မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁
“ကျွန်တော်တို့အနာဂတ်ကို ကံကြမ္မာက ထိန်းချုပ်ထားတယ်လို့ လူတချို့ ယူဆကြတယ်။ တချို့ကျပြန်တော့လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးလို့ရတယ်လို့ ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] စိတ်ဝင်စားစရာကောင်းတဲ့ ဒီအချက်ကို သတိပြုကြည့်ပါ။ [ဒေသနာ ၉:၁၁ ကိုဖတ်ပါ။] ‘ကျွန်ုပ်တို့ကို ကံကြမ္မာက ထိန်းချုပ်ထားသလော’ ဆိုတဲ့မေးခွန်းနဲ့ပတ်သက်တဲ့ ကျမ်းစာအဖြေကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။” စာမျက်နှာ ၂၆ ပါဆောင်းပါးကိုဖော်ပြပါ။
နိုးလော့! ဧပြီ
“အိမ်ထောင်အများစုက သစ္စာမရှိတဲ့အတွက် ကွာရှင်းမှုနဲ့အဆုံးသတ်နေကြတယ်။ ဒီကျမ်းချက်ကို လက်တွေ့ကျင့်သုံးတာက အိမ်ထောင်တည်မြဲဖို့ အထောက်အကူပြုမယ်လို့ မိတ်ဆွေထင်သလား။ [မဿဲ ၅:၂၈ ကိုဖတ်ပြီး တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဆောင်းပါးက သစ္စာဖောက်တဲ့ကျော့ကွင်းကို အိမ်ထောင်သည်တွေ ဘယ်လိုရှောင်နိုင်မလဲဆိုတဲ့အကြောင်းကို ကျမ်းစာနဲ့ရှင်းပြထားတယ်။” စာမျက်နှာ ၂၀ မှဆောင်းပါးကို ဖော်ပြပါ။
ကင်းမျှော်စင် မေ ၁
“တချို့လူတွေက ဘုရားသခင် တကယ်မရှိဘူးလို့ပြောကြတယ်။ တချို့ကျတော့လည်း ဘုရားသခင်က တကယ့်ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘဲ တန်ခိုးကြီးစွမ်းအင်တစ်ခုသာဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဘုရားသခင် ဘယ်သူဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိနိုင်မယ်လို့ မိတ်ဆွေထင်သလား။ ကမ္ဘာပေါ်မှာ လူတွေအလေးစားဆုံးစာအုပ်တစ်အုပ်ထဲက ဒီအချက်ကို သတိပြုကြည့်ပါ။ [တမန်တော် ၁၇:၂၆၊ ၂၇ ကိုဖတ်ပါ။] ဘုရားသခင်နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေကို ဒီမဂ္ဂဇင်းကနေ မိတ်ဆွေသိလာနိုင်တယ်။ ကျွန်တော်ထားခဲ့ပါရစေ။” စာမျက်နှာ ၅ ပါ ဆောင်းပါးကိုဖော်ပြပါ။
နိုးလော့! မေ
“ဆရာဝန်ရဲ့ဆေးစာနဲ့ပဲ သောက်ရမယ့် ဆေးဝါးတွေကို ဒီနေ့လူတွေ ပိုပြီးတလွဲသုံးလာနေကြတယ်။ ဘာကြောင့် အဲဒီလိုဖြစ်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အထူးသဖြင့် လူငယ်လေးတွေ အဲဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတစ်ခုကို ကျမ်းစာမှာ ဒီလိုပြောထားတယ်။ [သုတ္တံ ၁၃:၂၀ ကိုဖတ်ပါ။] ဒီအကျင့်ဆိုးကူးစက်မလာအောင် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို ဒီမဂ္ဂဇင်းမှာဆွေးနွေးထားတယ်။”