ကြားရက်စည်းဝေးအစီအစဉ် ပြုပြင်ပြောင်းလဲချက်များ
စက်တင်ဘာလ ၃ ရက်အပတ်ကစပြီး အသင်းတော်ကျမ်းစာလေ့လာမှု အစီအစဉ် ၂၅ မိနစ်ကို မိနစ် ၃၀ အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အစီအစဉ်ကိုင်မယ့်သူက နိဒါန်းပျိုးတဲ့အခါ ပြီးခဲ့တဲ့အပတ်က လေ့လာပြီးသွားတဲ့ အကြောင်းအရာကို တစ်မိနစ်ကြာ ပြန်လည်သုံးသပ်သင့်ပါတယ်။ လုပ်ငန်းတော်စည်းဝေးရဲ့ ကြာချိန် ၃၅ မိနစ်ကို မိနစ် ၃၀ အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ကြေညာချက်အပိုင်း သတ်သတ်ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီအစား၊ လုပ်ငန်းတော်စည်းဝေးရဲ့ ပထမဆုံးအပိုင်းမှာ ကြေညာပေးသင့်တယ်။ အများအားဖြင့် မဖြစ်မနေ ကြေညာစရာကလွဲရင် ကြေညာစရာ မရှိသလောက် ဖြစ်သွားပါလိမ့်မယ်။ လုပ်ငန်းတော်စည်းဝေးမှာ ဘယ်သူက ဘာတွေတင်ဆက်မယ်ဆိုတာကို ကြေညာပေးစရာ မလိုတော့ပါဘူး။ လယ်ကွင်းလုပ်ငန်း၊ သန့်ရှင်းရေးအစီအစဉ်တွေနဲ့ မေတ္တာပို့သချက်တွေကို မကြေညာပေးသင့်ပါဘူး။ (km ၁၀/၀၈ စ. ၁၊ ပိုဒ်. ၄) ကြေညာချက်က ရှည်မယ်ဆိုရင် လုပ်ငန်းတော်စည်းဝေးမှာ ကိုင်တွယ်မယ့် ညီအစ်ကိုတွေကို ကြိုအသိပေးပါ။ ဒါမှသာ သူတို့ရဲ့ အပိုင်းကို အချိန်လျှော့ပြီး ကိုင်တွယ်သွားနိုင်မှာဖြစ်တယ်။