သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါပြန်လည်သုံးသပ်ရန်မေးခွန်းများကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၆ မှ ဒီဇင်ဘာ ၂၅ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ကျမ်းချက်တစ်ချက်ကို မိတ်ဆက်ပေးရန် သင့်တော်သည့်စကားများ ရွေးချယ်ရာတွင် မည်သို့လုပ်ဆောင်သင့်သနည်း။ [ပက စ. ၁၄၈ အပိုဒ် ၄–စ. ၁၄၉ အပိုဒ် ၁]
၂။ စကားလုံးနှင့် အသုံးအနှုန်းများတွင် သင့်လျော်သောလေးနက်မှုရှိစေရန် အဘယ်နည်းလမ်းများကို အသုံးပြုနိုင်သနည်း။ [ပက စ. ၁၅၁ အပိုဒ် ၄–စ. ၁၅၂ အပိုဒ် ၃]
၃။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အခြားသူများအား သွန်သင်ပေးခြင်းသည် အရေးကြီးကိစ္စဖြစ်သောကြောင့် “သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်” ရန် အဘယ်အရာလိုအပ်သနည်း။ (၂ တိ. ၂:၁၅) [ပက စ. ၁၅၃ အပိုဒ် ၁-၃၊ လေးထောင့်ကွက်; စ. ၁၅၄ အပိုဒ် ၁-၂]
၄။ ဖတ်လိုက်သောကျမ်းချက်၏ သက်ဆိုင်ပုံကို မည်သို့ရှင်းလင်းစွာ တင်ပြနိုင်သနည်း။ [ပက စ. ၁၅၄ အပိုဒ် ၄–စ. ၁၅၅ အပိုဒ် ၃]
၅။ အကြောင်းအရာ၏ လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာဖော်ပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။ ထိုသို့ပြုလုပ်နိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။ [ပက စ. ၁၅၇ အပိုဒ် ၁-၄၊ လေးထောင့်ကွက်; စ. ၁၅၈ အပိုဒ် ၁]
တာဝန်နံပါတ် ၁
၆။ ရှောလမုန်သည် အဘယ်နည်းဖြင့် စုရုံးသူတစ်ဦး ဖြစ်ခဲ့သနည်း။ [ဘကမ-၀၂ စ. ၄ အပိုဒ် ၁-၃]
၇။ ဒေသနာကျမ်းသည် ယေရှု၏သွန်သင်ချက်များနှင့် မည်သို့သဟဇာတဖြစ်သနည်း။ [ဘကမ-၀၂ စ. ၅ အပိုဒ် ၁၆]
၈။ ရှောလမုန်သီချင်းသည် ကျမ်းစစ်ကျမ်းမှန်အဝင်ဖြစ်ကြောင်း အဘယ်အထောက်အထားရှိသနည်း။ [ဘကမ-၀၂ စ. ၇ အပိုဒ် ၃-၄]
၉။ ယနေ့ကျွန်ုပ်တို့လက်ဝယ်ရှိ ကျမ်းစာသည် မူရင်းမှုတ်သွင်းခံ ရေးသားချက်များ ဖြစ်ကြောင်း ဟေရှာယ ပင်လယ်သေကျမ်းလိပ်က ယုံကြည်စိတ်ချရသော အထောက်အထား မည်သို့ ပေးသနည်း။ [ဘကမ-၀၂ စ. ၉ အပိုဒ် ၆]
၁၀။ ဟောပြောသူတစ်ဦးသည် မှတ်စုမှတ်ရာ မများလွန်းစေရန် ဘာပြုလုပ်နိုင်သနည်း။ [ပက စ. ၄၂ အပိုဒ် ၁]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ “ထာဝရဘုရားကိုရှာသောသူ” သည် “ခပ်သိမ်းသောစီရင်ခြင်း” ကိုမည်သို့နားလည်သနည်း။ (သု. ၂၈:၅)
၁၂။ “မိုက်သောသူသည် ကြိုးစားအားထုတ်သော်လည်း” မည်သို့ပင်ပန်းစေသနည်း။ (ဒေ. ၁၀:၁၅)
၁၃။ ရှုလမိတ်မိန်းမပျိုလေးသည် အဘယ်နည်းဖြင့် “ဝင်းကာသောဥယျာဉ်” နှင့်တူသနည်း၊ တစ်ကိုယ်ရေ ခရစ်ယာန်အမျိုးသမီးများအတွက် အဘယ်ပုံသက်သေကောင်းပြခဲ့သနည်း။ (သီ. ၄:၁၂)
၁၄။ “ဆွေးနွေးဆင်ခြင်ကြကုန်အံ့” ဟု ဣသရေလလူမျိုးကို ယေဟောဝါဖိတ်ခေါ်ရာတွင် မိမိလူမျိုးနှင့် အပေးအယူ ညှိနှိုင်းဆွေးနွေးလိုသည်ဟူ၍ ဆိုလိုသလော။ (ဟေရှာ. ၁:၁၈က၊ သမ္မာ)
၁၅။ ဟေရှာယ ၁၁:၆-၉ သည် ရှေးအချိန်တွင် မည်သို့ပြည့်စုံခဲ့ပြီး အကြီးစားပြည့်စုံချက်ကား အဘယ်နည်း။