အောက်တိုဘာ ၃ အပတ်အတွက်ဇယား
အောက်တိုဘာ ၃ တွင်စမည့်အပတ်
သီချင်း ၁၃၃ နှင့်ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၁၀ အပိုဒ် ၁၀-၂၁ (၂၅ မိ.)
သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– သုတ္တံ ၁-၆ (၁၀ မိ.)
နံပါတ် ၁– သုတ္တံ ၆:၁-၁၉ (၄ မိ. သို့မဟုတ် ထိုထက်နည်း)
နံပါတ် ၂– ရောမ ၈:၂၆၊ ၂၇ ပါ ကျွန်ုပ်တို့အပေါ်ထားသော ဘုရားသခင့်မေတ္တာကို မည်သို့စိတ်ချကြသနည်း (၅ မိ.)
နံပါတ် ၃– တစ်ကမ္ဘာလုံး ဘာသာပြောင်းဝင်လာပြီးနောက်မှ ဘုရားသခင့်နိုင်ငံတော်အာဏာ တည်ထောင်ရန်လော—rs စ. ၁၅၁ အပိုဒ် ၂-၃ (၅ မိ.)
လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ဆွေးနွေးရန်။ လုကာ ၅:၁၂၊ ၁၃ နဲ့ လုကာ ၈:၄၃-၄၈ တို့ကိုဖတ်ပါ။ ဓမ္မအမှုမှာ ဒီကျမ်းမှတ်တမ်းတွေက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ သုံးသပ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ဓမ္မအမှုမှာ အမူအကျင့်ကောင်းတင်ပြပါ။ (၂ ကော. ၆:၃) အောက်ပါမေးခွန်းတွေကိုအခြေခံပြီး ဆွေးနွေးပါ– (၁) ကျွန်ုပ်တို့ ဟောပြောတဲ့အခါ အမူအကျင့်ကောင်းတင်ပြဖို့ ဘာကြောင့်အရေးကြီးသလဲ။ (၂) အောက်ပါအခြေအနေတွေမှာ အမူအကျင့်ကောင်း ဘယ်လိုတင်ပြနိုင်သလဲ– (က) အုပ်စုက ဟောပြောမယ့်ရပ်ကွက်ကို ရောက်တဲ့အခါ၊ (ခ) တစ်အိမ်မှတစ်အိမ်အကူး လမ်းလျှောက်ချိန်မှာ၊ (ဂ) တံခါးရှေ့ရပ်နေချိန်မှာ၊ (ဃ) ကျွန်ုပ်တို့နဲ့တွဲတဲ့သူ သက်သေခံနေချိန်မှာ၊ (င) အိမ်ရှင်စကားပြောနေချိန်မှာ၊ (စ) အိမ်ရှင်အလုပ်များနေတဲ့အချိန် ဒါမှမဟုတ် ရာသီဥတုဆိုးရွားချိန်မှာ၊ (ဆ) အိမ်ရှင်က ရိုင်းပျစွာဆက်ဆံတဲ့အခါမှာ။
သီချင်း ၁၆ နှင့်ဆုတောင်းချက်