်ရော လူကြီးများပါ တုပထိုက်သည့် ပုံသက်သေဖြစ်သည်။ (က. ၆:၉၊ ကဘ) နောဧ—ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သူ ဗီဒီယိုခွေက နောဧ မည်သည့်အသက်တာဖြင့်နေထိုင်ခဲ့သည်၊ ယေဟောဝါ၏ကောင်းချီးကို သူ အဘယ်ကြောင့်ရထိုက်သည်၊ သူ၏အရည်အသွေးကောင်းများကို သင် မည်သို့တုပနိုင်သည်တို့ကို မြင်ယောင်ရန် သင့်အား ကူညီပေးပါမည်။
ဒီဗီဒီဖြင့်ထုတ်ဝေသည့် နောဧ ဗီဒီယိုခွေတွင် အောက်ပါ “ဗီဒီယိုဉာဏ်စမ်းပဟေဠိ” ပါဝင်သည်။ ထိုဗီဒီယိုခွေကိုကြည့်ပြီး သင့်ကိုယ်သင် ဤသို့မေးပါ– (၁) ကောင်းကင်တမန်အချို့သည် မည်သည့်အမှားကို ပြုခဲ့ကြသနည်း၊ မည်သူတို့သည် နက်ဖလင်များဖြစ်ကြသနည်း။ (က. ၆:၁၊ ၂၊ ၄၊ ကဘ) (၂) လူတို့သည် အဘယ်ကြောင့် ဤမျှဆိုးသွမ်းကြသနည်း၊ ယင်းနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ခံစားရသနည်း။ (က. ၆:၄-၆) (၃) နောဧသည် အခြားသူများနှင့် မည်သို့ကွာခြားသနည်း။ (က. ၆:၂၂) (၄) ဆိုးသွမ်းသူများသည် မည်သို့ဖျက်ဆီးခံခဲ့ရသနည်း။ (က. ၆:၁၇) (၅) သင်္ဘောသည် မည်မျှကြီးသနည်း။ (က. ၆:၁၅) (၆) နောဧသည် အဘယ်အရာပြုလုပ်ခဲ့သေးသနည်း၊ လူတို့သည် မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ (မ. ၂၄:၃၈၊ ၃၉; ၂ ပေ. ၂:၅) (၇) သင်္ဘောထဲတွင် တိရစ္ဆာန်တစ်မျိုးစီ မည်မျှရှိသနည်း။ (က. ၇:၂၊ ၃၊ ၈၊ ၉) (၈) မည်မျှကြာကြာ မိုးရွာသွန်းခဲ့သနည်း၊ ကမ္ဘာတစ်ခုလုံးကို မည်မျှကြာကြာ ရေလွှမ်းမိုးခဲ့သနည်း။ (က. ၇:၁၁၊ ၁၂; ၈:၃၊ ၄) (၉) နောဧနှင့် သူ၏မိသားစုသည် အဘယ်ကြောင့် ကပ်ကျော်ခဲ့ကြသနည်း။ (က. ၆:၁၈၊ ၂၂; ၇:၅) (၁၀) မည်သည့်နေရာတွင် သင်္ဘောတင်နေသနည်း။ (က. ၈:၄) (၁၁) နောဧသည် သင်္ဘောထဲမှထွက်နိုင်ပြီဖြစ်ကြောင်း မည်သို့သိခဲ့ရသနည်း။ (က. ၈:၆-၁၂) (၁၂) နောဧသည် သင်္ဘောအပြင်ဘက်ရောက်သည့်အခါ အဘယ်အရာပြုလုပ်ခဲ့သနည်း။ (က. ၈:၂၀-၂၂) (၁၃) သက်တံသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ (က. ၉:၈-၁၆) (၁၄) “ဘုရားသခင်နှင့်အတူလျှောက်လှမ်း” ခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (က. ၆:၉၊ ကဘ၊ ၂၂; ၇:၅) (၁၅) ကျွန်ုပ်တို့သည် ပရဒိသုတွင် နောဧကိုတွေ့ရန် အဘယ်အရာပြုလုပ်ဖို့လိုသနည်း။ (မ. ၂၈:၁၉၊ ၂၀; ၁ ပေ. ၂:၂၁)
သစ္စာရှိပြီး နာခံမှုရှိသော နောဧနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းက သင်လည်း မည်သို့ “ဘုရားသခင်နှင့်အတူလျှောက်လှမ်း” နိုင်ပြီး မျက်မှောက်ခေတ်ရှိ မိမိလူမျိုးအား ယေဟောဝါကယ်တင်နိုင်စွမ်းအပေါ် မည်သို့ ယုံကြည်စိတ်ချနိုင်ကြောင်းနှင့်ပတ်သက်၍ သင့်ကို အဘယ်အရာ သွန်သင်ပေးခဲ့ပြီနည်း။—က. ၇:၁; သု. ၁၀:၁၆; ဟေဗြဲ ၁၁:၇; ၂ ပေ. ၂:၉။