ကြေညာချက်များ
◼ မေနှင့်ဇွန်လတွင်ဝေငှမည့်စာပေ– သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ကျမ်းစာသင်အံမှုများစတင်နိုင်ရန် ထက်သန်စွာကြိုးစားပါ။ သတိရအောက်မေ့ပွဲနှင့် အထူးလူထုဟောပြောချက်ကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းခြင်းမရှိသေးသည့် စိတ်ဝင်စားသူလူသစ်များထံ လည်ပတ်ရန် အထူးကြိုးစားကြမည်။ ထိုသို့လည်ပတ်ရခြင်း၏ရည်ရွယ်ချက်မှာ သင်အံမှုလက်မခံသေးသူများကို ကျမ်းစာသင်အံမှုစတင်ရန် ဖြစ်သင့်သည်။ ဇူလိုင်– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝ ထာဝရစံစားကြ!၊ စောင့်နေကြလော့!၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။
◼ ၂၀၀၈၊ ဩဂုတ် ၄ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ကို လေ့လာပါမည်။ ယင်းသည် ၂၀၀၈၊ ဇန်နဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ယခင်ကြေညာထားရာကို ပြုပြင်ပြောင်းလဲထားခြင်းဖြစ်သည်။
◼ အကြီးအကဲအဖွဲ့သည် ကပ်ဘေးအတွက် အသင့်ပြင်ဆင်ထားခြင်းနှင့်ပတ်သက်သော ၂၀၀၆၊ ဇူလိုင် ၆ ရက်စွဲဖြင့်စာကို ပြန်သုံးသပ်ပြီး ကြေညာသူတိုင်း၏လက်ရှိလိပ်စာနှင့်ဖုန်းနံပါတ်တို့ ရှိမရှိ သေချာစွာစစ်ဆေးသင့်သည်။ ကပ်ဘေးကျရောက်တတ်သည့်ဒေသများတွင် အရေးပေါ်ဆက်သွယ်နိုင်ရန် ထပ်ဆင့်အချက်အလက်များကိုလည်း ရရှိထားသင့်သည်။ ကြေညာသူများသည် အရေးပေါ်အခြေအနေများတွင်သာမက အားလပ်ရက် သို့မဟုတ် စီးပွားရေးကိစ္စဖြင့်ခရီးထွက်ခြင်း၊ ဆေးရုံတက်နေခြင်း စသည်တို့ကိုလည်း မိမိတို့၏စာအုပ်ကြီးသင်တန်းကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲတစ်ဦးကို အသိပေးထားခြင်းက အကူအညီဖြစ်စေပေမည်။