သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
စကားပြောအရည်အသွေး
၁။ “မေတ္တာအားဖြင့်” တိုက်တွန်းနှိုးဆော်ခြင်းသည် အဘယ်ကြောင့် ထိရောက်သနည်း။ (ဖိလေ. ၉) [be-BU စ. ၂၆၆ ပိုဒ်. ၂-၄]
၂။ ကျွန်ုပ်တို့သည် အခြားသူများအား မည်သို့ အားပေးနိုင်သနည်း။ [be-BU စ. ၂၆၈ ပိုဒ်. ၄–စ. ၂၆၉ ပိုဒ်. ၂]
တာဝန်နံပါတ် ၁
၃။ တိတုထံရေးသော ပေါလု၏စာသည် ယနေ့ ကျွန်ုပ်တို့အတွက် မည်သို့ ‘ကောင်းမွန်၍ အကျိုးရှိ’ သနည်း။ (တိတု ၃:၈၊ ကဘ) [bsi08-2-BU စ. ၁၁ ပိုဒ်. ၈]
၄။ ပေတရု၏ပထမစာစောင်သည် အဘယ်ကြောင့် အချိန်သင့်အခါသင့်ဖြစ်သနည်း။ [bsi08-2-BU စ. ၁၉ ပိုဒ်. ၁]
၅။ ဗျာဒိတ်ကျမ်း၏ သရုပ်ဖော်ချက်များသည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။ [bsi08-2-BU စ. ၂၈ ပိုဒ်. ၁]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၆။ ပေါလုသည် တိတု ၂:၃ တွင် “အသရေမဖျက်တတ်သူ” နှင့် “ဝိုင်၏ကျေးကျွန်မဖြစ်သူ” ကိုအဘယ်ကြောင့် ဆက်စပ်ဖော်ပြထားသနည်း။ [က၉၄ ၆/၁၅ စ. ၂၀ ပိုဒ်. ၁၂]
၇။ စာတန်သည် “သေခြင်းတရားကိုဖြစ်ပေါ်စေသူ” ဖြစ်သည်ဟူသောအချက်က သူသည် တစ်ဦးတစ်ယောက်ကိုရွေးပြီး အချိန်မတန်ဘဲသေဆုံးစေနိုင်ကြောင်း ဖော်ပြသလော။ (ဟေဗြဲ ၂:၁၄၊ ကဘ) [က၀၈ ၁၀/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—တိတု၊ ဖိလေမုန်နှင့် ဟေဗြဲကျမ်းတို့မှပေါ်လွင်ချက်များ”]
၈။ ပဋိညာဉ်သစ်၏ “ပဋိညာဉ်ဖွဲ့သောသူ” ကားမည်သူနည်း။ (ဟေဗြဲ ၉:၁၆၊ ကဘ) [က၀၈ ၁၀/၁၅ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—တိတု၊ ဖိလေမုန်နှင့် ဟေဗြဲကျမ်းတို့မှပေါ်လွင်ချက်များ”]
၉။ အသင့်အတင့်နေတတ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း၊ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုယ်ကို အဘယ်မေးခွန်းများ မေးမည်နည်း။ (ယာ. ၃:၁၇) [က၀၈ ၃/၁၅ စ. ၂၄ ပိုဒ်. ၁၈]
၁၀။ “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်” ဟူသော အသုံးအနှုန်းသည် အဘယ်အရာကို ဆိုလိုသနည်း။ (၁ ယော. ၃:၂၀) [က၀၅ ၈/၁ စ. ၃၀ ပိုဒ်. ၁၉]