ဩဂုတ် ၆ အပတ်အတွက်ဇယား
ဩဂုတ် ၆ မှာစမယ့်အပတ်
သီချင်း ၆၀ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၂၄ အပိုဒ် ၁၆-၂၁ (၂၅ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ယေဇကျေလ ၂၄-၂၇ (၁၀ မိ.)
နံပါတ် ၁– ယေဇကျေလ ၂၄:၁၅-၂၇ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ဘုရားသခင်က ဘယ်လိုအခြေအနေမျိုးမှာ အစ္စရေးလူတွေကို စစ်တိုက်ခွင့်ပေးခဲ့သလဲ—rs စ. ၅၈ အပိုဒ် ၁-စ. ၅၉ အပိုဒ် ၂ (၅ မိ.)
နံပါတ် ၃– ယေဇကျေလ ၁၈:၂၀ က ထွက်မြောက်ရာ ၂၀:၅ နဲ့ ဆန့်ကျင်နေသလား (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ကျောင်းမှာ သင့် ယုံကြည်ချက်ကိုကာကွယ်ဖို့ ပြင်ဆင်ထားသလား။ ဆွေးနွေးပါ။ ကျောင်းမှာ ခရစ်ယာန်လူငယ်လေးတွေ ရင်ဆိုင်ရနိုင်တဲ့ အချက်တချို့ကို ပြောပြပေးဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ။ မိသားစုဝတ်ပြုမှုမှာ ကင်းမျှော်စင် စာပေအညွှန်း၊ လူငယ်များအမေးစာအုပ်နဲ့ တခြားအဖွဲ့အစည်းစာအုပ်တွေကိုသုံးပြီး သွေးဆောင်မှုတွေကို တွန်းလှန်ဖို့၊ ကိုယ့်ရဲ့ယုံကြည်ချက်ကို ရှင်းပြဖို့ မိဘတွေ ဘယ်လိုပြင်ဆင်ပေးနိုင်တယ်ဆိုတာကို ရှင်းပြပါ။ (၁ ပေ. ၃:၁၅) အကြောင်းအရာတစ်ခု၊ နှစ်ခုကို ရွေးပြီး ကျွန်ုပ်တို့ရဲ့ စာပေတွေမှာပါတဲ့ အကူအညီဖြစ်စေတဲ့ အချက်အလက်တချို့ကို ပြောပြပါ။ ကျောင်းမှာ သက်သေခံခဲ့ပုံကိုပြောပြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ဩဂုတ်လမှာဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (တကယ်လို့ သင်တို့အသင်းတော်မှာ ဩဂုတ်လ မဂ္ဂဇင်းတွေနဲ့ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ရှိမယ်ဆိုရင် အဲဒါတွေကို သုံးနိုင်ပါတယ်။) ဒီမဂ္ဂဇင်းတွေကို ရပ်ကွက်က ဘာကြောင့် စိတ်ဝင်စားမှုရှိနိုင်သလဲဆိုတာ စက္ကန့် ၃၀-၆၀ လောက်အချိန်ယူပြောပြပါ။ ပြီးတဲ့နောက် ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွေကို အသုံးပြုပြီး စိတ်ဝင်စားမှုကို နှိုးဆွစေတဲ့ မေးခွန်းတစ်ခု အကြံပြုဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ၊ ဖတ်ပြမယ့်ကျမ်းချက်တစ်ချက်ကိုလည်း အကြံပြုစေပါ။ နိုးလော့! မျက်နှာဖုံးဆောင်းပါးတွေနဲ့ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စောင်က တခြားဆောင်းပါးတစ်ခုကိုလည်း အလားတူပြုလုပ်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
သီချင်း ၉၇ နဲ့ ဆုတောင်းချက်