စက်တင်ဘာ ၆ အပတ်အတွက်ဇယား
စက်တင်ဘာ ၆ တွင် စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၁၂- ၁၅
နံပါတ် ၁– ၄ ဓမ္မရာဇဝင် ၁၃:၁-၁၁
နံပါတ် ၂– သန့်ရှင်းသောစွမ်းအားတော်ကို ကျွန်ုပ်တို့ရရှိနိုင်သည့် နည်းလမ်းများ
နံပါတ် ၃– နာမတော်၏အဘယ်ပုံစံသည် အမှန်ဖြစ်သနည်း၊ ယေဟောဝါလော သို့မဟုတ် ယာဝေးလော။ ဘုရားသခင့်နာမတော်ကို သိရန်၊ သုံးရန် အဘယ်ကြောင့်အရေးကြီးသနည်း (rs စ. ၂၄၉ ¶၂-စ. ၂၅၁ ¶၇)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ကျွန်ုပ်တို့ မိစ္ဆာပရောဖက်များ မဟုတ်ရတဲ့အကြောင်း။ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၂၂၅၊ အပိုဒ် ၂ မှ စာမျက်နှာ ၂၂၇၊ အပိုဒ် ၁ အထိကို အခြေခံပြီး ပရိသတ်နဲ့ဆွေးနွေးပါ။ စာမျက်နှာ ၂၂၆ နဲ့ ၂၂၇ တို့မှ အကြံပေးချက်တစ်ခုကို သရုပ်ပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ယေဟောဝါကို နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်ခဲ့တဲ့ ပုံသက်သေကောင်းတဲ့ ကြေညာသူတစ်ဦး ဒါမှမဟုတ် နှစ်ဦးကို လူတွေ့မေးမြန်းပါ။ ဓမ္မအမှုလုပ်ငန်းဟာ သူတို့ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆုံးပါဝင်ခဲ့ချိန်နဲ့ အခုအချိန် ဘယ်လိုကွာခြားသလဲ။ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းဟာ သူတို့ဒေသမှာရော၊ ကမ္ဘာချီအတိုင်းအတာနဲ့ပါ ဘယ်လိုတိုးတက်နေသလဲ။ သတင်းကောင်းဟောပြောသူတစ်ဦးအနေနဲ့ တိုးတက်လာဖို့ အဖွဲ့အစည်းက ဘယ်လိုကူညီပေးသလဲ။