ဩဂုတ် ၁၃ အပတ်အတွက်ဇယား
ဩဂုတ် ၁၃ မှာစမယ့်အပတ်
သီချင်း ၆၃ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၂၅ အပိုဒ် ၁-၇၊ စာမျက်နှာ ၁၉၉-၂၀၀ မှ လေးထောင့်ကွက်များ (၂၅ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ယေဇကျေလ ၂၈-၃၁ (၁၀ မိ.)
နံပါတ် ၁– ယေဇကျေလ ၂၈:၁၇-၂၆ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ယေရှုခရစ်နှင့်ပတ်သက်သော ဒဏ္ဍာရီနှင့် အဖြစ်မှန်ကို ခွဲခြားသိမြင်ခြင်း (၅ မိ.)
နံပါတ် ၃– နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ခြင်းနဲ့ပတ်သက်ရင် ခရစ်ယာန်တွေရဲ့အမြင်ကို ဘယ်ကျမ်းချက်တွေက လမ်းညွှန်သလဲ—rs စ. ၅၉ အပိုဒ် ၃-စ. ၆၀ အပိုဒ် ၂ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ပြန်လည်ပတ်မှုအတွက် အကြောင်းအရာတစ်ခုခု ပြောခဲ့ပါ။ မေးဖြေဆွေးနွေးပါ။ ပရိသတ်ကို ဖော်ပြပါ မေးခွန်းတွေ မေးပါ– (၁) ပထမအကြိမ် တွေ့ဆုံတဲ့အခါမှာပဲ ပြန်လည်ပတ်မှုအတွက် အကြောင်းအရာတစ်ခုခု ပြောခဲ့တာက ဘာကြောင့် အကျိုးရှိသလဲ။ အဲဒီလို ဘယ်လိုလုပ်နိုင်မလဲ။ (၂) စိတ်ဝင်စားတဲ့ အိမ်ရှင်ဆီ နောက်တစ်ကြိမ် ပြန်လည်ပတ်ဖို့ ဘယ်လိုမေးခွန်း မေးနိုင်သလဲ။ (၃) နောက်တစ်ကြိမ် ဆွေးနွေးဖို့ အချိန်အတိအကျ ချိန်းဆိုခြင်း၊ ဖြစ်နိုင်မယ်ဆိုရင် အိမ်ရှင်ဆီက ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်လိပ်စာ တောင်းထားခြင်းက ဘာကြောင့် ကောင်းတာလဲ။ (၄) ရက်အနည်းငယ်အတွင်းမှာပဲ ချက်ချင်း ပြန်လည်ပတ်ဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ။ (၅) ပထမအကြိမ် တွေ့ဆုံတဲ့အခါမှာပဲ ဘာတွေ ရေးမှတ်ထားသင့်သလဲ။
၁၀ မိ– အချိန်ပြည့်အမှုဆောင် တစ်ဦး၊ နှစ်ဦးကို လူတွေ့မေးမြန်းပါ။ ဘယ်အရာတွေကြောင့် အချိန်ပြည့်လုပ်ငန်းမှာ သူတို့ပါဝင်ခဲ့ကြတာလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘာက သူတို့ကို ဆက်ပါဝင်စေသလဲ။ ဘယ်လိုကောင်းချီးတွေ ခံစားခဲ့ရပါသလဲ။ လာမယ့် လုပ်ငန်းတော်နှစ်အတွင်းမှာ မှန်မှန်ရှေ့ဆောင်လုပ်ကြဖို့ ကြေညာသူတွေကို အားပေးပါ။
၁၀ မိ– တခြားသူတွေ သဘောပေါက်နိုင်မယ့်နည်းဖြင့် သက်သေခံပါ။ ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၂၂၆-၂၂၉ ကိုအခြေခံပြီး ဆွေးနွေးပါ။ အကြောင်းအရာမှာပါတဲ့ အချက်တစ်ချက်၊ နှစ်ချက်ကို သရုပ်ပြပါ။
သီချင်း ၆၅ နဲ့ ဆုတောင်းချက်