ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၆ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၇/၀၆ စာ. ၃

ကြေညာချက်များ

◼ ဇူလိုင်နှင့်သြဂုတ် တွင် ဝေငှရန်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ကမ္ဘာသားဘဝထာဝရစံစားကြ! ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ “ကြည့်ရှုလော့!၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း၊ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ စောင့်နေကြလော့!၊ လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်၊ စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်]၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် ကျေနပ်ရောင့်ရဲသောဘဝ—ယင်းကိုမည်သို့ရရှိနိုင် [လိပ်]။ စက်တင်ဘာ– သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို အသုံးပြုပါမည်။ ဦးဆုံးအကြိမ်လည်ပတ်ချိန်တွင် ကျမ်းစာသင်အံမှုစတင်ရန် အထူးကြိုးစားသင့်သည်။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ စိတ်ဝင်စားမှုပြပါက စောင့်နေကြလော့! ဘရိုရှာဖြင့် စိတ်ဝင်စားမှုကို နှိုးဆွပေးပါ။

◼ တိုက်နယ်ကြီးကြပ်မှူးများသည် စက်တင်ဘာလမှစ၍ “ဘုရားသခင်ရှေ့ သင့်အနေအထားကား အဘယ်နည်း” ဟူသော လူထုဟောပြောချက်ကို ဟောပါမည်။

◼ ၂၀၀၇၊ ဇန်နဝါရီ ၈ ရက် အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်း၌ ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်ကိုလေ့လာပါမည်။

◼ မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာများကို စတင်လုပ်ရန်တောင်းဆိုထားသည့် ရက်စွဲမတိုင်မီ အနည်းဆုံး ရက် ၃၀ ကြို၍ ဌာနခွဲရုံးသို့ပို့ရန် အကြံပြုပါသည်။ အသင်းတော်အတွင်းရေးမှူးသည် ပုံစံစာရွက်များကို ပြည့်ပြည့်စုံစုံဖြည့်စွက်မှုရှိမရှိ ပြန်စစ်ဆေးသင့်သည်။ လျှောက်ထားသူများသည် သူတို့နှစ်ခြင်းခံသည့် ရက်စွဲအတိအကျကို မမှတ်မိပါက ခန့်မှန်းခြေကိုထည့်ကာ ယင်းကို သူ၏နှစ်ခြင်းခံရက်စွဲအဖြစ် မှတ်သားထားသင့်သည်။ အတွင်းရေးမှူးသည် ၎င်းရက်စွဲကို အသင်းတော်ကြေညာသူမှတ်တမ်း (S-21) ကတ်တွင် ရေးမှတ်ထားသင့်သည်။

◼ အသင်းတော်အတွင်းရေးမှူးများတွင် အသင်းတော်ရှိ မှန်မှန်ရှေ့ဆောင်တစ်ဦးစီအတွက် ရှေ့ဆောင်ခန့်အပ်ချက်စာ (S-202) ရရှိထားကြောင်း သေချာစေသင့်သည်။ အကယ်၍မရှိပါက ဌာနခွဲရုံးသို့ စာရေးသင့်သည်။

◼ ၂၀၀၆ ခုနှစ်၊ ဩဂုတ် ၃၁ တွင် သို့မဟုတ် ဖြစ်နိုင်သရွေ့ ၎င်းနှင့်အနီးဆုံးရက်တွင် လက်ရှိစာအုပ်စာတမ်းနှင့် မဂ္ဂဇင်းအားလုံး၏ နှစ်ချုပ်စာရင်းကို ပြုစုသင့်သည်။ စုစုပေါင်းများကို စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း (S-18) ပုံစံတွင် ရေးသွင်းသင့်သည်။ အသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း ပုံစံစာရွက်သုံးရွက် ရရှိပါမည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်ထက်နောက်မကျစေဘဲ ဌာနခွဲရုံးသို့ပို့ပေးပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင် သိမ်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ