လုပ်ငန်းတော်စည်းဝေးအစီအစဉ်
စက်တင်ဘာ ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဇူလိုင် ၁ ကင်းမျှော်စင် နှင့် ဇူလိုင် နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုတွင် “ကျွန်တော့်မှာကိုယ့်ဘာသာတရားနဲ့ ကိုယ်ရှိပြီးသား” ဟု ဆိုသည့် စကားဆက်ပြတ်စေနိုင်သူအား ကိုင်တွယ်ပုံကို သရုပ်ပြပါ။—ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၁၈-၁၉ ရှု။
၂၀ မိ– လုပ်ငန်းတော်အစည်းအဝေးနှင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးရယူပါ။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၆၄ ပါခေါင်းစဉ်ငယ်မှ စာမျက်နှာ ၆၉ ပါခေါင်းစဉ်ငယ်အထိကို အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။
၁၅ မိ– ဌာနခွဲမှစာ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာရွက် ရှေ့ဆုံးစာမျက်နှာတွင် ဖော်ပြထားသော စာကိုအခြေခံကာ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးပါ။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၁၂၁၊ အပိုဒ် ၁၊ ၂ မှ မှတ်ချက်များ ပါဝင်စေပါ။
သီချင်း ၁၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၈ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၅ မိ– လွန်ခဲ့သည့်နှစ်တွင် ကျွန်ုပ်တို့မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဓမ္မအမှုတွင်ပြီးမြောက်ခဲ့သည့် အားရှိစရာများကို အာရုံစိုက်စေကာ ယခင်လုပ်ငန်းတော်နှစ်ကို သုံးသပ်သည်။ သင့်လျော်သလို ချီးမွမ်းပါ။ လာမည့်နှစ်တွင် အာရုံစိုက်ဖို့လိုသည့် ကဏ္ဍတစ်ခုနှစ်ခုကို ဖော်ပြပါ။ ရှေ့ဆောင်များ၏လုပ်ဆောင်မှုကို မှတ်ချက်ပေးကာ သူတို့၏ဝီရိယရှိရှိလုပ်ဆောင်မှုအတွက် ချီးမွမ်းပါ။ မလှုပ်ရှားသူများကို ကြိုးစားကူညီပေးမှုများမှ ရရှိခဲ့သည့် ရလဒ်ကောင်းများကို ပြောပြပါ။
၂၅ မိ– “ယေဟောဝါအား မျှော်လင့်လျက်နေလော့”a အသင်းတော်အတွင်းရေးမှူးကိုင်ရန်။ အသင်းတော်တက်ရောက်ရမည့် သတ်မှတ်ထားသည့် စည်းဝေးကြီးကို ဖော်ပြပါ။ စည်းဝေးကြီးကျင်းပရာမြို့တွင် အချိန်တိုင်း စည်းဝေးကြီးရင်ထိုးကတ် တတ်ဆင်ထားခြင်းဖြင့် သက်သေခံဖို့အခွင့်အရေးရနိုင်ပုံကို မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ အလွတ်သဘောသက်သေခံရန် အခွင့်အရေးယူကြဖို့နှင့် စိတ်ဝင်စားသူတွေ့ရှိပါက ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ပုံစံကို အသုံးပြုကြဖို့ ပရိသတ်ကို အားပေးပါ။
သီချင်း ၅၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာကိုသုံးသပ်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “တစ်အိမ်မှတစ်အိမ်သက်သေခံခြင်း”b အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
သီချင်း ၁၂၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စက်တင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၈ ပါအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားအကြံပြုချက်များကိုအသုံးပြု၍ လမ်းပေါ်သက်သေခံခြင်းတွင် ပါဝင်နေစဉ် ဇူလိုင် ၁၅ ကင်းမျှော်စင် တင်ဆက်ပုံကို သရုပ်ပြပါ။
၂၀ မိ– “အောက်တိုဘာလတွင် ဝေငှမည့် အထူးထုတ် နိုးလော့!”c အပိုဒ် ၄ ကိုသုံးသပ်စဉ် ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးက ကျောင်းဆရာ/မအား စက်တင်ဘာလထုတ် နိုးလော့!ဝေငှပုံကို တိုတိုတုတ်တုတ်သရုပ်ပြစေပါ။
၁၅ မိ– ဒေသခံတွေ့ကြုံမှုများ။ ဦးဆုံးအကြိမ်တွေ့ဆုံချိန်တွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကိုအသုံးပြုကာ ကျမ်းစာသင်အံမှုများစတင်ခဲ့ခြင်းကြောင့် ရရှိခဲ့သည့် ရွှင်လန်းမှုအကြောင်းပြန်ပြောပြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ တွေ့ကြုံမှုကောင်းတစ်ခုနှစ်ခုကို ပြန်လည်သရုပ်ပြစေနိုင်ပါသည်။
သီချင်း ၁၈၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။