သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
၁။ ဘုရားသခင်သည် စတုတ္ထနေ့၌သာ အလင်းအိမ်များကိုပြုလုပ်ခဲ့လျှင် ပထမနေ့တွင် အလင်းကို မည်သို့ဖြစ်စေနိုင်မည်နည်း။ (က. ၁:၃၊ ၁၆) [က၀၄ ၁/၁ စ. ၂၈ ပိုဒ်. ၅]
၂။ ယေဟောဝါသည် မြေကြီးကိုနိုင်နင်းရန် စုံလင်သူအာဒံကို မိန့်မှာသကဲ့သို့ နောဧကို အဘယ်ကြောင့် မမိန့်မှာခဲ့သနည်း။ (က. ၉:၁) [it-၂ စ. ၁၀၉၅ ပိုဒ်. ၆]
၃။ အာဗြဟံ၏ပဋိညာဉ်သည် မည်သည့်အချိန်တွင် အတည်ဖြစ်၍ မည်မျှကြာရှည်သနည်း။ (က. ၁၂:၁-၄) [က၀၄ ၁/၁၅ စ. ၂၆ ပိုဒ်. ၄; က၀၁ ၈/၁၅ စ. ၁၇ ပိုဒ်. ၁၃]
၄။ နိမ်ရောဒနှင့်သူ၏နောက်လိုက်များသည် သူတို့၏နာမည် “ကျော်စော” ရန် မလုပ်ဆောင်နိုင်ခဲ့ခြင်းက အဘယ်အရာကို ဖော်ပြသနည်း။ (က. ၁၁:၄) [က၉၈ ၃/၁၅ စ. ၂၅]
၅။ ၂ ပေတရု ၂:၇ တွင် လောတကို “ဖြောင့်မတ်သောလောတ” ဟုခေါ်ဆိုထားရာ သူသည် သူ၏သမီးများကို အကျင့်ဖောက်ပြန်သောလူရမ်းကားအုပ်အား အဘယ်ကြောင့် အပ်ရသနည်း။ (က. ၁၉:၈) [က၀၅ ၂/၁ စ. ၂၆ ပိုဒ်. ၁၅-၁၆; က၀၄ ၁/၁၅ စ. ၂၇ ပိုဒ်. ၃]
၆။ ဘုရားသခင်ကိုကြောက်ရွံ့သော လင်ယောက်ျားသည် မိမိအိမ်ထောင်ကို ဂရုစိုက်ရမည်ဖြစ်ရာ အာဗြဟံသည် ဟာဂရနှင့်ဣရှမေလကို တောထဲသို့ အဘယ်ကြောင့် ထွက်သွားခိုင်းသနည်း။ (က. ၂၁:၁၀-၂၁; ၁ တိ. ၅:၈) [က၈၈ ၂/၁၅ စ. ၃၁[လိပ်]]
၇။ ဣဇာက်အတွက် ဇနီးရှာပေးရန် ယေဟောဝါ၏လမ်းညွှန်မှုကိုရှာခဲ့သော ဧလျာဇာ၏လုပ်ဆောင်မှုမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ (က. ၂၄:၁၄၊ ၁၅၊ ၁၇-၁၉၊ ၂၆၊ ၂၇) [က၉၇ ၁/၁ စ. ၃၁ ပိုဒ်. ၂]
၈။ ယာကုပ်၏အိပ်မက်ထဲမှ ကောင်းကင်တမန်များသည် “လှေကားဖြင့် ဆင်းလျက်၊ တက်လျက်” လုပ်နေသည်ဟူသောအဓိပ္ပာယ်မှာ အဘယ်နည်း။ (က. ၂၈:၁၀-၁၃) [က၀၃ ၁၀/၁၅ စ. ၂၈ ပိုဒ်. ၄; it-၂ စ. ၁၈၉]
၉။ ရာခေလသည် လေအာ၏သားရခဲ့သော အနုဆေးသီးအချို့ကို အဘယ်ကြောင့် အလွန်လိုချင်ရသနည်း။ (က. ၃၀:၁၄၊ ၁၅) [က၀၄ ၁/၁၅ စ. ၂၈ ပိုဒ်. ၆]
၁၀။ ပုဂ္ဂိုလ်ရေးပြဿနာများကိုဖြေရှင်းရာတွင် ယာကုပ်သည် အဘယ်ကြောင့် ပုံသက်သေကောင်းသနည်း။ (က. ၃၃:၃၊ ၄) [န၈၂ ၂/၂၂ စ. ၁၉ ပိုဒ်. ၈-၁၀[လိပ်]]