သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၈ ခုနှစ်၊ ဇွန် ၃၀ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၈ ခုနှစ် မေ ၅ မှ ဇွန် ၃၀ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ကျွန်ုပ်တို့အသုံးပြုသော ပုံဥပမာများကို လူတို့နားလည်ကြောင်း မည်သို့သေချာစေနိုင်သနည်း။ [be-BU စ. ၂၄၂ ပိုဒ်. ၃–စ. ၂၄၃ ပိုဒ်. ၁]
၂။ အကျွမ်းတဝင်ရှိသောအခြေအနေများမှ ရိုးရှင်းသောပုံဥပမာများသည် အဘယ်ကြောင့် ထိရောက်သနည်း။ [be-BU စ. ၂၄၅ ပိုဒ်. ၂-၄]
၃။ ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ထိရောက်စွာအသုံးပြုခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း၊ အရေးပါသောသင်ခန်းစာကိုသွန်သင်ပေးရန် ယင်းတို့ကို ယေဟောဝါမည်သို့အသုံးပြုခဲ့သနည်း။ (က. ၁၅:၅; ယေ. ၁၈:၆; ယောန ၄:၁၀၊ ၁၁) [be-BU စ. ၂၄၇ ပိုဒ်. ၁-၂]
၄။ ကျွန်ုပ်တို့၏သွန်သင်မှုကို တိုးတက်စေရန် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို မည်သို့အသုံးပြုနိုင်သနည်း။ [be-BU စ. ၂၄၈ ပိုဒ်. ၁-၃]
၅။ သင်သားများကို ကျမ်းစာသင်သောအခါ မြေပုံများကို ထိရောက်သော ရုပ်မြင်သင်ထောက်ကူပစ္စည်းများအဖြစ် မည်သို့အသုံးပြုနိုင်သနည်း။ [be-BU စ. ၂၄၈ ပိုဒ်. ၄]
တာဝန်နံပါတ် ၁
၆။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် အကူအညီဖြင့် ကျမ်းစာလေ့လာခြင်းက ကျွန်ုပ်တို့အား မည်သည့်အရာကို ပိုင်းခြားသိမြင်စေသနည်း။ [be-BU စ. ၃၂ ပိုဒ်. ၃-၄]
၇။ ကျမ်းချက်တစ်ချက်၏အဓိပ္ပာယ်ကို သုတေသနပြုရန် ကျမ်းစာကို ကျွန်ုပ်တို့ မည်သို့အသုံးပြုနိုင်သနည်း။ [be-BU စ. ၃၄ ပိုဒ်. ၄–စ. ၃၅ ပိုဒ်. ၂]
၈။ လူသားထုအား ကောင်းချီးများသက်ရောက်စေမည့် ယေဟောဝါ၏လမ်းကြောင်းအဖြစ် ယေရှု၏အခန်းကဏ္ဍကို ယောဟန်ခရစ်ဝင်ကျမ်းတွင် မည်သို့ရှင်းပြသနည်း။ [bsi08-1-BU စ. ၁၃ ပိုဒ်. ၃၂]
၉။ ဆရာဝန်လုကာသည် တမန်တော်ကျမ်းကိုရေးသားကြောင်း ထောက်ခံသည့် အဘယ်ကျမ်းဆိုင်ရာ အထောက်အထားရှိသနည်း။ [bsi08-1-BU စစ. ၁၄-၅ ပိုဒ်. ၃၊ ၅-၇]
၁၀။ ယေဘုယျအားဖြင့် အောက်လိုင်းတစ်ခုရေးဆွဲရာတွင် မည်သို့ အဆင့်ဆင့်လုပ်ဆောင်နိုင်သနည်း။ [be-BU စစ. ၃၉-၄၁]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ “အနှစ်လေးဆယ့်ခြောက်နှစ်ပတ်လုံး” တည်ဆောက်ခဲ့သော ဗိမာန်တော်မှာ အဘယ်ဗိမာန်တော်နည်း။ (ယော. ၂:၂၀) [က၀၈ ၄/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ယောဟန်ကျမ်းမှ ပေါ်လွင်ချက်များ”]
၁၂။ “သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ” တို့ကား မည်သူတို့နည်း။ (ယော. ၅:၂၄၊ ၂၅) [က၀၈ ၄/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ယောဟန်ကျမ်းမှ ပေါ်လွင်ချက်များ”]
၁၃။ ဥပဇ္စျာယ်ဆရာ သို့မဟုတ် သမ္မာတရားကိုပြသော ဝိညာဉ်တော်ကို ရည်ညွှန်းသောအခါ ယောဟန် ၁၄:၁၆၊ ၁၇ တွင် “ထို” ဟူသော နာမ်စားကိုသုံးသော်လည်း ယောဟန် ၁၆:၇၊ ၈၊ ၁၃၊ ၁၄ တွင် “သူ” ဟူသောနာမ်စားကို အဘယ်ကြောင့်သုံးသနည်း။ [က၀၈ ၄/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ယောဟန်ကျမ်းမှ ပေါ်လွင်ချက်များ”]
၁၄။ ယေရှုက မာဂဒလမာရိအား မိမိကိုမဖက်နှင့်ဦးဟု အဘယ်ကြောင့် ပြောခဲ့သနည်း။ (ယော. ၂၀:၁၇) [က၀၈ ၄/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ယောဟန်ကျမ်းမှ ပေါ်လွင်ချက်များ”]
၁၅။ ယေရှုသည် ကောင်းကင်သို့တက်ကြွသည့် “နည်းတူ” ကြွလာမည်ဟုဆိုရာ၌ ဘာကိုဆိုလိုသနည်း။ (တ. ၁:၉-၁၁) [rs-BU စ. ၆၄ ပိုဒ်. ၂; it-1 စ. ၁၈၆ ပိုဒ်. ၈]