မေးခွန်းသေတ္တာ
◼ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် တင်ဆက်ရမည့်အရာကို စုဆောင်းစီစဉ်ထားပြီး အခြားသူများအား ဝေငှခြင်းသည် သင့်လျော်ပါသလော။
မိသားစုနှင့် ရင်းနှီးသောမိတ်ဆွေတို့အတွက် ယင်းသို့ပြုလုပ်ပေးနိုင်သော်လည်း လူအများကိုဝေငှခြင်း၊ ရောင်းခြင်းမပြုလုပ်ရပါ။ ယင်းသို့ပြုခြင်းသည် မူပိုင်ဥပဒေများကို ချိုးဖောက်ရာရောက်ပေမည်။—ရော. ၁၃:၁။
နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းပါ မေးခွန်းများ၏အဖြေများကို အခြားသူများအသုံးပြုရန် စုဆောင်းစီစဉ်ပေးခြင်းသည် သင့်လျော်မည်မဟုတ်ပေ။ ကျောင်းသားများ မိမိတို့ကိုယ်တိုင် ရှာဖွေသင့်သည်။ ယင်းသည် “လူတတ်၏နှုတ်သတ္တိ” ဖြင့်ပြောနိုင်ရန် ကျောင်းအစီအစဉ်အားဖြင့် ယေဟောဝါပြင်ဆင်ပေးသော လေ့ကျင့်ပေးမှု၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။—ဟေရှာ. ၅၀:၄။