လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဩဂုတ် ၁၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် တင်ဆက်မှုများကို အသုံးပြု၍ ဇွန် ၁ ကင်းမျှော်စင် နှင့် ဇွန် နိုးလော့! ဝေငှပုံကို သရုပ်ပြပါ။ တင်ဆက်မှုတစ်ခုတွင် “ယေဟောဝါသက်သေတွေကို ကျွန်တော်စိတ်မဝင်စားဘူး” ဟုဆိုသည့် စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကို သရုပ်ပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စစ. ၁၇-၁၈ ရှု။
၁၅ မိ– “ဘရိုရှာများ—ဓမ္မအမှုအတွက် တန်ဖိုးရှိကိရိယာများ။” ပရိသတ်နှင့်ဆွေးနွေးရန်။ အကြံပြုထားသော တင်ဆက်မှုများအတွက် ကောင်းစွာပြင်ဆင်ထားသည့် သရုပ်ပြနှစ်ခု စီစဉ်ပါ၊ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ခြင်းကို ပါဝင်စေပါ။ ဤအပတ် လယ်ကွင်းလုပ်ငန်းတွင် အသုံးပြုရန် ဘရိုရှာများထုတ်ယူကြဖို့ ပရိသတ်ကိုသတိပေးပါ။
၂၀ မိ– မိတ်စစ်ဆွေစစ် ဘယ်လိုဖွဲ့နိုင်မလဲ။ လူငယ်များအမေး စာအုပ်၊ စာမျက်နှာ ၆၅-၇၂ ကိုအခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။
သီချင်း ၁၆၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၁ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။
၂၀ မိ– ကင်းမျှော်စင်သင်တန်းနှင့် လူထုအစည်းအဝေးမှ အကျိုးရယူခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ် စာမျက်နှာ ၅၉ မှ စာမျက်နှာ ၆၄ ခေါင်းစဉ်ငယ်အထိကို အခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။
၂၀ မိ– အရန်ရှေ့ဆောင်လုပ်ရန် ယခုပင်စီစဉ်ပါ! ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ လုပ်ငန်းတော်နှစ်သစ်တွင် အရန်ရှေ့ဆောင် အနည်းဆုံးတစ်လလုပ်ရန် ပန်းတိုင်ထားကြဖို့ အားပေးပါ။ (၁ ကော. ၉:၂၆) အထူးလုပ်ဆောင်မှု သို့မဟုတ် အားလပ်ရက်ရှိသောလ သို့မဟုတ် စနေ၊ တနင်္ဂနွေများသောလကို အချို့ရွေးချယ်ကြပေမည်။ ပရိသတ်ကို ဤသို့မေးပါ– “အရန်ရှေ့ဆောင်လုပ်နိုင်ရန် အခက်အခဲများကို ယခင်က မည်သို့ကျော်လွှားခဲ့သနည်း။ အရန်ရှေ့ဆောင်လုပ်ခြင်းမှ မည်သည့်အကျိုးကျေးဇူးများ ခံစားရသနည်း။ ဆန္ဒရှိသော်လည်း မသေမချာဖြစ်နေပါက အဘယ်ကြောင့် ဆုတောင်းသင့်သနည်း။ (တ. ၄:၂၉၊ ၃၀; ၂ ကော. ၄:၇; ယာ. ၁:၅) သင့်မိသားစု၊ အသင်းတော်ရှိအခြားသူများ အထူးသဖြင့် သင်နှင့်အခြေအနေတူသူများနှင့် ဆွေးနွေးခြင်းသည် အဘယ်ကြောင့် ကောင်းသနည်း။ (သု. ၁၅:၂၂) အဘယ်အချိန်တွင် အရန်ရှေ့ဆောင်လုပ်ရန် သင် စီစဉ်နေသနည်း။”
သီချင်း ၂၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ ဩဂုတ်လ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်နှင့် သင့်လျော်သည့် တင်ဆက်မှုများကို အသုံးပြု၍ မဂ္ဂဇင်းလမ်းကြောင်းတစ်ခုသို့ ပြန်လည်ပတ်စဉ် ဇွန် ၁၅ ကင်းမျှော်စင်ဝေငှပုံကို သရုပ်ပြပါ။
၁၅ မိ– သင်သည် အားပေးရာရင်းမြစ်တစ်ခုဖြစ်နိုင်သည်။ (ရော. ၁:၁၁၊ ၁၂) ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အသင်းတော်ရှိ မှန်မှန်ရှေ့ဆောင်အရေအတွက်ကို ဖော်ပြပါ။ ချီးမွမ်းပေးခြင်း၊ ရှေ့ဆောင်လုပ်ငန်းနှင့်ပတ်သက်၍ အပြုသဘောပါပါပြောဆိုခြင်း၊ သူတို့နှင့်အတူ အမှုဆောင်ခြင်း၊ ထမင်းဖိတ်ကျွေးခြင်းနှင့် ခရီးစရိတ်များကူညီပေးခြင်းဖြင့် သူတို့ကို ကူညီအားပေးနိုင်ပုံကို ဖော်ပြပါ။ အခြားသူများထံမှ အားပေးမှုရခဲ့ပုံကို မှတ်ချက်ပေးရန် မှန်မှန်ရှေ့ဆောင်များကို ဖိတ်ခေါ်ပါ။ အသင်းတော်တွင် မှန်မှန်ရှေ့ဆောင်များမရှိပါက အရန်ရှေ့ဆောင်လုပ်နေသူတို့ကို မည်သို့အားပေးနိုင်ကြောင်း ဆွေးနွေးပါ။
၂၀ မိ– စက်တင်ဘာလတွင် ကျမ်းစာသင်အံမှုတစ်ခု စတင်ကျင်းပနိုင်မည်လော။ ဟောပြော၍ သရုပ်ပြရန်။ စက်တင်ဘာလတွင် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကိုအသုံးပြု၍ ဦးဆုံးအကြိမ်တွေ့ဆုံချိန်၌ ကျမ်းစာသင်အံမှုများ စတင်ရန် အထူးကြိုးစားကြမည်။ ဒေသခံရပ်ကွက်နှင့် သင့်လျော်မည့် အကြောင်းအရာများကို အသုံးပြု၍ သရုပ်ပြနှစ်ခုတင်ဆက်ပါ။ သရုပ်ပြတစ်ခုစီတွင် ပြန်လည်ပတ်ပြီး ဆက်ဆွေးနွေးနိုင်ရန် မည်သို့သေချာစီစဉ်ကြောင်း တင်ပြပါ။
သီချင်း ၃၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “ကိုယ်ပိုင်လေ့လာမှု—အလေးထားရမည့်ကိစ္စ။”a
၂၀ မိ– “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ဟောပြောခြင်းနှင့်သွန်သင်ခြင်းဖြင့်။”b
သီချင်း ၂၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။