ကြေညာချက်များ
◼ ဇွန်တွင်ဝေငှမည့်စာပေ– သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ကျမ်းစာသင်အံမှုစတင်ဖို့ အထူးကြိုးစားပါ။ ဇူလိုင်– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝ ထာဝရစံစားကြ!၊ စောင့်နေကြလော့!၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ ဩဂုတ်နှင့် စက်တင်ဘာ– သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ပထမအကြိမ်လည်ပတ်ချိန်တွင် ကျမ်းစာသင်အံမှုစတင်ရန် အထူးကြိုးစားအားထုတ်ကြမည်။ အိမ်ရှင်များသည် ဤစာအုပ်ရရှိပြီးသားဖြစ်လျှင် ကျမ်းစာသင်အံမှုတစ်ခု တိုတိုတုတ်တုတ်သရုပ်ပြခြင်းအားဖြင့် ယင်းစာအုပ်မှ သူတို့အကျိုးရရှိနိုင်ပုံကို တင်ပြပါ။
◼ ဩဂုတ်လတွင် စနေတနင်္ဂနွေငါးပတ်ရှိသောကြောင့် အရန်ရှေ့ဆောင်လုပ်ရန် အကောင်းဆုံးလဖြစ်လိမ့်မည်။
◼ ဦးစီးကြီးကြပ်မှူးတာဝန်ပေးသူသည် မတ်၊ ဧပြီနှင့် မေလများအတွက် အသင်းတော်စာရင်းအင်းများကို စစ်ဆေးသင့်သည်။ စစ်ဆေးပြီးသောအခါ ယင်းကို နောက်စာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်။—အသင်းတော်စာရင်းအင်းဆိုင်ရာ ညွှန်ကြားချက်များ (S-27) ကိုရှု။
◼ မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာများကို စတင်လုပ်ရန်တောင်းဆိုထားသည့် ရက်စွဲမတိုင်မီ အနည်းဆုံး ရက် ၃၀ ကြို၍ ဌာနခွဲရုံးသို့ပို့ရန် အကြံပြုပါသည်။ အသင်းတော်အတွင်းရေးမှူးသည် ပုံစံစာရွက်များကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်မှုရှိမရှိ ပြန်စစ်ဆေးသင့်သည်။ လျှောက်ထားသူများသည် သူတို့ နှစ်ခြင်းခံသည့် ရက်စွဲအတိအကျကို မမှတ်မိပါက ခန့်မှန်းခြေကိုထည့်ကာ ယင်းကို သူ၏နှစ်ခြင်းခံရက်စွဲအဖြစ် မှတ်သားထားသင့်သည်။ အတွင်းရေးမှူးသည် ၎င်းရက်စွဲကို အသင်းတော်ကြေညာသူမှတ်တမ်း (S-21) ကတ်တွင် ရေးမှတ်ထားသင့်သည်။
◼ ၂၀၀၈ ခရိုင်စည်းဝေးကြီးကို ကြေညာသည့် အထူးဖိတ်ကြားသော လက်ကမ်းဝေစာ ရရှိလိမ့်မည်မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်သားပါ။ သို့သော် မကြာမီလေးတွင် အထူးကမ္ဘာချီကင်ပိန်းတစ်ခုပြုလုပ်ရန် ကျွန်ုပ်တို့စီစဉ်နေသည်။ ဤအစီအစဉ်နှင့်ပတ်သက်သော နောက်ထပ်အသေးစိတ်အချက်များကို နောက်ပိုင်းတွင် ဖော်ပြပေးပါမည်။