ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၆ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၁၁/၀၆ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

နိုဝင်ဘာ ၁၃ တွင်စမည့်အပတ်

သီချင်း ၁၅၂

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ စက်တင်ဘာ ၁ ကင်းမျှော်စင်နှင့် စက်တင်ဘာ နိုးလော့!ဝေငှပုံကို သရုပ်ပြပါ။ တင်ဆက်မှုတစ်ခုတွင် “ခင်ဗျားတို့အလုပ်ကို ကျုပ်ကောင်းကောင်းသိပြီးသား” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကို သရုပ်ပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စ. ၂၀ ရှု။

၂၀ မိ– သတင်းကောင်း၏ဓမ္မအမှုဆောင်များ။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၇၇ မှ စာမျက်နှာ ၈၃ ပါခေါင်းစဉ်ငယ်အထိကို အခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။

၁၅ မိ– “ရဲရင့်သော်လည်း အသင့်အတင့်နေကြ။”a ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၂၅၂-၃ ပါ “လိုက်လျောရမည့်အချိန်” ဟူသော စာလုံးစောင်းထားသည့် ခေါင်းစဉ်ငယ်အောက်မှ မှတ်ချက်များပါဝင်စေပါ။

သီချင်း ၃၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၀ တွင်စမည့်အပတ်

သီချင်း ၁၃၂

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။

၁၅ မိ–  ဒေသလိုအပ်ရာများ။

၂၀ မိ– အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဒီဇင်ဘာလတွင်ဝေငှခြင်း။ ပရိသတ်နှင့်ဆွေးနွေးရန်။ အကြီးမြတ်ဆုံးလူသားစာအုပ်နှင့်ပတ်သက်၍ အဘယ်အချက်များကို နှစ်သက်ကြောင်း ပရိသတ်ကို မှတ်ချက်ပေးရန်ဖိတ်ခေါ်ပါ။ ယင်းစာအုပ်ကိုဝေငှစဉ် ရရှိခဲ့သော တွေ့ကြုံမှုကောင်းများကို ပြန်လည်ပြောပြစေပါ။ ၂၀၀၅၊ ဇန်နဝါရီလ၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ပါ နမူနာတင်ဆက်နည်းများကို ပြန်လည်သုံးသပ်ပါ။ နမူနာတင်ဆက်နည်းတစ်ခု သို့မဟုတ် ဒေသခံရပ်ကွက်တွင် ထိရောက်မည့် အခြားတင်ဆက်နည်းကို အသုံးပြု၍ စာအုပ်ဝေငှပုံကို သရုပ်ပြပါ။

သီချင်း ၂၀၃ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၇ တွင်စမည့်အပတ်

သီချင်း ၁၁၁

၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ နိုဝင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းပေးကြရန် ကြေညာသူများကို အသိပေးပါ။

၁၀ မိ–၂၀၀၆၊ ဩဂုတ် ၁ ရက် ကင်းမျှော်စင်၊ စာမျက်နှာ ၈-၁၀ ကိုအခြေခံပြီး အကြီးအကဲတစ်ဦးဟောပြောရန်။

၁၅ မိ– “ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!”b ဤစာအုပ်ပါ လေးထောင့်ကွက်များနှင့် ပုံဥပမာများကဲ့သို့သော ထူးခြားချက်များကို ကောင်းစွာအသုံးချရန် အသင်းတော်ကိုအားပေးပါ။ လေ့လာမှုပြီးတိုင်း အကြောင်းအရာကို ကျမ်းစာမှပြန်လည်သုံးသပ်သင့်သည်။

၁၅ မိ– “သွေးအပိုင်းအစများနှင့် ကျွန်ုပ်၏သွေးပါဝင်သော ဆေးကုထုံးများကို ကျွန်ုပ်မည်သို့ရှုမြင်သနည်း။” မေးဖြေဆွေးနွေးပြီး သရုပ်ပြရန်။ ဤအပိုင်းကို ကိုင်တွယ်သောအကြီးအကဲသည် ဌာနခွဲမှပေးသော အောက်လိုင်းကို အနီးကပ်လိုက်သင့်သည်။

သီချင်း ၁၂၀ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၄ တွင်စမည့်အပတ်

သီချင်း ၁၅၅

၅ မိ– ဒေသကြေညာချက်များ။

၁၅ မိ– သမ္မာကျမ်းစာကိုအသုံးပြုပြီး ဖြေဆိုပါ။ ၂၀၀၂၊ ဩဂုတ် ၁၅ ရက် ကင်းမျှော်စင်၊ စာမျက်နှာ ၁၇-၁၈၊ “ကျွန်ုပ်တို့သွန်သင်ပေးသော အမှန်တရားကို ချစ်မြတ်နိုးကြောင်းတင်ပြခြင်း” ဟူသောခေါင်းစဉ်ငယ်ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ မေးခွန်းများကို မှတ်ချက်ပေးရန် ပရိသတ်အားဖိတ်ခေါ်ပါ။ “ဘာကြောင့် ခရစ္စမတ်ပွဲမကျင်းပသလဲ” ဟုမေးသူ အလုပ်ဖော်တစ်ဦးအား ကျိုးကြောင်းဆင်ခြင်စာအုပ်အသုံးပြု၍ ကျမ်းဆိုင်ရာအဖြေပေးပုံကို ကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။

၂၅ မိ– “အထူးကင်ပိန်း ဇန်နဝါရီ ၁-၂၈!” အကြီးအကဲတစ်ဦး ထက်သန်စွာဆွေးနွေးရန်။ ၂၀၀၆၊ အောက်တိုဘာ ၂ ရက် နေ့စွဲဖြင့် အကြီးအကဲအဖွဲ့ထံပေးပို့သောစာပါ ကြေညာချက်ကိုဖတ်ပြပြီးနောက် တက်ရောက်သူယောက်တိုင်းအား နိုင်ငံတော်သတင်း နံပါတ် ၃၇ ကိုတစ်စောင်စီဝေပေးပါ။ ထို့နောက် ဆောင်းပါးကို မေးဖြေဆွေးနွေးပါ။ ရပ်ကွက်အားလုံးပြီးစီးစေရန် ပြုလုပ်ထားသည့်အစီအစဉ်များကို ဖော်ပြပါ။ ကင်ပိန်းတွင် အပြည့်အဝပါဝင်ရန် ကြေညာသူအားလုံးကို အားပေးပါ။ တိုတုတ်သောတင်ဆက်မှုတစ်ခု သရုပ်ပြပါ။

သီချင်း ၁၆၈ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ