ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၉ စာ. ၃
  • စာပေများကို အလဟဿမဖြစ်ပါစေနှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာပေများကို အလဟဿမဖြစ်ပါစေနှင့်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေများကို ပညာရှိရှိအသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ကင်းမျှော်စင် နှင့် နိုးလော့ကို ကောင်းစွာအသုံးပြုခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဒီအတိုင်း ပုံထားမယ့်အစား အသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၅/၀၉ စာ. ၃

စာပေများကို အလဟဿမဖြစ်ပါစေနှင့်

၁။ ဘုရားသခင်ပြင်ဆင်ပေးရာများကို အလဟဿမဖြစ်စေခဲ့သည့် ယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၁ ယေရှုသည် လူအုပ်ကြီးကို အံ့ဖွယ်နည်းဖြင့် အစာကျွေးမွေးပြီးနောက် ကျန်ကြွင်းသောအစာများကို စုသိမ်းစေခဲ့သည်။ (မ. ၁၄:၁၉-၂၁) ယေဟောဝါပြင်ဆင်ပေးရာများကို အလဟဿမဖြစ်စေရန် ယေရှု ထိုသို့သေချာဂရုစိုက်လုပ်ဆောင်ခဲ့သည်၊ ယင်းက “သစ္စာ . . . ရှိသော ဘဏ္ဍာစိုး” မှတစ်ဆင့် ဘုရားသခင်ပြင်ဆင်ပေးရာအားလုံးကို ကောင်းစွာအသုံးပြုခြင်းဖြင့် “ကျေးဇူးသိတတ်” သူများဖြစ်စေရန် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းချမှတ်ပေးခဲ့သည်။​—ကော. ၃:၁၅; လု. ၁၂:၄၂; မ. ၂၄:၄၅-၄၇။

၂။ ကျွန်ုပ်တို့ထံတွင် မဂ္ဂဇင်းများ ပိုမနေစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

၂ မဂ္ဂဇင်းများ– မဂ္ဂဇင်းများကို မဝေငှဖြစ်လျှင် ကျွန်ုပ်တို့ထံတွင် မဂ္ဂဇင်းများပိုနေပေမည်။ ထိုသို့အမြဲပိုနေပါက မဂ္ဂဇင်းယူသည့်အရေအတွက်ကို လျှော့သင့်သည်။ မဂ္ဂဇင်းအဟောင်းများကော အသို့နည်း။ မဂ္ဂဇင်းများသည် ဟောင်းနေသော်လည်း ယင်းတွင်ပါသောအကြောင်းအရာများသည် လူတို့အတွက် အကျိုးရှိဆဲဖြစ်သည်။ ကျွန်ုပ်တို့ထံတွင် မဂ္ဂဇင်းအဟောင်းများစုပုံနေပါက လုပ်ငန်းတော်ကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲတစ်ဦးသည် ၎င်းတို့ကို ထိရောက်စွာဝေငှနိုင်သည့်နည်းလမ်း ရှာတွေ့နိုင်ရန် ကူညီပေးနိုင်ပါသည်။

၃၊ ၄။ နိုင်ငံတော်ခန်းမတွင် စာပေများမရယူမီ အဘယ်အချက်များကို ကျွန်ုပ်တို့ သတိပြုသင့်သနည်း။

၃ အခြားစာပေများ– လယ်ကွင်းလုပ်ငန်းတွင် လစဉ်ဝေငှရမည့်စာပေများ ပြောင်းလဲသွားပါက နိုင်ငံတော်ခန်းမတွင် စာပေများကိုမရယူမီ သင့်အိမ်တွင် ထိုစာပေများရှိမရှိ ဦးစွာစစ်ဆေးကြည့်ပါ။ တစ်ပတ်စာအတွက် စာပေများကို သင်လိုအပ်သလောက်သာ ရယူရန်ဖြစ်ကြောင်း သတိပြုပါ၊ ထိုစာပေများကို ကုန်စင်အောင်ဝေငှပြီးမှသာ စာအုပ်စာတမ်းကောင်တာတွင် လိုအပ်သလောက် ထပ်ယူပါ။

၄ သင့်ကိုယ်ပိုင်အတွက် စာပေများကို အမှန်တကယ်လိုအပ်သလောက်သာ တောင်းခံပါ။ သင့်အမည်ကို သတ်မှတ်ထားသည့်နေရာတွင် ရေးပါ။ ယင်းက သင့်စာအုပ်ပျောက်ဆုံးခဲ့လျှင် အလွယ်တကူပြန်ရှာတွေ့စေနိုင်သည်။ သင်သည် ကင်းမျှော်စင်စာကြည့်တိုက် စီဒီရွမ်ကို အသုံးပြုသည့်အပြင် မဂ္ဂဇင်းများကိုလည်း သင့်ကိုယ်ပိုင်အတွက် ထားရှိပါက ကင်းမျှော်စင်နှင့် နိုးလော့!နှစ်ချုပ်စာအုပ်တွဲများကို မတောင်းခံပါနှင့်။

၅။ စာပေများကိုဝေငှစဉ် အဘယ်အရာကို ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားသင့်သနည်း။

၅ စာပေများဝေငှခြင်း– ကျွန်ုပ်တို့သည် အမှန်တကယ်စိတ်ဝင်စားမှုပြသူများကိုသာ စာပေများဝေငှသင့်သည်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် အသုံးပြုနေသော ထိုအဖိုးတန်စာပေများ၏ ကုန်ကျစရိတ်ကို ကာမိစေရာတွင် အဓိကတာဝန်ရှိသူများဖြစ်ကြောင်း စိတ်စွဲမှတ်ထားပါ။ စိတ်ဝင်စားသူများထံ စာပေများထားရစ်ခဲ့စဉ် ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေပါဝင်နိုင်ကြောင်း ၎င်းတို့ကို ပြောပြရန် မတွန့်ဆုတ်ပါနှင့်။

၆။ ကျွန်ုပ်တို့သည် စာပေများကို အဘယ်ကြောင့် အလွန်တန်ဖိုးထားကြသနည်း၊ ယင်းက ကျွန်ုပ်တို့ကို အဘယ်အရာလုပ်ဆောင်ရန် လှုံ့ဆော်ပေးသနည်း။

၆ ယေရှုသည် အခြားသူများအတွက် ကာယအစာကို အံ့ဖွယ်နည်းဖြင့် ထောက်ပံ့ပေးခဲ့သော်လည်း လူတို့၏ဝိညာဉ်ရေးလိုအပ်ရာကို ပို၍ဖြည့်ဆည်းပေးခဲ့သည်။ “လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရား မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မ. ၄:၄) ကျွန်ုပ်တို့၏စာပေများသည် လူတို့ထာဝရအသက်ရရေးအတွက် မရှိမဖြစ်လိုအပ်သော ကျမ်းစာအမှန်တရားများကို သွန်သင်ပေးသည်။ (ယော. ၁၇:၃) ထို့ကြောင့် ထိုအဖိုးတန်စာပေများကို အလဟဿမဖြစ်စေသင့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ