ကြေညာချက်များ
◼ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကို ဝေငှပါ။ ထိုစာအုပ် မရှိပါက မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်ကို အသုံးပြုနိုင်သည်။ ဇန်နဝါရီ– စောင့်နေကြလော့! ဖေဖော်ဝါရီ– သင့်အားဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော [အင်္ဂလိပ်] သို့မဟုတ် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်။ မတ်– သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း [အင်္ဂလိပ်]။ ကျမ်းစာသင်အံမှုများစတင်နိုင်ရန် ထက်သန်စွာကြိုးစားပါ။
◼ ဦးစီးကြီးကြပ်မှူး တာဝန်ပေးသူသည် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွက် အသင်းတော်စာရင်းအင်းများကို စစ်ဆေးသင့်သည်။ စာရင်းစစ်ရာတွင် တစ်ဦးတည်းကိုသာ ဆက်တိုက်အသုံးမပြုသင့်ပါ။ စစ်ဆေးပြီးသောအခါ နောက်စာရင်းအင်းအစီရင်ခံစာ ဖတ်ပြပြီးချိန်တွင် အသင်းတော်အား ကြေညာပေးပါ။—အသင်းတော်စာရင်းအင်းဆိုင်ရာ ညွှန်ကြားချက်များ (S-27) တွင်ရှု။
◼ ၂၀၀၉ ခုနှစ်အတွက် အောက်မေ့ရာပွဲသည် ဧပြီ ၉ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးနောက်တွင်ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။
◼ အောက်ပါဝေစာအသစ်များကို အသင်းတော်များမှတစ်ဆင့် ယခု မှာယူနိုင်ပါသည်– ကျမ်းစာကို သင်အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင် (T-13) ကချင်ဘာသာစကားဖြင့်၊ ချစ်မြတ်နိုးရသော သေလွန်သူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း (T-16) ရှမ်းဘာသာစကားဖြင့်၊ ယေဟောဝါ—ကိုယ်တော်ကား မည်သူနည်း (T-23) ကူကီးချင်း၊ မာရာချင်းနှင့် ဇိုတုန်းချင်းဘာသာစကားများဖြင့် ဖြစ်သည်။ ထိုဝေစာအားလုံးသည် အသင်းတော်အတွက် အသုံးပြုရန်သာဖြစ်ကြောင်း သတိပြုပါ။
◼ အကြီးအကဲအဖွဲ့သည် ဒီဇင်ဘာလအတွင်း တစ်ချိန်ချိန်တွင် မှန်မှန်ရှေ့ဆောင်အားလုံး၏လုပ်ဆောင်မှုကို ပြန်လည်သုံးသပ်ရန် စီစဉ်သင့်သည်။